Tuesday, July 28, 2015

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဖားကန့်မြို့-မှော်ဝမ်းရပ်-မြို့ဦးကျောင်းတိုက်အနီး၊ သီတဂူစက္ခုဒါန ဆေးရုံတော်ကြီး ပန္နက်တော်တင်၊ မြေသန့်မင်္ဂလာ နှင့် ပထမအကြိမ် အလှူတော်ငွေ ပေးအပ်ပွဲအခမ်းအနား

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဖားကန့်မြို့-မှော်ဝမ်းရပ်-မြို့ဦးကျောင်းတိုက်အနီး၊ သီတဂူစက္ခုဒါန ဆေးရုံတော်ကြီး ပန္နက်တော်တင်၊ မြေသန့်မင်္ဂလာ နှင့် ပထမအကြိမ် အလှူတော်ငွေ ပေးအပ်ပွဲအခမ်းအနား ၂၄-၇-၂၀၁၅ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဖားကန့်မြို့-မှော်ဝမ်းရပ်၊ မြို့ဦးကျောင်းတိုက်အနီးတွင် သီတဂူစက္ခဒါနဆေးရုံတော်ကြီးကို အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ၊ အဂ္ဂမဟာဂန္ထ၀ါစကပဏ္ဍိတ သီတဂူဆရာတော် ဒေါက်တာအရှင်ဥာဏိဿရ (D.Litt) (Ph.D)၊ ဘုန်းတော်ကြီးဖာသာလယန့် ဒေါင်ခေါင့်(ဥက္ကဋ္ဌ) ခရစ်ယာန်ဂိုဏ်းပေါင်းစုံမိဿဟာယအဖွဲ့၊ သိက္ခာတော်ရဆရာတော် ဦးဘီတူးဂျာ၊ အထွေထွေအတွင်းရေးမှူး-တို့မှ ဦးဆောင်၍ အမှတ်(၇) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ ဌာနချုပ်မှူး၊ အမှတ်(၁၀)လုံခြုံရေး ရဲကွပ်ကဲမှုအဖွဲ့ခွဲ၊ ဖားကန့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်ဌာနဆိုင်ရာများ၊ သီတဂူအထောက်အကူပြုအဖွဲ့များ၊ ခရစ်ယာန်အသင်းတော်များအဖွဲ့၊ ဖားကန့်ကုမ္ပဏီလုပ်ငန်းရှင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဖားကန့် မြို့နယ်သူ/မြို့နယ်သားအပေါင်းတို့က စုပေါင်း ဆောက်လုပ်လှူဒါန်းမည့် သီတဂူစက္ခုဒါန ဆေးရုံတော်ကြီး၏ ပန္နက်တော်တင်မင်္ဂလာ၊ မြေသန့်မင်္ဂလာနှင့် ပထမအကြိမ် အလှူတော်ငွေ ပေးအပ်ပွဲ အခမ်းအနားကို (၂၅-၇-၂၀၁၅)ရက်နေ့ (၁၃၇၇-ခုနှစ်၊ ဒုတိယ၀ါဆိုလဆန်း(၉)ရက်နေ့ ကျင်းပမည်ဖြစ်ကြောင်း၊ အခမ်းအနားတွင် ပထမပိုင်းအနေဖြင့် ၂၅-၇-၂၀၁၅ နေ့ နံနက် ၈း၀၀ နာရီတွင် ခရစ်ယာန်အသင်းတော်များ၏ ဆုတောင်းခြင်း မင်္ဂလာ၊ ဒုတိယပိုင်းအနေဖြင့် ညနေ ၄း၀၀ နာရီတွင် သံဃာတော်အရှင်မြတ်တို့၏ မြေသန့်မင်္ဂလာ၊ ၂၆-၇-၂၀၁၅ ရက်၊ ၁၃၇၇-ခုနှစ်၊ ဒုတိယ၀ါဆိုလဆန်း(၁၀)ရက်နေ့ နံနက်(၈း၀၀)နာရီတွင် ပန္နက်တော်တင်မင်္ဂလာနှင့် ပထမအကြိမ် အလှူတော်ငွေ ပေးအပ်ပွဲ အခမ်းအနားများ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။ ပြည်နယ်မ.ဘ.သ(သတင်း/ပြန်ကြား)

No comments: