Tuesday, July 28, 2015

ရထားသံလမ်းနှင့်တံတားများ ရေနစ်မြုပ်မှု အချိန်နှင့်တစ်ပြေးညီး ပြု ပြင်ဆောင်ရွက်လျက်ရှိ ===============================

ရထားသံလမ်းနှင့်တံတားများ ရေနစ်မြုပ်မှု အချိန်နှင့်တစ်ပြေးညီး ပြု ပြင်ဆောင်ရွက်လျက်ရှိ =============================== နေပြည်တော် ဇူလိုင် ၂၇ မြန်မာ့မီးရထား တိုင်း(၂)နယ်မြေ၊ မဲဇာ-ဘုံချောင်းကြား မိုင်တိုင် (၅၇၃/၁၄-၁၆)မှ (၅၇၄/၇-၁၁)အထိ ရထားသံလမ်းပေါ်သို့ တစ်ပေ နှစ် လက်မခန့်အထိ ရေကျော်လျက်ရှိရာ သံလမ်းတစ်လျှောက် ဝဲ၊ ယာ တစ်မိုင် ခန့်ရှိသဖြင့် ဇူလိုင်၂၆ ရက် နံနက် ၄ နာရီ မိနစ် ၅ဝ တွင် အဆိုပါ ရထား လမ်းပိုင်းကို ပိတ်ထားခဲ့သည်။ သို့ရာ တွင် ဇူလိုင် ၂၇ ရက် နံနက် ၆ နာရီ တွင် ရေတစ်ပေခန့် ကျဆင်းသွားသောကြောင့် ကျောက်ဖြည့်တင်းခြင်းနှင့် လမ်းပိုင်းပြုပြင်ခြင်းများပြုလုပ်ပြီး အဆိုပါလမ်းပိုင်းကို ညနေ ၅ နာရီတွင် ဖွင့်လှစ်ပြီးဖြစ်ကြောင်း သိရသည်။ အလားတူ မော်လူး-နန့်စီးအောင်ဘူတာကြားရှိ တံတားအမှတ် (၅ဝ၄) ရေတိုက်စားမှု ဖြစ်ပွားရာနေရာသို့ မြန်မာ့မီးရထားတိုင်းအမှတ်(၁) မှ အင်ဂျင်နီယာမှူး (မြို့ပြ)ဦးစီးပြီး လုပ်သား ၃၂ ဦးဖြင့် ဇူလိုင် ၂၅ ရက် နံနက် ၇ နာရီခွဲမှစ၍ တိမ်းစောင်းနေသော ဂါဒါပေါင်များတည့်မတ်ခြင်း၊ ရေကျော်နေရာများပြုပြင်ခြင်း၊ မိုင်တိုင်အမှတ် (၆၁၁/ ၁၅-၁၆) ရေကျော် နေရာများသို့ ပင်ဘော၌ရှိသော (၆x၉) လက်မရှိသော ကျောက်ကြီးများ၊ (၁x၂)လက်မရှိ လမ်းခင်းကျောက်များ၊ သဲအိတ်ထည့်ခြင်းလုပ်ငန်း ဆောင် ရွက်လျက်ရှိပြီး အဆိုပါရထား လမ်းပိုင်းအား အမြန်ဆုံး ဖွင့်လှစ် နိုင်ရေး ဆက်လက်ဆောင်ရွက်လျက် ရှိသည်။ ပင်ဝဲနှင့် မော်လူးဘူတာကြား မိုင်တိုင်အမှတ်(၆ဝ၂/၆-၇) သံလမ်း အနောက်ဘက်ခြမ်းတွင် အလျားပေ ၄ဝ၊ အနံလေးပေခွဲ ၊ အမြင့် ၂၅ ပေရှိ တာပေါင်ရေတိုက်စားမှုကို ဖားထပ် ခွေခြင်းလုပ်ငန်းဆောင်ရွက်ပြီး ကျောက် ကြီးနှင့် သဲအိတ်ထည့်ခြင်းလုပ်ငန်း များ ဆက်လက်ဆောင်ရွက်လျက်ရှိ ကာ ထပ်မံလိုအပ်သော သဲအိတ် ၄ဝဝ နှင့် မျောတိုင် ၁ဝဝ ကို 96-RGC ရထားဖြင့် သယ်ယူ ပို့ဆောင်ပေးခဲ့ပြီး ပြုပြင်ခြင်းလုပ်ငန်း များ ဆက်လက်ဆောင်ရွက်လျက်ရှိရာ အဆိုပါလမ်းပိုင်းကို အမြန်ဆုံး ဖွင့်လှစ်နိုင်ရန် စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိ သည်။ (သတင်းစဉ်)

No comments: