Monday, April 25, 2016

ကချင်နှင့်စစ်ကိုင်းတိုင်းအထက်ပိုင်းတွင်ဖြစ်ထွန်းနေသောတိမ်တိုက်ကြီးကြောင့် မိုးသီးနှင့် လေပြင်းများထပ်ကျနိုင်"

"ကချင်နှင့်စစ်ကိုင်းတိုင်းအထက်ပိုင်းတွင်ဖြစ်ထွန်းနေသောတိမ်တိုက်ကြီးကြောင့် မိုးသီးနှင့် လေပြင်းများထပ်ကျနိုင်"
Monday, April 25, 2016

အနောက်လေပွေလှိုင်းနှင့်အတူ ပါလာသော တိမ်တိုက်ကြီးတစ်ခုသည် ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းတွင် တည်ရှိနေသောကြောင့် ယင်းဒေသနှစ်ခုတွင် မိုးသီး များကြွေနိုင်ပြီး လေပြင်း ကျရောက်နိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒဦးစီးဌာနမှ သတင်းရရှိသည်။

မိုးလေ၀သနှင့် ဇလဗေဒဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက အထက်ပါအတိုင်းသတိပေးခြင်းဖြစ်ပြီး မန္တလေးတိုင်းဒေသကြီး အပါအ၀င် အောက် ဖက်ဒေသသို့ ယင်းတိမ်တိုက်ကြီး ဆင်းလာမှု ရှိ/မရှိကို အချိန်ပြည့် စောင့်ကြည့်နေကြောင်း ဧပြီ ၂၄ ရက် နံနက် ၃ နာရီခန့် က ပြောသည်။

" လောလောဆယ် အဲ့ဒီ တိမ်တိုက်ကြီး အောက်ဖက်ကို ဆင်းလာ/ မလာ စောင့်ကြည့်နေပါတယ်။ ဒီတိမ်တိုက်ကြောင့် စစ်ကိုင်းတိုင်းဒေ သကြီးနဲ့ကချင်ပြည်နယ်မှာ မိုးသီးကြွေတာတွေ၊ လေပြင်းကျတာတွေ၊ မိုးကြိုးပစ်တာတွေ ဖြစ်နိုင်ပါတယ်။ ဒေသခံတွေ ကြိုတင် သတိထားဖို့ လိုပါတယ်" ဟု ပြောသည်။

ယင်းတိမ်တိုက်ကြီးကြောင့် ဖြစ်ပေါ်လာနိုင်သည့် မိုးတိမ်တောင် အန္တရာယ်ကို ဧပြီလ ၂၄ ရက် နံနက်မှ ဧပြီလ ၂၆ ရက်အထိ သတိထားသင့်ကြောင်း ၄င်းက တိုက်တွန်းသည်။ လက်ရှိအချိန်တွင် မြန်မာနိုင်ငံအလယ်ပိုင်းဒေသများ၌ ညနေပိုင်းအချိန်များတွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းကျကာ မိုးသီးကြွေကျခြင်းများ နေ့စဉ်လိုလို ဖြစ်ပွားနေသောကြောင့် ဒေသခံများက စိုးရိမ်နေကြသည်။

မြန်မာနိုင်ငံအထက်ပိုင်းဒေသကို ဧပြီ ၂၃ ရက်ညနေက ဖြတ်သန်းခဲ့ သည့် ပြည်တွင်းလေကြောင်းလိုင်းမှ လေယာဉ်မောင်းတစ်ဦးကလည်း ကလေးမြို့ကောင်းကင်ယံမှ မန္တလေးအနီး ကောင်းကင်ယံအထိ ရှည်လျားသည့် တိမ်တိုက်ကြီးတစ်ခု မြင်တွေ့ခဲ့ကြောင်း မိုး/ဇလဌာနအား သတင်းပို့ခဲ့သည်ဟု မိုး/ဇလဌာန ဦးစီးအရာရှိတစ်ဦးက ပြောသည်။

7 Day


No comments: