အစိုးရသစ်၏ ရက်တစ်ရာအတွင်း မန္တလေးတွင် တစ်ရက်လျှင် ရေဂါလန်ငါးသန်း ဖြန့်ဝေနိုင်ရန် စီစဉ်
Thursday, April 21, 2016
အင်န်အယ်လ်ဒီအစိုးရ၏ ရက်တစ်ရာစီမံချက်အတွင်း မန္တလေးမြို့ မြို့ရေပေးမှုကွန်ရက် အတွင်း တစ်ရက်လျှင် ရေဂါလန်ငါးသန်းပိုမိုပေးဝေနိုင်ရန် လုပ်ဆောင်နေကြောင်း မန္တလေးမြို့စည်ပင်သာယာရေးကော်မတီ ရေနှင့်သန့်ရှင်းမှုဌာနမှ သတင်းရ ရှိသည်။
ဧပြီ ၂၀ ရက်က ရေနှင့်သန့် ရှင်းမှုဌာနတွင် ဌာနမှူးနှင့် အင် ဂျင်နီယာများက ရေထုတ်ယူသုံးစွဲနိုင်ရေးနည်းလမ်းများနှင့်ပတ်သက်၍ ဌာနမှူးရုံးခန်း၌ အစည်းအဝေးပြုလုပ်ခဲ့သည်။
‘‘မြို့တော်ဝန်က ရက်တစ်ရာ အတွင်း ထူးထူးခြားခြား လုပ်နိုင် တဲ့အရာတွေ လုပ်ဆောင်ပေးဖို့ နဲ့ လုပ်နိုင်တဲ့အစီအစဉ်လေးတွေ တင်ပြကြပါလို့ ပြောထားလို့ ရေပေးဝေမှုနဲ့ပတ်သက်တဲ့ အစီအစဉ် တွေကို ခေါ်ယူညှိနှိုင်းခဲ့ကြတာပါ။ ညှိနှိုင်းဆွေးနွေးပွဲကနေမှ လုပ် ငန်းခေါင်းစဉ် ၁၁ ခုလောက် စီစဉ်ဆောင်ရွက်ပြီး ရေဂါလန်ပေါင်း ငါးသန်းရရှိအောင် ဆောင်ရွက်မှာ ပါ’’ဟု ရေနှင့်သန့်ရှင်းမှုဌာနမှ ဌာနမှူးဦးထွန်းဝင်းက ပြောကြား သည်။
ရေထုတ်ယူသုံးစွဲမည့် အစီ အစဉ်များကို မြို့တော်ဝန်ခွင့်ပြု ချက်ရယူပြီးပါက ရက်တစ်ရာအ တွင်း ရေဂါလန် ငါးသန်းပိုမိုဖြန့်ဝေ နိုင်ရန် ဆောင်ရွက်မည်ဟု ဆိုသည်။
ယခုလက်ရှိ မန္တလေးမြို့တွင် တစ်ရက်ရေဂါလန်သန်း ၃၀ ဖြန့် ဖြူးပေးနေရပြီး ၉၀ ရာခိုင်နှုန်းသည် မြေအောက်ရေဖြစ်ကာ ကျန် ၁၀ ရာခိုင်နှုန်းမှာ မြေပေါ်ရေကိုသန့်စင် ၍ စုစုပေါင်းရေတွန်းစက် ၁၁ လုံးအသုံးပြု ရေပေးဝေနေခြင်းဖြစ် ကြောင်း သိရသည်။
ယခင်နှစ်က ကြိုတင်စီမံ ဆောင်ရွက်ထားချက်အရ မန္တလေး ရေပေးဝေမှုကွန်ရက်အတွင်း မတ်လ ၃၀ ရက်မှစ၍ ရေဂါလန် ၇ ဒသမ ၁၁ သန်း ပိုမိုဖြန့်ဝေထား နိုင်ခဲ့ခြင်းကြောင့် နွေရာသီအယ်လ် နီညိုဖြစ်စဉ်အတွင်း ရေပြတ်လပ် မှု မဖြစ်ခဲ့ကြောင်း ဦးထွန်းဝင်းက ပြောသည်။
‘‘မနှစ်က ဒီလိုအချိန်ဆို ရေ ကားတွေနဲ့ သောက်သောက်လဲ လိုက်လံဖြန့်ဖြူးပေးရတယ်။ ဒီနှစ် မှာပို့ကို မပို့ရဘူး။ တော်တော်ကို နည်းတယ်။ မရှိသလောက်ကို နည်းတယ်’’ဟု ယခုနှစ် နွေရာသီ မြန်မာနိုင်ငံအနှံ့ အခြားမြို့ကြီးများ ၌ ရေပြတ်လပ်မှုများ ဖြစ်ပေါ်နေသော်လည်း မန္တလေးမြို့ ရေအသုံးပြုမှု အဆင်ပြေသည့်အကြောင်း ၎င်းကဆိုသည်။
ယခုနှစ်တွင် ရေကားများဖြင့် လိုက်လံဖြန့်ဖြူးခဲ့ရသည့် နေရာအနည်းငယ်ရှိသော်လည်း ယင်းမှာရေပြတ်လပ်ခြင်းကြောင့် မဟုတ်ဘဲရေပိုက်လိုင်းများ ပြတ်တောက်ခြင်း၊ ပိတ်ဆို့ခြင်းစသည့် ထိခိုက်ပျက် စီးမှုများကြောင့် ယာယီရေကား ဖြင့် ရေလိုက်လံပို့ခဲ့ရခြင်းဖြစ် ကြောင်း ၎င်းကဆိုသည်။
‘‘ဒီနှစ်မှာတော့ ပြီးခဲ့တဲ့ ဆောင်းတွင်းကတည်းက ရေတွေ မှန်နေတာ။ အရင်နှစ်ကလိုညတိုင်း ရေလုပြီး တင်စရာမလိုဘူး။ ရေအ မြဲလာတယ်။ မှန်နေတယ်’’ဟု နန်း ရှေ့ဒေါနဘွားရပ်ကွက်နေ ဦးဇော် မင်းလွင်က ဆိုသည်။
မြို့လူဦးရေ ၁ ဒသမ ၄၆ သန်းရှိသည့် မန္တလေးမြို့တွင် တစ် ရက်ရေဂါလန်သန်း ၅၀ ခန့်လို အပ်ပြီး အစိုးရက တစ်ရက်လျှင်ရေဂါလန် သန်း ၃၀ ပေးဝေကာကိုယ်ပိုင်ရေတွင်း နှစ်သောင်း ကျော် အသုံးပြုလျက်ရှိသည်။
7Day Daily
မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Thursday, April 21, 2016
အစိုးရသစ်၏ ရက်တစ်ရာအတွင်း မန္တလေးတွင် တစ်ရက်လျှင် ရေဂါလန်ငါးသန်း ဖြန့်ဝေနိုင်ရန် စီစဉ်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment