Wednesday, July 29, 2015

မန္တလေး - မြစ်ကြီးနား ခရီးလမ်းတစ်လျှောက် ဒေသများအတွက် ရေဘေးကူညီရေး ပစ္စည်းများကို ဒုဋ္ဌဝတီမန်းမှ အခမဲ့ ပို့ဆောင်ပေးမည်_______

မန္တလေး - မြစ်ကြီးနား ခရီးလမ်းတစ်လျှောက် ဒေသများအတွက် ရေဘေးကူညီရေး ပစ္စည်းများကို ဒုဋ္ဌဝတီမန်းမှ အခမဲ့ ပို့ဆောင်ပေးမည်________________________

မန္တလေး -မိုးညှင်း - ဟိုပင် - မိုးကောင်း - မြစ်ကြီးနား ခရီးလမ်းတစ်လျှောက်တွင်ရှိသော ရေဘေးသင့်ဒေသများအတွက် ကူညီထောက်ပံ့ရေးပစ္စည်းများ ပို့ဆောင်လိုပါကဦးစားပေး၍ အခမဲ့ပို့ဆောင်ပေးရန် ဒုဋ္ဌဝတီမန်း အဆင့်မြင့်ခရီးသည်ပို့ဆောင်ရေး မှ စီစဉ်ထားပါသည်။ယခုလိုစီစဉ်ရခြင်းမှာလည်း မိမိတို့ အပေါ်ကျေးဇူးရှိသော ယင်းရေဘေးသင့်ဒေသ အတွက် ကူညီထောက်ပံ့ရေးအစီအစဉ်များတွင်တတ်စွမ်းသည့်ဘက်မှ ပါဝင်ခွင့်ရရှိရန်သာ ဖြစ်သည်။ပုံမှန်ချိန်မျိုးတွင် မှန်လုံလေအိတ်ယာဉ်များသည် ဝမ်းဗိုက်တွင် ခရီးသည်ပစ္စည်းများ၊ပါဆယ်နှင့်ကုန်ပစ္စည်းများ အပြည့်တင်ဆောင်လေ့ရှိသော်လည်း ယခင်ရက်များတွင်တံတားကျိုးမှုကြောင့် အတက်ကားနှင့် အဆင်းကား တဆင့်ချိန်းရပြီး မည်သည့်ကုန်ပစ္စည်းမျှ တင်ဆောင်နိုင်ခြင်းမရှိခဲ့ပါ။ယနေ့ ၂၈.၇.၂၀၁၅ မှကားများပြန်လည်ဖြတ်သန်းနိုင်ပြီး ကုန်ပစ္စည်းများပြန်လည်တင်ဆောင်နိုင်ခြင်းဖြစ်သောကြောင့်ယခုမှသာ အစီအစဉ်ကို ဆောင်ရွက်နိုင်ခြင်းဖြစ်ကြောင်းလေးစားစွာ အသိပေးအပ်ပါသည်။ဖားကန့်သို့ပို့မည့် ရေဘေးကူညီရေးပစ္စည်းများကိုလည်း မိုးကောင်းမြို့အရောက်ပို့ဆောင်ပေးပါမည်။

ဆက်သွယ်ရန်

မန္တလေး 02 67379 , 09 43034668

မြစ်ကြီးနား 074 21176 , 09 257985211

No comments: