Sunday, July 26, 2015

ထိုင်း-တရုတ်မီးရထားလမ်းစီမံကိန်း အောက်တိုဘာလတွင်စတင်မည် ============================================

ထိုင်း-တရုတ်မီးရထားလမ်းစီမံကိန်း အောက်တိုဘာလတွင်စတင်မည် ============================================ ဗန်ကောက် ဇူလိုင် ၂၅ ထိုင်း-တရုတ်မီးရထားလမ်းစီမံကိန်းကို အောက်တိုဘာလတွင် စတင် မည်ဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ် ပရာယုချန်အိုချာက ဇူလိုင် ၂၄ ရက်က ပြောကြားခဲ့သည်။ မီးရထားလမ်းစီမံကိန်းသည် သမိုင်းဝင်စီမံကိန်းဖြစ်ရာ ပို့ဆောင်ရေး ဝန်ကြီးဌာနဝန်ကြီး ပရာဂျင်ဂျန်ဘောင်ကို စီမံကိန်းအလျင်အမြန်ပြီးစီးရန် အရှိန်မြှင့်လုပ်ဆောင်ရန်တိုက်တွန်းကြောင်း စသည်ဖြင့် ဝန်ကြီးချုပ်က ပြောခဲ့ သည်။ တရုတ်နိုင်ငံနှင့်ထိုင်းနိုင်ငံတို့သည် လမ်းအရှည် ၈၆၇ ကီလိုမီတာရှည်လျား သော မီးရထားလမ်းကိုဖောက်လုပ်ရန်သဘောတူခဲ့ပြီး ၄င်းမီးရထားလမ်းသည် ထိုင်းနိုင်ငံ နွန်ခိုင်ပြည်နယ် အရှေ့မြောက်နှင့် ရာယွန်ပြည်နယ် အရှေ့ဘက် ကို ဆက်သွယ်ပေးမည်ဖြစ်သည်။ သဘောတူညီချက်မူကြမ်းကို သြဂုတ်၂၁ ရက်တွင် အပြီးသတ်မည်ဟု မျှော်လင့်ပြီး ၄င်းကို စက်တင်ဘာလအစောပိုင်းတွင် ထိုင်းအစိုးရအဖွဲ့သို့ တင် သွင်းမည်ဖြစ်သည်။ (ဆင်ဟွာ)

No comments: