Tuesday, September 24, 2013

မဟာမြန်မာ ဖတ်ကြည့်ပါ

ဒီမန့် က ကိုရာဇာမြိုင် ရဲ့ မန့် ပါ... ဘာသာတရား နဲ့ ပတ်သက် လို့ ဖတ်ကြည့်စေချင်ပါတယ်.. မဟာမြန်မာ Yarzar Myeing မည်သူတရား ပျက်ပျက် ကိုယ်မပျက်စေနဲ့ ။ မြတ်ဗုဒ္ဓ ရဲ့ ဓမ္မ တွေမှာ သတ္တ၀ါတွေနဲ့ပတ်သက်လို့ အတွေးနက်နက် လေးနက်တဲ့ အပိုင်းတွေ မှာ ၊ ထောင်နိုင်တဲ့နား ၊ မရှိသူကို ငြင်းခုန်ခြင်း ၊ ဟောပြောခြင်းငှါ အကျိုးမရှိ ။ မြတ်ဗုဒ္ဓဓမ္မများစွာတို့ သည် သတ္တ၀ါအားလုံးတို့ လွတ်မြောက်ရန် အလို့ငှါ ဟော ကြားတော်မူသည်ဖြစ်ရကား မလိုက်နာ ၊ မကျင့်ကြံ ၊ အားမထုတ်ငြား မိမိ ပြုသော ကံ ကံ၏ အကျိုးတရား အတိုင်းသား အကျိုးပေးမည်မှာ မုချဖြစ်ပြီး ၊ ယုံမှား သံသယ ဖြစ်ရန် မရှိပြီ။ အထက်က ဆိုသောအကြောင်းနှင့် တိုက်ဆိုင်စွာ ဗုဒ္ဓက သတ္တ၀ါတို့၏အသက်ကို သတ်ဖြတ်၊နှိပ်စက် ညှင်းပန်းရန်ပင် မဆိုထားနှင့်၊အဟာရအလို့ငှါ စားသုံးရသည်ဆိုပါမူ မည်သည့် စားအပ်သည်ဆိုသော အသားကို အစာအဟာရအလို့ငှါ မှီဝဲသည်ဖြစ်ငြားအံ့ ၊ ထိုစားသုံးသော အစားအစာအပေါ်၌ ( ကြက် ငှက် ၀က် ငါး နွား )စသည် ဖြင့် အမှတ်သငြာပြု စားသောက်သူသည် အပြစ်သို့ ရောက်သည်သာဖြစ်သည်။ 37 minutes ago · Like Yarzar Myeing သားကြီး ငါးကြီးကိုလူတို့ စားသုံးရန်၊ မထိုက်ဟု ဆိုဆုံးမတော်မူပြီး ၊ ဥပမာ( လူသား ၊ ဆင်သား ၊ ဝေလငါး.........စသည်တို့) ကိုတားမြစ်တော်မူခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ ၊ မတူညီသော ဘာသာ ဓလေ့နှစ်ခုအကြား (ကြွားသလိုလိုနဲ့- လက်ခုပ်လက်ဝါးတီးပြီး ) ပြန်လည်ချေပဆဲရေး ၊ စကားရည်လု တုပ ဖက်ပြိုင် ကဲ့ရဲ့နေခြင်းထက် မိမိဘာသာဝင်များ ၊ သိပြီးသားဖြစ်လျှင် အမှန်တကယ် ကျင့်သုံးပြုမူနိုင်အောင် ၊ မသိသေးသူများ လေးစားအတုယု အားကျလာနိုင်အောင် နှုတ်တစ်ရာ ၊ စာတစ်လုံး ရှာဖွေ ထုတ်နှုတ် ရေးသားဖော်ပြခြင်း သည်သာ အကျိုးမဲ့မှု ကို ဧကန် ရှောင်လွဲနိုင်ရာ၏။ မိမိဘာသာဝင်များ ဗဟုသုတအလိုငှါ သိပြီး (စိတ်ကြီးဝင်ကာ) ဂုဏ်ယူ ၀င့်ကြွားနေခြင်းထက် အမှန်လက်တွေ့ မြတ်ဗုဒ္ဓအဆုံးအမတော်များနှင့် နေထိုင် ၊ ကျင့်ကြံ ၊ ကျိုးကုတ် အားထုတ်ကြသည်များ ပကတိအခြေအနေနှင့် မည်မျှနီးစပ်သည်ကို ဝေဖန်ပိုင်းခြားလျှက် ၊ မပြည့်အိုးကို ဘောင်ဘင်ခပ်၍မနေဘဲ ၊ မပြည့်သေးက ဖြည့်ပါ ၊ ပြည့်လျှံနေပါက မျှဝေပါ ။ လမ်းလွဲနေပါက တည့်မတ်ကာ ဗုဒ္ဓဘာသာဝင်အချင်းချင်း အပြောမဟုတ် အလုပ်နှင့် သက်သေဆိုသလို စုစည်းညီညွတ်နေခြင်းကသာလျှင် အနှိုင်းမဲ့ သာသနာကို စောင့်ထိန်းလိုခြင်း ၊ ကာကွယ်စောက်ရှောက်လိုခြင်း ဖြစ်ရကား ၊ နွား မကွဲလျှင် ကြားကလည်း ဆွဲနိုင်စရာ အကြောင်းမမြင်။ နည်းတူ ယခုဘ၀တွင်သာမက သံသရာအတွက် ပါ အကျိုးရှိသည်ဖြစ်၍ ၊ထောင်နိုင်သော နား ပိုင်ရှင်များ ဖြစ်အောင် ကြိုးစားကြစေလိုပါသည်။ 36 minutes ago · Unlike · 1 Yarzar Myeing မိမိတို့ ဘာသာဝင်များ အလှူရေစက် လက်နဲ့မကွာ ဆိုသလို ၁၂ လရာသီ အလှူဒါနပြုကြရာတွင်မြတ်ဗုဒ္ဓဒေသနာအလာ ကျေးဇူးရှင်ဆရာတော်အရှင်မြတ်များ ၏ ဆုံးမသြ၀ါဒများ ကို ၊ လိုက်နာမှု ၊မှန်ကန်မှုမည်မျှ ရှိသည်ကို သာ တိုင်းထွာလျှက် အချင်းချင်း အသိပေး သတိပေး မျှဝေကြရန်သာအရေးကြီးပေသည်။ ယနေ့ခေတ်တွင် အလှူတစ်ပဲ ငရဲတစ်ပိဿာ ဖြစ်နေသည်များ တွေ့မြင်နေရပေသည်။ မူဆလင်က သူ့ရဲ ဘာသာဓလေ့အရ သားသတ်၍ မျှဝေအလှူလုပ်သည်ကို သတ်မှတ်ထားသည်ဖြစ်ရကား ။ သူ့ကံ သူပြု သူ့စခန်းသူသွားပေလိမ့်မည်။ 35 minutes ago · Unlike · 1 Yarzar Myeing မိမိဘာသာက သတ္တ၀ါတို့ အား သတ်ဖြတ်ရန်ပင်မဆိုထားနှင့် နှိပ်စက် ညှင်းပန်းရန်ကိုပင် ခွင့်မပြု ၊ အဟာရအလိုငှါ အမှတ်ပြု စားသုံးရန် ကိုသာသတ်မှတ်ထားသည်ဖြစ်ရကား။ ၊ကြက် ကြက်သားဟင်းကောင်းကောင်းလေး ၊ ပုဇွန် ပုဇွန်တုတ် ဆီပြန်လေး ၊ ငါးခေါင်း ငါးခေါင်းဟင်းချို စသည် ချက်ကာ ပီတိပွားလျှက် သံဃာတော်များဆွမ်းခဲဘွယ်အဖြစ် စားပွဲပေါ်တွင် အငွေ့တထောင်းထောင်း ကပ်လှူနေကြသည်များ၏ နောက်ကွယ်တွင် ။ ( မီးဖိုချောင်တွင်) ကြက်အော်သံ ၊ ၀က်အော်သံ ၊ ငါးလတ်လတ် ဆတ်ဆတ် ခေါင်းဖြတ်စဉ် ခန္ဓာကို တစ်ခုလုံး စဥ့်နီတုံးပေါ်တွင် ရုန်းကန်နေသည် ကို မကြာခဏ မြင်ခဲ့ရပြီး ၊ ဘုန်းကြီးကျောင်း အသံချဲ့စက်က ဒေါ်တင်တင်မြကလည်း ဒါနပါရမီ။သီချင်းသံများ မိုးယံလွင့်လျှက် ၊ ဒါန ဝေသံကျူးရင့်ပျံနေခြင်းကဘယ်မှာ သံသရာအတွက် ရိက္ခာထုတ်ဖြစ်နိုင်အံ့နည်း။ လက်ရှိ ကာလ ပကတိ အနေအထားကို ယှဉ်ပြော ကြလျှင်ပင် မွတ်ဆလင်သည် သူ၏ အလှူဒါနအတွက် တစ်ကြိမ်သာ အသားတစ်မျိုးကို သတ်ဖြတ်ရပြီး ။ မိမိ ဘာသာဝင်များ အနေဖြင့် အလှူဒါနအကြိမ်ကြိမ် ပြုနေရသည်များတွင် ( ကြက် ၊ ၀က် ၊ ငါး ပင်လယ်ရေသတ္တ၀ါမျိုးစုံ ) တချို့ဆို ဒီနှစ်အလှူအတွက် ပင်လယ်ထဲအထိ ငါးအမျိုးအစားတောင် မှာဖြစ်သေး သည်။ ၀က်ဆိုလျှင်လဲ ဒီနှစ်အလှူအတွက် ၀က်ပိုင်ရှင်ကို ကြိပြီး အသားတိုးဖို့ မှာရရှာသည် ။ ငါးဆိုလဲ သွေးရဲရဲမှ ။ တို့ ဗုဒ္ဓဘာသာဝင် အလှူတစ်ခုတွင် သက်ရှိသတ္တ၀ါတွေ မည်မျှ စတေးခဲ့ကြရသနည်း။ ( ဒါကတော့ သူ့ကံဘဲကွ ဟုပြောလျှက် ၊ ၀က်လည်ပင်းလှီးနေတာကိုလည်း မကြည့်ဝံ့ မမြင်သာ မြင်ခဲ့ရလေသည်။ ) ။ မည်သို့ပင် ပံ့သကူဟု ၀ိနည်းလွတ် အလှူရှင်ကဆိုစေကာမူ ကြက် ဆိုလျှင်လည်း မသတ်ခင်က ကလီစာ ကို ဘုန်းကြီးဆွမ်းဝိုင်းအတွက် သတ်သတ် ထုတ်ပေးဖို့ ကြက်သတ်အိမ်ကို ကြိုတင်မှာရသည်။ ထိုသို့ ပြောကြစတမ်းဆိုလျှင် ပြောတာပါ။ သံသရာခရီးအတွက် အကယ်၍ ပါသည်ဆိုငြား ထိုရိက္ခာထုတ်သည် ဘယ် နှဘ၀ ခံမည်နည်း ။ ထိုသို့ဆိုလျှင် မိမိတို့ အသံကောင်းဟစ်နေသော မင်းတို့ ဘာသာထက် ငါတို့ဘာသာက သာသည်ဟု စကားရည်လုနေသော ထိုသူသည် မည်မျှ အကျိုးများအံ့သနည်း။ ကိုယ်ကိုတိုင်က ပုဆိုးကွင်းလုံးချွတ် ထိုင်ပြနေပြီး တဖက်ကို လက်ညှိုးညွှန်လျှက် စောက်ရှက် မရှိ ၊ စောက်ကုလားတွေ ၊လီးဘဲ ။ သေယင်မင်းတို့ ငရဲရောက်မှာ ။ မင်းကဘာကောင်လဲ ။ မင်းက ကုလားအားပေး ။ မင်းနှမ ကုလားနဲ့ယူထားလို့လား ။ စသည် စသည်ဖြင့် အမနာပ ကာယကံမြောက်လျှက် ရေးသားနေခြင်း က ၊ မည်မျှ မြတ်ဗုဒ္ဓ၏ အဆုံးအမ ၊ ဆရာတော် သံဃာတော်အရှင်မြတ်( အရှင်ဝီရသူကိုမဆိုလို)များ၏ အဆုံးအမတော်များနှင့် နီစပ်နေပါသနည်း ။ မိမိ ဘာသာ ၊ မိမိ သာသနာအတွက် ဟန်အပြည့် မာန်အပြည့် ဖြင့် အဆံမရှိ မဖြစ်စေဘဲ ( နိုင်ငံရေးခုတုံးများအလိုငှါ အကူသိုလ်ပွား ပွဲစည် ၀င်ပါမနေဘဲ )မိမိဖာသာ အဖြေထုတ်စောကြောကြပါကုန် ။ ။ သံသရာသို့ မိမိတစ်ဦးတည်းသာ ခရီးနှင်ကြရမည်သာ ၊ ထိုစဉ် အရှင်ဦးဝီရသူဆရာတော်သည် လိုက်ပါနိုင်သည်ဆိုငြား သင်၏အလောင်းနဘေး ရေစက်ချစဉ် သရဏဂုံတင်စဉ် ခဏသာ။။ ၊ ယခု လို အတူလက်တွဲပြီး ဖုန်းလေးတစ်ချက်ဆက်လိုက်ရုံနဲ့ ( အရှင်ဘုရား ကုလားတွေ မုဒိန်းကျင့်နေတယ် အမြန်လာပေးပါဘုရားဟု) ကြွလာနိုင်တော့မည်မဟုတ် ။ သံသရာအတွက် မိမိ ပြုခဲ့သော ကောင်းမှု ၊မကောင်းမှု ကံတွေကသာ အကျိုးပေးအဖြစ် မိမိနံဘေး အတူလက်တွဲ နေကြပေတော့မည်။

No comments: