Thursday, July 30, 2015

ရေဘေးကယ်ဆယ်ရေးဆောင်ရွက်စဉ် သေဆုံးသွားသော မီးသတ်တပ်ဖွဲ့ဝင်၏ဖခင်အား ထောက်ပံ့ =====================

ရေဘေးကယ်ဆယ်ရေးဆောင်ရွက်စဉ် သေဆုံးသွားသော မီးသတ်တပ်ဖွဲ့ဝင်၏ဖခင်အား ထောက်ပံ့ ===================================== ကောလင်း ဇူလိုင် ၂၉ ကောလင်းမြို့နယ်အတွင်း ရေဘေးကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက် နေစဉ် သေဆုံးသွားသည့် မီးသတ်တပ်ဖွဲ့ဝင်တစ်ဦး၏ ဖခင်အား ထောက်ပံ့ငွေ ပေးအပ်ပွဲကို ဇူလိုင် ၂၇ ရက်က ကျင်းပသည်။ စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ကောလင်းမြို့တွင် မိုးသည်းထန်စွာရွာသွန်း သဖြင့် ကောလင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ ဒုတပ်ကြပ် ဝင်းချစ်ထူးသည် ကယ်ဆယ်ရေးလုပ်ငန်းများကို ကူညီဆောင်ရွက်စဉ် သေဆုံးသွားခဲ့ခြင်းဖြစ်ပြီး ကျန်ရစ်သူ ၄င်း၏ ဖခင်ဦးသိန်းထွန်းဦးအား လူသားချင်းစာနာမှုအနေဖြင့် မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်အေးက ထောက်ပံ့ငွေ ကျပ်ငါးသိန်း၊ ကသာခရိုင် စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ကျော်အုန်းက ထောက်ပံ့ငွေကျပ်တစ်သိန်းတို့ကို ပေးအပ်ခဲ့သည်။ ဦးသိန်းထွန်းဦး(၆၁ နှစ်)သည် လေဖြတ်ဝေဒနာကို ခံစားနေရသည်မှာ ခုနစ် နှစ်ရှိပြီး ဇနီးဆုံးပါးသွား၍ သားဖြစ်သူ ဒုတပ်ကြပ်ဝင်းချစ်ထူးက ပြုစုပေးလျက်ရှိ ကြောင်း သိရသည်။ ကူညီစောင့်ရှောက်ပေးမည့်သူမရှိသော ဦးသိန်းထွန်း ဦးအား ဒုတပ်ကြပ်ဝင်းချစ်ထူး၏ သူငယ်ချင်းဖြစ်သူ ကောလင်းမီးသတ်ဦးစီးဌာနမှ တပ်ကြပ်ကြီးအောင်ကိုလင်းက ပြုစုစောင့်ရှောက်လျက်ရှိကြောင်းနှင့် ပံ့ပိုးကူညီ လိုပါက ကောလင်းမီးသတ်ဦးစီးဌာနရုံး ဖုန်း-ဝ၉-၄ဝဝ၄၂၇ဝ၉၂ သို့ ဆက်သွယ် လှူဒါန်းနိုင်ကြောင်း သိရသည်။ ငွေအိုး(ကသာ) ရေဘေးကယ်ဆယ်ရေးဆောင်ရွက်စဉ် သေဆုံးသွားသော မီးသတ်တပ်ဖွဲ့ဝင်၏ဖခင်အား ထောက်ပံ့ ===================================== ကောလင်း ဇူလိုင် ၂၉ ကောလင်းမြို့နယ်အတွင်း ရေဘေးကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက် နေစဉ် သေဆုံးသွားသည့် မီးသတ်တပ်ဖွဲ့ဝင်တစ်ဦး၏ ဖခင်အား ထောက်ပံ့ငွေ ပေးအပ်ပွဲကို ဇူလိုင် ၂၇ ရက်က ကျင်းပသည်။ စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ကောလင်းမြို့တွင် မိုးသည်းထန်စွာရွာသွန်း သဖြင့် ကောလင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ ဒုတပ်ကြပ် ဝင်းချစ်ထူးသည် ကယ်ဆယ်ရေးလုပ်ငန်းများကို ကူညီဆောင်ရွက်စဉ် သေဆုံးသွားခဲ့ခြင်းဖြစ်ပြီး ကျန်ရစ်သူ ၄င်း၏ ဖခင်ဦးသိန်းထွန်းဦးအား လူသားချင်းစာနာမှုအနေဖြင့် မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်အေးက ထောက်ပံ့ငွေ ကျပ်ငါးသိန်း၊ ကသာခရိုင် စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ကျော်အုန်းက ထောက်ပံ့ငွေကျပ်တစ်သိန်းတို့ကို ပေးအပ်ခဲ့သည်။ ဦးသိန်းထွန်းဦး(၆၁ နှစ်)သည် လေဖြတ်ဝေဒနာကို ခံစားနေရသည်မှာ ခုနစ် နှစ်ရှိပြီး ဇနီးဆုံးပါးသွား၍ သားဖြစ်သူ ဒုတပ်ကြပ်ဝင်းချစ်ထူးက ပြုစုပေးလျက်ရှိ ကြောင်း သိရသည်။ ကူညီစောင့်ရှောက်ပေးမည့်သူမရှိသော ဦးသိန်းထွန်း ဦးအား ဒုတပ်ကြပ်ဝင်းချစ်ထူး၏ သူငယ်ချင်းဖြစ်သူ ကောလင်းမီးသတ်ဦးစီးဌာနမှ တပ်ကြပ်ကြီးအောင်ကိုလင်းက ပြုစုစောင့်ရှောက်လျက်ရှိကြောင်းနှင့် ပံ့ပိုးကူညီ လိုပါက ကောလင်းမီးသတ်ဦးစီးဌာနရုံး ဖုန်း-ဝ၉-၄ဝဝ၄၂၇ဝ၉၂ သို့ ဆက်သွယ် လှူဒါန်းနိုင်ကြောင်း သိရသည်။ ငွေအိုး(ကသာ)

No comments: