Friday, July 3, 2015

မန်စီမြို့နယ် ကေအိုင်အေမှ ဆိုင်ကယ်ကယ်ရီသမား (၁၀) ဦးခန့် လူသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင်====================================

မန်စီမြို့နယ် ကေအိုင်အေမှ ဆိုင်ကယ်ကယ်ရီသမား (၁၀) ဦးခန့် လူသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင်====================================2, July, 2015 By Voice Of Kachin

၂၀၁၅ ဇူလိုင်လ ၁ ရက်နေ့တွင် မန်စီ၏ အရှေ့တောင်ဘက် KIA ရင်း (၁)၏ ရှေ့တန်းစခန်း ဒေသအခေါ် ကျောက်တောင်စခန်းမှ KIA တပ်ဖွဲ့ဝင်များနှင့် အင်ဘာပါမှ KIA တပ်ဖွဲ့ဝင်(၂၀)ဦးခန့် ပူးပေါင်းကာ ဆိုင်ကယ် ကယ်ရီသမား (၁၀)ဦးခန့်ကို လူသစ်အဖြစ် ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း သိရှိရပါသည်။၎င်းဆိုင်ကယ်ကယ်ရီသမားများကို အင်ဘာပါကျေးရွာဘက်သို့ ခေါ်ဆောင်သွားကြောင်း သိရှိရသည်။ အကြောင်းမှာ ဒေသအခေါ် ကျောက်တောင်စခန်းသို့ အလှည့်ကျ လာရောက် တာဝန်ထမ်းဆောင်မည့် KIA တပ်ဖွဲ့ဝင်များ မလာရောက်သဖြင့် လူသစ်ဆွဲပေးနိုင်မှ တာဝန် လဲလှယ်ရမည် ဖြစ်ကြောင်း သိရှိရပါသည်။ယခုလို တာဝန်လဲလှယ်ချိန်ရောက်တိုင်း နီးစပ်ရာ ကျေးရွာများအတွင်း လိုက်လံဖမ်းဆီး လူသစ်ဆွဲသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။ ဆိုင်ကယ် ကယ်ရီသမားများ၏ မိသားစုဝင်များကတိုင်ကြားချက်အရတာဝန်ရှိသူများနှင့် နယ်မြေခံတပ်ရင်းများ ပြန်လည်ရရှိရေး လိုက်လံ ဆောင်ရွက်လျှက်ရှိကြောင်း သိရှိရပါသည်။

No comments: