Friday, September 27, 2013

သင်ခန်းစာ

Thursday, September 26, 2013 ( ၁ )ဆုံးရှုံးမှုနဲ့ ကြုံရတဲ့အခါ သင်ခန်းစာကိုပါ အဆုံးရှုံးမခံပါနဲ့ ဘ၀မှာ ဆုံးရှုံးမှုဆိုတာကို ထင်းခွေမကြုံ၊ ရေခပ်ကြုံရမှာက လူတိုင်းပါ ။ အရှုံးနဲ့ရင်ဆိုင်ရတဲ့အခါ သင်ခန်းစာယူတတ်ရင် အရှုံးထဲက အမြတ်ထွက်မှာသေချာပါတယ် ။ ဒါကြောင့် အရှုံးနဲ့ ကြုံရသည့်တိုင် အဲဒီ့ အရှုံးထဲက သင်ခန်းစာကိုလက်လွတ်မခံကြနဲ့နော် ။ (၂ )ဘာမှမဟုတ်တဲ့ သဘောထားကွဲလွဲမှုလေးတစ်ခုကြောင့် ခိုင်မြဲတဲ့ သံယောဇဉ်ကို ထိခိုက်မသွားစေနဲ့နော် ဒါလည်း စဉ်းစားသင့်တဲ့အချက်ပါပဲ ။ စိတ်အလို ၊ငါစွဲ ၊ နိုင်ချင်တဲ့ ဆန္ဒလေးတစ်ခုကြောင့် ပြတ်တောက်သွားတဲ့ သံယောဇဉ်တွေ၊ စိမ်းတိမ်းတိမ်း၊ဆတ်တတ်တတ်ဖြစ် သွားရတဲ့ ဆက်ဆံရေးတွေကို ပြန်ငဲ့ကြည့်ရင် ဘာမှမဟုတ်တဲ့သဘောထားကွဲလွဲမှုလေးတစ်ခုကြောင့် ဖြစ်နေတာ တွေ့ရမှာပါ ။ငါ့နှယ့်ကွာ ၊ မဖြစ်လိုက်ရင် အကောင်းသားလို့ နောင်မှ တွေးမိနေတာထက်စာရင် သံယောဇဉ် ကိုတန်ဖိုးထားပြီး ကွဲလွဲမှု အသေးအမွှားလေးတွေကို ရှောင်နိုင်အောင် သတိလေးနဲ့ အားထုတ်နေမယ်ဆိုရင် နေရတဲ့ ဘ၀မှာ သံယောဇဉ် များစွာနဲ့ ထုံမွှမ်းပြီး သာယာနေမှာ မလွဲဧကန်ပါပဲ ။ ( ၃ )အမှားတစ်ခုကျုးလွန်လိုက်မိတိုင်း သတိထားမိသွားတာနဲ့ ပြင်ဖို့ ချက်ချင်းကြိုးစားပါတော့ တစ်ခါတလေကျ မှားမှန်းသိလျက်နဲ့ ဇွတ်တိုးမိတတ်တာလည်း လူ့သဘာဝတစ်ခုပဲ၊မှားမှန်းသိသိချင်း ပြင်ဖို့ဆိုတာကလည်း ခက်ခဲတဲ့အလုပ်တစ်ခုပါပဲနော် ။ ဘယ်လိုပဲဖြစ်ဖြစ်၊ ပြင်နိုင်မယ်ဆိုရင်တော့ နေပျော်တဲ့ဘ၀ လမ်းကြောင်းပေါ် ပြန်ရောက်လာမှာပါ ။ ( ၄ )ကိုယ်တစ်ယောက်တည်းနေတဲ့ အချိန်လေးတစ်ချိန်တော့ နေ့တိုင်းရှိပါစေ လူဆိုတာ တစ်ယောက်တည်း မနေတတ်တဲ့သတ္တ၀ါဆိုတာတော့ မှန်တယ် ။ ဒါပေမဲ့ တစ်နေ့မှာ တစ်ခါတော့ ကိုယ့်ဘာသာ တစ်ယောက် တည်းနေကျင့်လေးရှိနေ ဖို့လိုတယ် ။ တစ်ယောက်တည်း ငြိမ်ငြိမ်လေးနေပြီး ကိုယ့်ကိုကိုယ် ပြန်သုံးသပ်ရင်သုံးသပ်၊ မသုံးသပ်လည်း တွေးချင်ရာတွေးနေဖို့ အချိန်လေးပေါ့ ။ ( ၅ )ကိုယ့် အသိပညာကိုမျှဝေပေးပါ ကိုယ်သိတာ ကိုယ့်ဝမ်းထဲမှာသာ သိမ်းထားတဲ့လူဆိုတာ အလကားပဲလေ ။ ကိုယ်သိတာ ၊ကိုယ့်ပညာကို အများအတွက် မျှဝေပေးနိုင်လေလေ၊ကိုယ့်ကို လူတွေတသသ ဖြစ်လေလေပါပဲ ။ လူသေပေမဲ့ နာမည်မသေဆိုတာ အဲသလို မိမိရဲ့ အသိအမြင်၊ ပညာကို မျှဝေပေးနိုင်သူများနဲ့ ကျမှ ဖြစ်တတ်တာမျိုးပေါ့။ ( ၆ ) တစ်နှစ်မှာ တစ်ခါတော့ ကိုယ်တစ်ခါမှ မရောက်ဖူးတဲ့ အရပ်ဒေသ တစ်ခုခုကို အရောက်သွားပါ ဒါကတော့ အလုပ်နဲ့အိမ် ၊ အိမ်နဲ့အလုပ် မှာချည်း ဖိစီးတင်းကြပ်နေသူများနဲ့ သက်ဆိုင်ပါလိမ့်မယ် ။ ဘယ်လိုလူမျိုးမဆို အပြောင်းအလဲလေးတွေ ကိုခုံမင်တတ်တာမို့ အရပ်ဒေသ အပြောင်းအလဲလေးတွေဆီ တစ်နှစ်တစ်ခါလောက် သွားပေးခြင်းဖြင့် မိမိကိုယ်ကို အားသစ်လောင်းနိုင်ပါတယ် ။ ( ၇ )ကိုယ်လိုချင်တဲ့ အောင်မြင်မှုတစ်ခုကို ရဖို့အတွက် ကိုယ်ဘာတွေ ပေးဆပ်ခဲ့ရသလဲဆိုတာနဲ့ပဲ ကိုယ့်အောင်မြင်မှုကိုတိုင်းတာပါ အောင်မြင်မှုကို လူတိုင်းခံစားဖူး ကြပါလိမ့်မယ်။ အောင်မြင်မှုကြောင့်ဘ၀င်တွေလည်း လေဟပ်ဖူးကြလိမ့်မယ် ။ ဒါပေမဲ့ အဲဒီ့အောင်မြင်မှုကို ရဖို့အတွက် ကိုယ့်ဘက်က ဘာတွေပေးဆပ်ခဲ့ရသလဲဆိုတာကို ပြန်စဉ်းစားမိတာနဲ့ တစ်ပြိုင်နက် ကိုယ့်အောင်မြင်မှုဟာ ပိုမို လေးနက်လာနိုင်သလို ဘ၀င်မြင့်ချင်တဲ့ရောဂါကိုလည်း အလိုလိုကုပြီးသားဖြစ်သွားမှာပါ ။ ကျွန်တော်ကိုယ်တိုင်လည်း သည်အကြောင်းအရာလေးတွေကို ကြိုက်နှစ်သက်လို့ (အလင်းတန်းဂျာနယ်) ကနေ ပြန်လည်မျှဝေပေးလိုက်တာပါ ။ လူတိုင်းအတွက် တစ်နည်းမဟုတ် တစ်နည်းတော့ အသုံးတည့်နေလိမ့်မယ်လို့ မျှော်လင့်မိပါတယ် ။ အားလုံးပျော်ရွှင်နိုင်ကြပါစေနော် ခင်တဲ့(အိမ်မက်ကောင်းကင်) မှတ်ချက် ။ ။ ပုံကို Google မှ ကူးယူသည် ။ Credit to (အလင်းတန်းဂျာနယ်)>>အိမ်မက်ကောင်းကင် Blog မှကူးယူဖော်ပြပါသည် အဆိုအမိန့် များနှင့် ဗဟုသုတဆိုင်ရာစာပေများ

No comments: