Sunday, July 26, 2015

ပုဒ်မ (၄၁) ပုဒ်မခွဲ (ခ) တို့အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကို ကျင်းသုံးလျက် အလုပ်မှ ရပ်စဲခံရသော အလုပ်သမားနှင့် ပတ်သက်၍ အလုပ်ရှင်က ပေးရမည့် နစ်နာကြေးနှုန်းထားများကို သတ်မှတ်လိုက်သည်

ပုဒ်မ (၄၁) ပုဒ်မခွဲ (ခ) တို့အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကို ကျင်းသုံးလျက် အလုပ်မှ ရပ်စဲခံရသော အလုပ်သမားနှင့် ပတ်သက်၍ အလုပ်ရှင်က ပေးရမည့် နစ်နာကြေးနှုန်းထားများကို သတ်မှတ်လိုက်သည် ================================== အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးသည် အလုပ်သမားရေးရာအငြင်းပွားမှု ဖြေရှင်းရေးဥပဒေ ပုဒ်မ (၅၉) ပုဒ်မခွဲ (ခ) နှင့် အလုပ်အကိုင်နှင့် ကျွမ်းကျင်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဥပဒေ ပုဒ်မ (၄၁) ပုဒ်မခွဲ (ခ) တို့အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကို ကျင်းသုံးလျက် အလုပ်မှ ရပ်စဲခံရသော အလုပ်သမားနှင့် ပတ်သက်၍ အလုပ်ရှင်က ပေးရမည့် နစ်နာကြေးနှုန်းထားများကို သတ်မှတ်လိုက်သည်။ နစ်နစ်ကြေးနှုန်းထားများ အလုပ်ရှင်သည် အလုပ်သမား သို့မဟုတ် အလုပ်သမားများအား အလုပ်မှ ရပ်စဲခြင်းဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ တစ်ဆက်တည်း လုပ်သက်ရှိသူများအတွက် နောက်ဆုံးထုတ်လစာ (အချိန်ပိုကြေးမပါ) ဖြင့် ဆောက်ဖော်ပြပါ နစ်နာကြေးနှုန်းထားများအတိုင်း ပေးရမည်- (က) လုပ်သက် ခြောက်လပြည့်ပြီး တစ်နှစ်မပြည့်ပါက နစ်နာကြေး လ၀က်လစာ၊ (ခ) လုပ်သက် တစ်နှစ်ပြည့်ပြီး နှစ်နှစ် မပြည့်ပါက နစ်နာကြေး တစ်လစာ၊ (ဂ) လုပ်သက် နှစ်နှစ်ပြည့်ပြီး သုံးနှစ် မပြည့်ပါက နစ်နာကြေး တစ်လခွဲ လစာ၊ (ဃ) လုပ်သက် သုံးနှစ်ပြည့်ပြီး လေးနှစ် မပြည့်ပါက နစ်နာကြေး သုံးလစာ၊ (င) လုပ်သက် လေးနှစ်ပြည့်ပြီး ခြောက်နှစ် မပြည့်ပါက နစ်နာကြေး လေးလစာ၊ (စ) လုပ်သက် ခြောက်နှစ်ပြည့်ပြီး ရှစ်နှစ် မပြည့်ပါက နစ်နာကြေး ငါးလစာ၊ (ဆ) လုပ်သက် ရှစ်နှစ်ပြည့်ပြီး တစ်ဆယ်နှစ် မပြည့်ပါက နစ်နာကြေး ခြောက်လစာ၊ (ဇ) လုပ်သက် တစ်ဆယ်နှစ်ပြည့်ပြီး နှစ်ဆယ်နှစ် မပြည့်ပါက နစ်နာကြေး ရှစ်လစာ၊ (ဈ) လုပ်သက်နှစ်ဆယ်နှစ်ပြည့်ပြီး နှစ်ဆယ့်ငါးနှစ် မပြည့်ပါက နစ်နာကြေး တစ်ဆယ်လစာ၊ (ည) လုပ်သက် နှစ်ဆယ့်ငါးနှစ်နှင့် အထက်ရှိပါက နစ်နာကြေး တစ်ဆယ့်သုံးလစာ

No comments: