Tuesday, September 24, 2013

ဆားလုပ်ငန်းပြတ်စီးတော့မည်လား

ရခိုင်မှတတိယ အကြီးမားဆုံး ကုန်ထုတ်လုပ်ငန်း ဖြစ်တဲ့ ဆားလုပ်ငန်း ပျက်စီးတော့မှာလား ? ___________________________ နိုင်ငံတော်အစိုးရက ကျွန်တော်တို့ကို ဈေးနှုန်းမှန်မှန်နဲ့ နိုင်ငံခြားကိုရောင်းခွင့်ပေးဖို့၊ ဆားတောင်သူတွေ အားလုံး ကို သိနိုင်အောင် လက်ရှိ နိုင်ငံတကာ ဆားဈေးနှုန်းကို ကျေညာပေးရင် ကောင်းတာပေါ့ဗျာ။ အခုက ကျွန်တော်တို့ကို ဈေးနှုန်းကို လည်းမပြောဘူး။ ဆားဈေးကွက်က ဘာဖြစ်နေတယ်ဆိုတာလည်း မသိဘူး။ အခု ဆားတွေ ရောင်း မထွက်တဲ့ အတွက် နောက်ဆားထည့်ဖို့ ဂိုဒေါင်တွေလည်း မရှိဘူး။ ကျွန်တော်မှာဆိုရင် ထားစရာ မရှိတော့ ဆား ပိဿာ ၇၀၀၀၀ ခန့် ရေနဲ့ ပါသွားတယ်။ အဲဒါကို အားကိုးပြီးတော့ စရိတ် အကုန်ခံပြီးထုတ်လိုက်တာ။ အဲဒါမျိုးတွေ ရှိတာပေါ့ဗျာ။ ဆိုတော့အစိုးရအနေနဲ့ ပြည်သူတွေကို ဆားဘယ်လောက်ထိ ဈေးတက်နိုင်တယ်။ ဘယ်ဈေးရမှ ရောင်းနိုင်မလဲ။ ကျွန်တော် ရခိုင်ပြည်နယ် သတ္တုတွင်းဝန်ကြီး လာတုန်းက တင်ပြလိုက်တယ်။ ကျွန်တော်တို့ ရခိုင်ပြည်နယ်ကထွက်တဲ့ဆားသည် နိုင်ငံခြားဝင်ငွေလည်းမရ၊ ရခိုင်ပြည်သူတွေလည်း မစားရဘဲ သင်္ဘောသေးတွေနဲ့ မှောင်ခို ထွက်ထွက်ပြီးနေတယ်။ အဲဒါကို ကျွန်တော်တင်ပြလိုက်တယ်။ သတ္တုတွင်းဝန်ကြီးက ဟုတ်လား ဆိုပြီး ပြန်မေးတယ်။ အဲဒီတော့ ဆင်းရဲသားပပျောက်ရေးအတွက် ကျွန်တော်တို့ကို ဘယ်လောက်ပဲ ပိုက်ဆံတွေ ထုတ် ပေးပေး ဆားဈေးကွက်ကို ရှာမပေးနိုင်ရင်၊ ဆားလုပ်ငန်း တိုးတက်အောင် နိုင်ငံတော်ပိုင်းက မကူညီရင် ကျွန်တော်တို့ လုပ်လို့မဖြစ်နိုင်တော့ဘူး။ အဲလို ဖြစ်နေတယ်ဗျာ။ ဆားကို ဗမာပြည်ကနေ ရခိုင်ကို ပြန်တင်ရမဲ့ အနေအထားရောက်သွားရင် မလွယ်တော့ဘူး။ နောက်ပြီး ပြည်နယ်အတွက် ၀င်ငွေကလည်း တော်တော် ထိခိုက်နိုင်တာပေါ့။ ကျွန်တော့်မှာ ဆားလုပ်သား ၁၂၀ ရှိတယ်။ ၁၂၀ မှာ အနည်းဆုံး ပိဿာ သိန်း ၃၀၀ ခန့်ထွက်မယ်။ အခု သူတို့ဘယ် လိုလုပ် စားနေကြတယ်။ ဘာဖြစ်နေကြတယ်ဆိုတာ တော့ ကျွန်တော်လည်း မသိဘူး။ ဘင်္ဂလာဒေ့ခ်ျက အ၀ယ်တော်နဲ့ တွေ့တဲ့အခါကျွန်တော် မေးတယ်။ တန်ချိန် ၅၀၀၀၀ ယူမယ်လို့ပြောတယ်။ မြေနေရာမရှိရင် ခင်ဗျာတို့ ကိုယ့်နေရာနဲ့ကိုယ် ဆောက်ဖို့ဆိုပြီး ကျွန်တော် ကျောက်ဖြူ မြို့နယ် အသင်းရယ်၊ ခရိုင်ဆားလုပ်ငန်းရှင်း အသင်းတွေ အားလုံးလုပ်ကြတယ်။ နေရာရှာကြတယ်ပေါ့။ ကျွန်တော်တို့ ကိုယ့်ဂိုဒေါင်ကြီးတွေဖွင့်ထားမယ်။ ရောင်းမယ်ဆိုပြီး လုပ်တယ်။ ဒါပေမဲ့ အခြေအနေက ဘာမှ ထူးမလာဘူး အခုတော့ဘယ်လောက်ရှိမယ်ဆိုတာက ကျွန်တော်တို့လည်း ခန့်မှန်းလို့မရတော့ဘူး။ တချို့တ၀က်လည်း ပျက်သွားပြီ။ တန်ချိန်အားဖြင့် ဆားကွင်း ၁၂၀ ဆိုရင် တစ်ကွင်းကို အနည်းဆုံး တစ်သိန်းအထက်ကိုရှိတယ်။ နှစ်သိန်း၊ သုံးသိန်းဆိုတာ ဆားထုတ်သူတိုင်း လိုလို ထုတ်နိုင်တယ်ပေါ့။ လူ ၂၀၀ ဆိုရင် တန်က ဘယ်လောက်ရှိမယ်။ ဘယ်လောက်ရောင်းပြီးတယ်ဆိုတာ ကျွန်တော်တို့ အတိကျပြောလို့တော့မရဘူး။ ရခိုင်တပြည်နယ်လုံးမှာ ကျောက်ဖြူက ၉၀ ရာခိုင်နှုန်းထွက်ပါတယ်။ ကျောက်ဖြူခရိုင် ကျွန်တော်တို့ ဆားလုပ်ငန်းအသင်း စာရင်းမှာ ဆားကွင်း ၁၂၀ ရှိတယ်။ဒီနှစ်အခြေအနေမကောင်းရင် ဘယ်သူမှလုပ်နိုင်မဲ့ အခြေအနေမရှိတော့ဘူး။ ရပ်ထားရမဲ့ အနေအထားမှာရှိတယ်။ (ရခိုင်ပြည်နယ် ဆားလုပ်ငန်းရှင် အသင်း ဒုဥက္ကဌ ဦးကျော်တင့်)

No comments: