(တစ်)
တစ်ခါက ဖိလစ်ပိုင်နိုင်ငံက သတင်းကလေးတစ်ပုဒ် အခုရက် ထဲမှာ ခေါင်းထဲပြန်ရောက်လာပါ တယ်။ အထပ်မြင့်တိုက်ကြီးတချို့ ကို ပြန်ပြီးဖြိုချခိုင်းတဲ့ သတင်းပါ။ အကြောင်းက ရုပ်တုရဲ့ မြင်ကွင်း ကို ကွယ်နေလို့တဲ့။ ဘယ်သူ့ရုပ် တုရှိရမလဲ။ ဒေါက်တာရီဇော်ရဲ့ ရုပ်တုပေါ့။
ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ မှာ ဒေါက်တာရီဇော်အထိမ်းအ မှတ်ပန်းခြံရှိပါတယ်။ Rizal Park တဲ့။ အဲသည့်အထဲမှာ ရီဇော့်ရုပ် တုကြီးလည်း ရှိပါတယ်။
ဖိလစ်ပိုင်မျိုးချစ်အာဇာနည် တော်လှန်ရေးသမား ဒေါက်တာ ဟိုဆေးရီဇော် (Jose Rizal)။ စပိန်ကိုလိုနီဘဝက လွတ်မြောက်ဖို့ ကြိုးပမ်းရင်း အကျဉ်းထောင်ထဲ မှာ ၁၈၉၆ ခု ဒီဇင်ဘာ ၃၀ ရက်မှာ ပစ်အသတ်ခံလိုက်ရတဲ့ သူရဲ ကောင်း။ ဆုံးတော့ အသက် (၃၅)နှစ်။
ဒါကြောင့် သူ့ကို ဂုဏ်ပြုထု လုပ်ထားတဲ့ ရုပ်တုကြီးက ၄၂ ပေ မြင့်ပါတယ်။ ၁၉၀၈ က စ,ထုကာ ၁၉၁၃ မှာ လက်စသတ်လိုက်ပြီး အဲသည့်နှစ် ဒီဇင်ဘာ ၃၀ ရက်မှာ ဖွင့်ခဲ့လိုက်တဲ့ ရုပ်တုပေါ့။ နှမ်း ဖတ်ကျောက် (Granite)နဲ့ လုပ် ထားတဲ့ ရုပ်တုပါတဲ့။
ဖိလစ်ပိုင် ခေတ်မီမြို့ပြ တည်ထောင်တဲ့သူတွေဟာ မြို့ တော်ရဲ့ အချက်အချာနေရာတွေ မှာ မိုးမျှော်တိုက်ကြီးတွေ ဆောက် ပါတယ်။ အဲသည့်တိုက်တချို့က ရီဇော်ရဲ့ ရုပ်တုကို ရှုတဲ့မြင်ကွင်း မှာ လာကွယ်နေတာပါ။ အာဏာ ပိုင်တို့က အထပ်မြင့်တိုက်တွေကို ပြန်ဖြိုခိုင်းပါတယ်။ ဘယ်တတ် နိုင်ပါ့မလဲ။ ပြန်ဖြိုပေးကြရတာ ပေါ့။ နိုင်ငံတော်အဆင့် ရုပ်တုကို လာကွယ်နေတာကိုး။
လန်ဒန်မြို့မှာ စိန်ပေါလ် ဘုရားရှိခိုးကျောင်းရဲ့ မြင်ကွင်းကို ကွယ်နေတဲ့အရာ အရပ်လေးမျက်နှာမှာ ဘာမှမရှိစေရဘူးတဲ့။
ဩော်.. အုပ်ချုပ်သူနဲ့ အနု ပညာတွဲစပ်လို့နေတော့တာကိုး။ လူနေတဲ့နေရာမှာ လှလှလေးနေ လို့ရအောင် စိတ်ကူးတတ်ကြတဲ့ လူတွေ။
(နှစ်)
ရန်ကုန်မှာ အထပ်မြင့်ခွင့်ပြု ထားပြီးခါမှ စည်းကမ်းနဲ့ မညီတာ ကြောင့် လျှော့ပေးဖို့ဆိုတဲ့ အသံ တွေထွက်လာပြီးနောက်မှာ ပေး မယ်၊ မပေးဘူး အချေအတင် စကားဆိုသံတွေလည်း ထွက်လာ ခဲ့ဖူးပါတယ်။
အနုပညာခေါင်းပါးဆွံ့အ တဲ့ အစိုးရတွေဟာ လူတွေကို လှ အောင်နေဖို့ မလုပ်ပေးတတ်ကြ ပါဘူး။ တိုက်ကြီးတွေမြင့်ရင်၊ အ ဆောက်အအုံကြီးတွေ ကြီးရင်၊ မြို့တော်ကြီး ခေတ်မီချေပေါ့လ ဟယ်လို့ဆိုကာ စားပွဲပေါ်၊ စားပွဲ အောက် အပေးအယူတွေနဲ့ ဈေး တည့်ပြီး ဆောက်ချင်သလိုတွေ ဆောက်ပစ်လိုက်တဲ့အခါ မြို့ဟာ အမူးသမား အန်ချပစ်လိုက်တဲ့ အရိအရွဲပုံကြီးပမာ အော်ဂလီဆန်စရာဖြစ်လို့ပေါ့။
ရန်ကုန်စက်မှုတက္ကသိုလ်က ဆင်းကာ အရာရှိလုပ်နေတဲ့ မြို့ပြအင်ဂျင်နီယာ ကလေးတစ် ယောက်နဲ့ တွေ့ပါတယ်။ ကျွန် တော်က လမ်းအကျယ်နဲ့ တိုက် အမြင့်အချိုးအစားကို မေးကြည့် မိပါတယ်။ သူက လမ်းအကျယ်ရဲ့ နှစ်ဆကို လေးပေခွဲထပ်ပေါင်းတဲ့ အင်္ဂလိပ်ခေတ်ဥပဒေသကို ပြော ပြပါတယ်။
လမ်းက ပေ ၂၀ ကျယ်ရင် တိုက်က ပေ ၄၀ ကို လေးပေခွဲ ထပ်ပေါင်းတော့ကာ တိုက်အမြင့် ၄၅ ပေလောက်ပဲရှိရမယ်ဆိုတဲ့ သဘောပေါ့။ ဒါဆို ဟိုဘက်သည် ဘက် လမ်းနှစ်ဖက်စလုံးမှာ တိုက် တွေဆောက်ကြဦးတော့ လမ်းဟာ ကြည့်ကောင်းနေမယ်ဆိုတဲ့ မြင် ကွင်းလို့ မှန်းဆကြည့်နိုင်ပါတယ်။ အခုတော့ တချို့မြို့ဆင်ခြေဖုံးမှာ လမ်းက ၂၄ ပေလောက်။ တိုက် က ရှစ်လွှာ။ ထီးထီးကြီး။ ရှုခင်းထဲမှာ အနုပညာခြောက်ခန်းလိုက် တာ။
နိုင်ငံတကာက နာမည်ကျော်မြို့ကြီးတွေမှာ ဇုန် (Zone)တွေ ခွဲခြားထားတဲ့အခါ အထပ်မြင့် မဆောက်ရတဲ့ ဇုန်တွေရှိပါတယ်။ တိုက်အားလုံးတစ်ထပ်။ အလွန့် အလွန်ဆုံးမှ နှစ်ထပ်။ ခြံကလေး တွေနဲ့။ တစ်ရပ်ကွက်လုံးအပြား။ ထိုးထိုးထောင်ထောင် တစ်တိုက် မှ မရှိ။ လှလိုက်တာ။
ကျွန်တော်တို့ဆီမှာ ဆောက် ချင်တဲ့ သူဆောက်။ ဆောက်ချင် သလိုဆောက်။ ဟိုဘက်က ထိုး ထိုးထောင်ထောင်။ သည်ဘက် က ပုပုပျပ်ပျပ်။
အဆောက်အအုံတွေ ဆောက်ကြတဲ့အခါ အနောက်မှာ လမ်းကြားရှိခဲ့ရင် တစ်ပေခွာ ဆောက်ရမယ်၊ မရှိရင် ခြောက် ပေခွာဆောက်ရမယ်လို့ ကြားဖူး ပါရဲ့။ ဘယ်သူက လိုက်နာပါ သလဲ။
သုံးထပ်ခွဲအောက်ဆောက် ရင် ဘေးနှစ်ဖက်ကို သုံးပေစီခွာ ထားရမယ်။ လေးထပ်အထက် ဆောက်ရင် တစ်ပေစီခွာထားရ မယ်လို့ ကြားဖူးပါတယ်။ ဘယ်သူ က လိုက်နာပါသလဲ။ သုံးထပ်၊ လေးထပ်ဆောက်ကြတဲ့အခါ ရှေ့မှာ ၁၂ ပေကနေ ပေ ၂၀ ကြား လွှတ်ထားရမယ်လို့ ဆိုပါတယ်။ ဘယ်သူက လွှတ်ထားပါသလဲ။
ရန်ကုန်ပတ်လည်က ရပ် ကွက်တွေထဲမှာ အိမ်ရှင်က မသိ တာတောင်မှ အင်ဂျင်နီယာတွေ၊ စည်ပင်ဝန်ထမ်းတွေက ရှင်းပြညှိ နှိုင်းတိုင်ပင်ကာ တည်ဆောက်ခဲ့ ကြရင် မြို့ဟာ လှမှာပေါ့။ အခု တော့ ခွင့်ပြုသူတွေက ပြုချင် သလို ပြုခဲ့ကြကာ ဆောက်သူတွေ က စိတ်ကူးတည့်သလို ဆောက်ခဲ့ ကြတဲ့အတွက် အဖြိုခက်၊ အဖျက် ခက်နဲ့ ဗွက်စိုင်းနေတဲ့ မြို့ကြီးဟာ ကျက်သရေ ကင်းမဲ့သွားခဲ့ရတာ ပါ။
အစိုးရလုပ်တဲ့သူတွေဟာ အနုပညာပါမှလို့ မိတ်ဆွေတချို့ နဲ့ ပြောဖြစ်ပါတယ်။ လမ်းတွေ၊ ပလက်ဖောင်းတွေ၊ ပန်းခြံတွေ၊ ရေကန်တွေ၊ သစ်ပင်တွေ၊ ပြ တိုက်တွေ၊ ဈေးတွေ၊ စာကြည့် တိုက်တွေ၊ ဘဏ်တွေ၊ ကျောင်း တွေ၊ တိုက်တွေ၊ အိမ်တွေကို ကြည့်လိုက်ရုံနဲ့ အနုပညာပါ၊ မပါ ရိုင်း၊ မရိုင်း သိနိုင်ပါတယ်။
ကြည့်ကောင်းအောင်နေ တတ်တဲ့ လူမျိုးဖြစ်စေချင်လှ ကြောင်းပါ။ ။

No comments:
Post a Comment