Wednesday, July 29, 2015

KIAအဖွဲ့မှ ထောင်ထားသောမိုင်းအား နင်းမိသဖြင့် ဒေသခံရွာသားတစ်ဦး ပြင်းထန်စွာဒဏ်ရာရရှိ

KIAအဖွဲ့မှ ထောင်ထားသောမိုင်းအား နင်းမိသဖြင့် ဒေသခံရွာသားတစ်ဦး ပြင်းထန်စွာဒဏ်ရာရရှိ ဇူလိုင် ၂၉ ရက်၊ ၂၀၁၅ ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ မြို့သစ်ကြီးကျေးရွာမှ ဒေသခံရွာသားတစ်ဦးသည် ဇူလိုင်လ ၂၇ ရက်နေ့ တွင် KIA အဖွဲ့ ထောင်ထားသောမိုင်းနင်းမိပေါက်ကွဲပြီး ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်း ယင်းဒေသခံ ရွာသား တစ်ဦးထံမှ သိရှိရပါသည်။ “မိသားစု ၆ ယောက်ရဲ့ စားဝတ်နေရေးအတွက် ကျွန်တော်တို့ သားအဖ နှစ်ယောက်က ရာသီအလိုက် ကြုံရာ ကျပန်း အလုပ်ကို လုပ်ကိုင်နေရတာပါ၊ အခုလို မျှစ်ချိုးသွားတုန်း ဒီကောင်တွေအဖွဲ့ထောင်ထားတဲ့ မိုင်းကို ကျွန်တော့်သား နင်းမိတဲ့အတွက် ဆေးကုသစရိတ်ကလည်း ကုန်သေးတယ်၊ မိုင်းကို နင်းမိလို့ လျော်ကြေးကို လည်းပေးရမယ်ဆိုတော့ ကျန်တဲ့မိသားစု ဘာနဲ့သွားစားရမလဲ၊ ဒုက္ခပါပဲဗျာ၊ စိတ်ညစ်တယ်၊ မပေးပြန်ရင်လည်း အဖမ်းခံရမယ်၊ လူသစ်အဖြစ် အတင်းအဓမ္မ လုပ်ခိုင်းတာလည်းခံရမယ်’’ဟု မြို့သစ်ကြီးကျေးရွာမှ မိုင်းဒဏ်ရာ ရှိသူ၏ ဖခင်မှ ပြောပြခဲ့ပါသည်။ ဇူလိုင်လ ၂၇ ရက်နေ့ ၉ နာရီခန့်တွင် မိုးကောင်းမြို့နယ်၊ မြို့သစ်ကြီးကျေးရွာမှ ကျော်ဇင်ထွန်းသည် ၎င်း၏ ဖခင်နှင့်အတူ မျှစ်ချိုးရန်အတွက် ရွာမှထွက်လာရာ ညောင်တောကျေးရွာမြောက်ဘက်၊ နန့်ခမ်းခ ရေအား လျှပ်စစ်စက်ရုံအရှေ့ဘက်၊ ကဆုန့်လမ်းခွဲအနီး သို့ရောက်ရှိစဉ် KIA အဖွဲ့ ထောင်ထားသော မိုင်းတစ်လုံးအား ကျော်ဇင်ထွန်းမှ နင်းမိပေါက်ကွဲ၍ ၀ဲလက်မောင်းနှင့် ၀ဲကျောပြင်တို့တွင် မိုင်းစထိမှန် ဒဏ်ရာရရှိခဲ့ပြီး နမ္မတီးမြို့ ပြည်သူ့ဆေးရုံးသို့ ပို့ဆောင်ဆေးကုသလျက်ရှိကြောင်း သိရှိရပါသည်။ KIAအဖွဲ့၏ ယခုကဲ့သို့ ဖြစ်စဉ်များ မကြာခဏပြုလုပ်လျက်ရှိခြင်းကြောင့် ဒေသခံများအနေဖြင့် တောင်ယာ လုပ်ငန်းများလုပ်ကိုင်ရန် ကျေးရွာများအတွင်းမှ အပြင်သို့သွားရောက်ရာတွင် မိုင်းနင်းမိမည်ကို စိုးရိမ်ထိတ်လန့် နေကြရကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး တစ်ဦးမှလည်း ပြောပြခဲ့ပါသည်။ နော်ဂျာ KIAအဖွဲ့မှ ထောင်ထားသောမိုင်းအား နင်းမိသဖြင့် ဒေသခံရွာသားတစ်ဦး ပြင်းထန်စွာဒဏ်ရာရရှိ ဇူလိုင် ၂၉ ရက်၊ ၂၀၁၅ ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ မြို့သစ်ကြီးကျေးရွာမှ ဒေသခံရွာသားတစ်ဦးသည် ဇူလိုင်လ ၂၇ ရက်နေ့ တွင် KIA အဖွဲ့ ထောင်ထားသောမိုင်းနင်းမိပေါက်ကွဲပြီး ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်း ယင်းဒေသခံ ရွာသား တစ်ဦးထံမှ သိရှိရပါသည်။ “မိသားစု ၆ ယောက်ရဲ့ စားဝတ်နေရေးအတွက် ကျွန်တော်တို့ သားအဖ နှစ်ယောက်က ရာသီအလိုက် ကြုံရာ ကျပန်း အလုပ်ကို လုပ်ကိုင်နေရတာပါ၊ အခုလို မျှစ်ချိုးသွားတုန်း ဒီကောင်တွေအဖွဲ့ထောင်ထားတဲ့ မိုင်းကို ကျွန်တော့်သား နင်းမိတဲ့အတွက် ဆေးကုသစရိတ်ကလည်း ကုန်သေးတယ်၊ မိုင်းကို နင်းမိလို့ လျော်ကြေးကို လည်းပေးရမယ်ဆိုတော့ ကျန်တဲ့မိသားစု ဘာနဲ့သွားစားရမလဲ၊ ဒုက္ခပါပဲဗျာ၊ စိတ်ညစ်တယ်၊ မပေးပြန်ရင်လည်း အဖမ်းခံရမယ်၊ လူသစ်အဖြစ် အတင်းအဓမ္မ လုပ်ခိုင်းတာလည်းခံရမယ်’’ဟု မြို့သစ်ကြီးကျေးရွာမှ မိုင်းဒဏ်ရာ ရှိသူ၏ ဖခင်မှ ပြောပြခဲ့ပါသည်။ ဇူလိုင်လ ၂၇ ရက်နေ့ ၉ နာရီခန့်တွင် မိုးကောင်းမြို့နယ်၊ မြို့သစ်ကြီးကျေးရွာမှ ကျော်ဇင်ထွန်းသည် ၎င်း၏ ဖခင်နှင့်အတူ မျှစ်ချိုးရန်အတွက် ရွာမှထွက်လာရာ ညောင်တောကျေးရွာမြောက်ဘက်၊ နန့်ခမ်းခ ရေအား လျှပ်စစ်စက်ရုံအရှေ့ဘက်၊ ကဆုန့်လမ်းခွဲအနီး သို့ရောက်ရှိစဉ် KIA အဖွဲ့ ထောင်ထားသော မိုင်းတစ်လုံးအား ကျော်ဇင်ထွန်းမှ နင်းမိပေါက်ကွဲ၍ ၀ဲလက်မောင်းနှင့် ၀ဲကျောပြင်တို့တွင် မိုင်းစထိမှန် ဒဏ်ရာရရှိခဲ့ပြီး နမ္မတီးမြို့ ပြည်သူ့ဆေးရုံးသို့ ပို့ဆောင်ဆေးကုသလျက်ရှိကြောင်း သိရှိရပါသည်။ KIAအဖွဲ့၏ ယခုကဲ့သို့ ဖြစ်စဉ်များ မကြာခဏပြုလုပ်လျက်ရှိခြင်းကြောင့် ဒေသခံများအနေဖြင့် တောင်ယာ လုပ်ငန်းများလုပ်ကိုင်ရန် ကျေးရွာများအတွင်းမှ အပြင်သို့သွားရောက်ရာတွင် မိုင်းနင်းမိမည်ကို စိုးရိမ်ထိတ်လန့် နေကြရကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး တစ်ဦးမှလည်း ပြောပြခဲ့ပါသည်။ နော်ဂျာ

No comments: