Monday, July 27, 2015

သီပေါမြို့တွင်တံတားကျိုးကျသည့်နေရာ ၌ ယာယီဘေလီတံတား ဆောက်လုပ်လျက်ရှိ ===========================

သီပေါမြို့တွင်တံတားကျိုးကျသည့်နေရာ ၌ ယာယီဘေလီတံတား ဆောက်လုပ်လျက်ရှိ =========================== သီပေါ ဇူလိုင် ၂၆ ရှမ်းပြည်နယ် (မြောက်ပိုင်း) သီပေါမြို့နယ်တွင် ဇူလိုင် ၂၄ ရက်မှစတင်၍ မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုနှင့် တောင်ကျရေများကြောင့် ဇူလိုင် ၂၅ ရက် မွန်းတည့် ၁၂ နာရီခန့်က နမ့်ပေါ့ချောင်းတံတားကြီး ကျိုးကျခဲ့ရာ ငါးဦးသေဆုံးခဲ့ပြီး သုံးဦးဒဏ်ရာရရှိခဲ့သည်။ အဆိုပါ သေဆုံးသူများမှာ သီပေါမြို့ ရွှေကျောင်းရပ်နေ ကိုထွန်းနိုင်ဦး (၂၄နှစ်)၊ ကိုခင်မောင်ထူး (၁၉ နှစ်)၊ မြို့လယ်ရပ်နေ မထက်ထက်ဦး (၁၇နှစ်)၊ ဒီဒီ(ခ)ဝေယံကျော် (၁၄ နှစ်)၊ တိန်းချေတိန်းစံရွာနေ စိုင်းကျော်ထွေး (၃၅ နှစ်) တို့ဖြစ်ကြောင်းနှင့် ‘ဒဏ်ရာရရှိသူများမှာ မြို့လယ်ရပ်နေ လေးမောင် (၁၃နှစ်)၊ စိုင်းကျော်ထွေး (၁၄ နှစ်)၊ နားမွန်ကျေးရွာနေ ကိုထွန်းမြင့် (၂ဝ နှစ်)တို့ဖြစ်ကြပြီး ၎င်းတို့ကို သီပေါမြို့နယ်ဆေးရုံ၌ ဆေးကုသပေးလျက်ရှိကြောင်းနှင့် အသက် အန္တရာယ်စိုးရိမ်ဖွယ်မရှိကြောင်း သိရသည်။ ထိုသို့ တံတားကျိုးကျပျက်စီးခဲ့မှုအပေါ် တာဝန်ရှိသူများက ဆက်လက် ရှင်းလင်းမှုများ ပြုလုပ်လျက်ရှိရာ အများပြည်သူသွားလာမှုလွယ်ကူစေရန် နှင့် ကုန်စည်စီးဆင်းမှု မပြတ်တောက်စေရန်အတွက် ယာယီဘေလီတံတား ဆောက်လုပ်လျက်ရှိကြောင်း သိရသည်။ (မြို့နယ် ပြန်/ဆက်)

No comments: