Friday, July 31, 2015

မြစ်ကြီးနား ========

မြစ်ကြီးနား ======== မြစ်ကြီးနားမြို့ လယ်ကုန်းရပ်ကွက် မြစ်ကြီးနားအကျဉ်းဦးစီးဌာန ရိပ်သာစခန်း၌ ပြည်ထဲရေးဝန်ကြီးဌာန ကျင့်ထုံး ဥပဒေပုဒ်မ ၄ဝ၁ (၁)အရ မြန်မာနိုင်ငံသား အကျဉ်းသားများ လွှတ်ပေးမှုအခမ်းအနားကို ဇူလိုင် ၃ဝ ရက် နံနက် ၁ဝ နာရီ ၄၅ မိနစ်က ကျင်းပခဲ့ရာ မြစ်ကြီးနား အကျဉ်းဦးစီးဌာနမှ ကချင်ပြည်နယ် ဦးစီးမှူး ဦးဝင်းနိုင်လင်း၊ ထောင်မှူး ဦးတင်မောင်ချို၊ ပြည်နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင် ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းလွင်၊ မြစ်ကြီးနားခရိုင် အုပ်ချုပ်ရေးမှူး ဦးခေါင်လန်ဒီး၊ မြစ်ကြီးနားခရိုင်ရဲတပ်ဖွဲ့မှူး၊ မြစ်ကြီးနားမြို့နယ်ရဲတပ်ဖွဲ့မှူး၊ တရုတ် ပြည်ထိန်ချုံးခရိုင်အုပ်ချုပ်ရေးမှူး မစ္စတာ ကျန်မင်ဒယ်နှင့်အဖွဲ့၊ ကျင့်ထုံးဥပဒေ ပုဒ်မ ၄ဝ၁(၁)အရ လွှတ်ပေးသည့် မြန်မာနိုင်ငံသား အကျဉ်းသား အမျိုးသား ၁၃၄ ဦး၊ အမျိုးသမီး ၂၈ ဦး စုစုပေါင်း ၁၆၂ ဦးတို့ တက်ရောက်ခဲ့သည်။ အခမ်းအနားတွင် တာဝန်ရှိသူများက အမှာစကားပြောကြားခဲ့ပြီး ထောင်မှူး ဒုတိယညွှန်ကြားရေးမှူး ဦးတင်မောင်ချို က မြန်မာနိုင်ငံ အကျဉ်းသား အကျဉ်းသူ ၁၆၂ ဦး အား တစ်ဦးလျှင်ထောက်ပံ့ငွေကျပ် ၁ဝဝဝ နှင့်အတူ လွှတ်ဝရမ်းများ ပေးအပ်သည်။ ဆက်လက်၍ နံနက် ၁၁ နာရီ မိနစ် ၄ဝ တွင် ပြည်ထဲရေး ဝန်ကြီးဌာန ကျင့်ထုံးဥပဒေ ပုဒ်မ ၄ဝ၁(၁)အရ တရုတ်နိုင်ငံသား အကျဉ်းသားများ လွှတ်ပေးမှုအခမ်း အနားကျင်းပရာ ထောင်မှူး ဒုတိယ ညွှန်ကြား ရေးမှူး ဦးတင်မောင်ချိုက တရုတ်နိုင်ငံသား အကျဉ်းသား အကျဉ်းသူ ၁၅၇ ဦး အား လွှတ်ဝရမ်းများပေးအပ်ခဲ့ကြောင်း သိရသည်။ မိုဃ်းကျ(မြစ်ကြီးနား)

No comments: