Tuesday, July 28, 2015

ရေဘေးကယ်ဆယ်ရေးအတွက်ဟုဆိုကာ ဘာသာရေးကျောင်းများနှင့် တိုက်နယ်မှူးများက ငွေကြေး ကောက်ခံလျှက်ရှိ ========================

ရေဘေးကယ်ဆယ်ရေးအတွက်ဟုဆိုကာ ဘာသာရေးကျောင်းများနှင့် တိုက်နယ်မှူးများက ငွေကြေး ကောက်ခံလျှက်ရှိ ========================================= 27, July, 2015 By Voice Of Kachin ကချင်ပြည်နယ်အတွင်း မိုးကောင်းမြို့နယ်တွင် ရေကြီးနေမှုကြောင့် ဒေသခံများ သောင်းနှင့်ချီ ရေဘေးဒုက္ခ ခံစားနေကြရကြောင်း သတင်းရရှိပါသည်။ ၎င်းရေဘေးဒုက္ခသည် များအား တပ်မတော်နှင့် အစိုးရ၀န်ထမ်းများ လူမှုကူညီရေးအသင်းများ နိုင်ငံရေးပါတီများမှ ကူညီထောက်ပံ့နေကြောင်း သတင်းရရှိပါသည်။ KIA ရင်း(၆) လက်အောက်ခံ ကာမိုင်း တိုက်နယ်မှူးတစ်ဦးက ရေဘေး ဒုက္ခသည်များ အတွက်ဟုဆိုကာ ကာမိုင်းမြို့အတွင်းရှိ ဆိုင်များအား ဆင့်ခေါ်စာပေးပို့၍ ငွေကြေးကောက်ခံ နေကြောင်း သတင်းရရှိပါသည်။ နမ္မတီးမြို့နယ်တွင်လည်း ဘာသာရေးကျောင်းများမှ ငွေကြေး လိုက်လံ ကောက်ခံကြောင်း သိရှိရပါသည်။ "ဘယ်လိုဖြစ်သလဲဆိုတော့ ဆိုင်ခန်းတစ်ခန်းကို ကုန်စုံဆိုင်တွေပေါ့ ရှမ်းလူမျိုးတွေရဲ့ ကုန်စုံတွေ ပန်းတိမ်ဆိုင်တွေကို သုံးသိန်းကောက်နေတယ်ပေါ့နော်၊ အခုကောက်နေတဲ့အဖွဲ့ နဲ့လည်း ကျွန်တော်တို့ စကားများပြီးပြီ။ ဘယ်လိုကောက်နေလဲဆိုတော့ မိုးကောင်းမြို့နယ် နန့်ဟိုင်ကျေးရွာကို အခွန်လာဆောင်ပါ ဆိုပြီးတော့လာတယ်။ နန့်ဟိုင်ကို သွားပြီးဆောင်ရတယ်။ နန့်ဟိုင်က ကာမိုင်းကနေ ၁၅ မိုင်လောက်ဝေးတယ်။ " ဟု ကာမိုင်းမြို့ ခံတစ်ဦးက ပြောကြားသည်။ အဆိုပါ ဆက်ကြေးကောက်ခံစာကို ၂၃ ရက်နေ့ရက်စွဲဖြင့် ဆင့်ခေါ်စာကို ကာမိုင်းမြို့ ကုန်စုံဆိုင်များနှင့် ဆိုင်ခန်းများကိုပေးပို့ထားပြီး မိုးကောင်းမြို့နယ် နားဟိုင်ကျေးရွာတွင် သွားရောက်တွေ့ဆုံရန် ပေးဆောင်ရကြောင်း၊ ထိုဆင့်ခေါ်စာတွင်လည်း ၄င်းတို့ဘက်မှ ချိန်းဆို ထားသည့် ရက်အတိုင်းမရောက်ရှိပါက ထိရောက်စွာ အရေးယူသွားမည်ဟု ချိန်းခြောက် ပြောဆိုထားကြောင်း သိရသည် ။ ရေဘေးကယ်ဆယ်ရေးအတွက်ဟုဆိုကာ ဘာသာရေးကျောင်းများနှင့် တိုက်နယ်မှူးများက ငွေကြေး ကောက်ခံလျှက်ရှိ ========================================= 27, July, 2015 By Voice Of Kachin ကချင်ပြည်နယ်အတွင်း မိုးကောင်းမြို့နယ်တွင် ရေကြီးနေမှုကြောင့် ဒေသခံများ သောင်းနှင့်ချီ ရေဘေးဒုက္ခ ခံစားနေကြရကြောင်း သတင်းရရှိပါသည်။ ၎င်းရေဘေးဒုက္ခသည် များအား တပ်မတော်နှင့် အစိုးရ၀န်ထမ်းများ လူမှုကူညီရေးအသင်းများ နိုင်ငံရေးပါတီများမှ ကူညီထောက်ပံ့နေကြောင်း သတင်းရရှိပါသည်။ KIA ရင်း(၆) လက်အောက်ခံ ကာမိုင်း တိုက်နယ်မှူးတစ်ဦးက ရေဘေး ဒုက္ခသည်များ အတွက်ဟုဆိုကာ ကာမိုင်းမြို့အတွင်းရှိ ဆိုင်များအား ဆင့်ခေါ်စာပေးပို့၍ ငွေကြေးကောက်ခံ နေကြောင်း သတင်းရရှိပါသည်။ နမ္မတီးမြို့နယ်တွင်လည်း ဘာသာရေးကျောင်းများမှ ငွေကြေး လိုက်လံ ကောက်ခံကြောင်း သိရှိရပါသည်။ "ဘယ်လိုဖြစ်သလဲဆိုတော့ ဆိုင်ခန်းတစ်ခန်းကို ကုန်စုံဆိုင်တွေပေါ့ ရှမ်းလူမျိုးတွေရဲ့ ကုန်စုံတွေ ပန်းတိမ်ဆိုင်တွေကို သုံးသိန်းကောက်နေတယ်ပေါ့နော်၊ အခုကောက်နေတဲ့အဖွဲ့ နဲ့လည်း ကျွန်တော်တို့ စကားများပြီးပြီ။ ဘယ်လိုကောက်နေလဲဆိုတော့ မိုးကောင်းမြို့နယ် နန့်ဟိုင်ကျေးရွာကို အခွန်လာဆောင်ပါ ဆိုပြီးတော့လာတယ်။ နန့်ဟိုင်ကို သွားပြီးဆောင်ရတယ်။ နန့်ဟိုင်က ကာမိုင်းကနေ ၁၅ မိုင်လောက်ဝေးတယ်။ " ဟု ကာမိုင်းမြို့ ခံတစ်ဦးက ပြောကြားသည်။ အဆိုပါ ဆက်ကြေးကောက်ခံစာကို ၂၃ ရက်နေ့ရက်စွဲဖြင့် ဆင့်ခေါ်စာကို ကာမိုင်းမြို့ ကုန်စုံဆိုင်များနှင့် ဆိုင်ခန်းများကိုပေးပို့ထားပြီး မိုးကောင်းမြို့နယ် နားဟိုင်ကျေးရွာတွင် သွားရောက်တွေ့ဆုံရန် ပေးဆောင်ရကြောင်း၊ ထိုဆင့်ခေါ်စာတွင်လည်း ၄င်းတို့ဘက်မှ ချိန်းဆို ထားသည့် ရက်အတိုင်းမရောက်ရှိပါက ထိရောက်စွာ အရေးယူသွားမည်ဟု ချိန်းခြောက် ပြောဆိုထားကြောင်း သိရသည် ။

No comments: