Monday, July 27, 2015

ကချင် အဆိုတော် ရောခ့်ကာ အောင်ရာလီ နှင့်တွေ့ဆုံခြင်း ==================================

ကချင် အဆိုတော် ရောခ့်ကာ အောင်ရာလီ နှင့်တွေ့ဆုံခြင်း ================================== (lachid Kachin) ယနေ့ခေတ် ကချင် တေးချစ် ပရိတ်သတ်တွေ ကြားထဲ မှာ အောင်ရာလီ ဆိုရင် မသိတဲ့ သူတွေ မရှိ သလောက်ကိုရှား ပါတယ်။ အသံအား ကောင်းကောင်းနဲ့ ရောခ့် တေးသွားတွေကို (အသံကီး ခပ်မြင့်မြင့်) နဲ့ ကျွမ်းကျင်ပိုင်နိုင်စွာ ဟစ်ကြွေးရင်း ကချင် တေးချစ် လူငယ် ပရိတ်သတ် များ ၏ အသည်းနှလုံးကို ဖမ်း စား၊ သိမ်းပိုက်ထားသူ ဟာ ရှမ်းပြည်မြောက်ပိုင်း ၊ ကွတ်ခိုင် သား အဆိုတော် အောင်ရာလီ ဘဲ ဖြစ်ပါတယ်။ အနယ်နယ် အရပ်ရပ်က သူကို ချစ်ခင်ကြသော တေးချစ် ပရိတ်သတ် များ အတွက် ရည်ရွယ်ပြီး ကျွန်တော် တို့ Lachid Kachin ၀ိုင်းတော် သားများမှ အဆိုတော်အောင်ရာလီ နှင့် သွားရောက်တွေ့ဆုံ မေးမြန်း ထားချက်တွေ ကို ပြန်လည် ဖော် ပြပေး လိုက်ပါတယ်။ L,K။ ။ မဂ်လာ ပါ ကို အောင်ရာလီ၊ ဖြေ။ ။ မဂ်လာပါ ၊ L,K။ ။ ကျွန် တော် သိချင်တာလေးတွေ နည်းနည်းမေးခြင်လို့ မေးလို့ ရမလာ?။ ဖြေ။ ။ရပါတယ် ၊ အခုတော့ အားပါတယ် ရပါတယ်။ L,K။ ။ပထမဦးဆုံး Ginru Ginsa Mungdan DVD ဇါတ်ကားမှာ ပါဝင်ဖြစ်ပုံလေး နည်းနည်းပြောပြပေးလို့ရမလာ။ ဖြေ။ ။ ရပါတယ်။ ဒီဇာတ်ကား မှာ ကျနော်က ဇာတ်ပို့တစ်ယောက်အနေ နဲ့ ပါဝင်အားဖြည့်ထားပါတယ်။ ဒီဇာတ်ကားဟာ ကချင်လူမျိုးရေး(အမျိုးသားရေး) နှင့် ဆိုင်တဲ့ဇါတ်လမ်း ဖြစ်တယ်။လက်ရှိ ကချင်ဒေသမှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေ နဲ့ လည်းတိုက်ဆိုင်နေတာaကြာင့် ဒီအခြေနေတွေကို လူ တွေပိုပြီးစိတ်ဝင်စားအောင် ပိုပြီးလူသိများအောင် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျနော် တို့ အနုပညာရှင်(အဆိုတော်) တွေ လည်း ဒီ ဇာတ်ကား မှာ ပါဝင် သရုပ်ဆောင်ဖို့ ဆုံး ဖြတ် ဖြစ်ကြတာပါ။ L,K။ ။ဒီကားမှာ ကိုအောင်ရာလီ အပြင် ဘယ်သူတွေ ပါသေးလဲ။ ဖြေ။ ။ အများကြီးပါ ပါတယ်။ အဆိုတော်တွေထဲက ကျနော်၊ မရန်ဆိုင်းနော် ရယ် အဘာဒီး ၊ ပြီးတော့ ဒါရိုက်တာ ထုတ်လုပ်သူ လည်း ဖြစ်တဲ့ JZ ဒေါင်လွမ်း မင်းသမီးကြီး ဖြစ်တဲ့ L ဂျာတောင် ရယ် အခြား ကချင်မင်းသမီးတွေ အများကြီးပါ သေးတယ်။ L,K။ ။ ဘယ်သူ က ဒါရိုက်တာ လဲ ၊ ဘယ်ဒေသမှာ သွားရိုက်ထားတာလဲ ? ဖြေ။ ။ ဒါရိုက်တာ ကတော့ မလိခ ရုပ်ရှင် ထုတ်လုပ်ရေးက ကိုJZ ဒေါင်လွမ်း ပါ။ ထုတ်လုပ်သူ လဲ သူဘဲ။ ဒီကား ရိုက်တာ သိန်း (၃)ရာကျော်ကုန်ကျတယ်လို့ ကို ဒေါင်လွမ်းကပြောတယ်။ ရိုက်ကွင်းနေရာကတော့ ဦးလဆန်အောင် (ပြည်သူ့စစ်) ဒေသ ဖြစ်တဲ့ ဂွေထော် ဘက်မှာ သွားရိုက် ထားတာ ပါ။ L,K။ ။ ဘာ့ကြောင့် ပြည်သူ့ စစ်နေရာကို သွားရုက် ဖို့ ရွှေးချယ် ဖြစ်တာလဲ? ဖြေ။ ။ အဲဒါ က ဒီလိုရှိပါတယ် ဒီဇါတ် လမ်းထဲ မှာ တော်လှန်ရေးကာလ ဇါတ် ကားဆိုတော့ မိုင်းခွဲ တာတို့ (ယမ်းခွဲ) ပစ်ခတ်တာ တို့ အသံ အကျယ်ကြီးပါ လို့ အဲ့ ဒီနေရာကိုရွှေး ချယ်ရတာပါ။ ကျနော်တို့ အဲ့မှာနေ့ရောညပါ (၁၀)ရက်ကျော် ဆက်တိုက် မနားတမ်း ရိုက်ခဲ့ ကြတယ်။ L,K။ ။ ဘယ်လိုဇါတ်လမ်းမျိုးလဲဘ၀ပညာပေးလား? DVD ကဘယ်တော့ လောက်ထွက်မှာလဲ? ဖြေ။ ။အမှန်က ဒီဇာတ်ကားကို KIO တွေကရိုက်ရမဲ့ ဇါတ်လမ်းမျိုးပါ။ ဘယ် လို ဇါတ်လမ်းမျိုးလဲ ဆိုတော့ ၊ ဒုတိယကမ္ဘာ စစ်မတိုင်မှီ ကာလမြန်မာပြည် ကို ဂျပန်တွေ ၀င်ရောက်လာချိန် ကချင်ဒေသ ကို ကချင်တွေ ကာကွယ်တဲ့ ဇါတ်လမ်းကို အခြေခံထားတဲ့ တော်လှန်ရေး ဇါတ်ကားပါ။ လက်ရှိကချင်ဒေသ မှာ ဖြစ်ပျက်နေတဲ့ အခြေအနေ တွေ ကို မီးမောင်းထိုးပြ ထားတဲ့ ဇါတ်ကားပါ။ အဓိက ကတော့ ကျနော်တို့ ကချင်တွေဟာမြန်မာပြည် လွတ်လပ်ရေးမရခင် ခေတ် က ကချင်ဒေသ ဟာဘယ်သူ့ လက်အောက်ခံ မှ မဟုတ်ဘူး ဘယ်သူ့အုပ်ချုပ်မှုမှ မခံဘဲကိုယ့်မြေ၊ကိုယ့် ဒေသကို ကိုယ်တိုင် အုပ်ချုပ် ကာကွယ်ပြီးနေ ထိုင်လာခဲ့တဲ့လူမျိုးတွေ ဖြစ်တယ် ဆိုတဲ့ Message ကို ဒီနေ့ခေတ် လူငယ်တွေ ကို ပေးချင်တဲ့ သဘောပါ။ ဒီကားကိုအဲဒီခေတ် ကာလကပုံစံအတိုင်း ပြီပြင်မှုရှိအောင်အများကြီး ကြိုးစားထားကြပါတယ်။ အခုရုံတင်နေ ပါပြီ။ မြစ်ကြီးနား ၊ ဗန်းမော် ၊ လားရှိုး ၊ နဲ့ ရှမ်းမြောက် မှာရုံတင် ပြီးပြီ အခု နယ်လှည့်ပြီး လိုက်ပြနေတယ် ဖားကန့် ၊ဟူးကောင်း တနိုင်းတို့ ပြနေပြီ၊ အဲဒါတွေ ပြီးရင်တော့ DVD အခွေ အနေနဲ့ ပြန်ဖြန့် မှာပါ။ L,K ။ ။ကိုအောင်ရာလီ အခုလက်ရှိအချိန်ထိ သီချင်းခွေ စီးရီးဘယ်နှစ်ခု ထွက်ထားပြီးပြီလဲ? ဖြေ။ ။ ကချင်လို စီးရီး (၂)ခု နဲ့ ဗမာလို (၁) ခု ပေါင်း (၃) ခု ထွက် ထားပါပြီ။ L,K။ ။နောက်ထပ်ကောစီးရီးသစ်တွေဘယ်တော့ လောက်ပြန်ထွက်ဖို့ရှိလဲ? ဖြေ။ ။ရှိပါတယ် အခုစီစဉ်နေပါတယ် Don't Give Up Kachin ဆိုတဲ့ စီးရီးပါ ကချင်လို ဆိုထားတာပါ။ကချင်သီချင်း တတိယမြောက်အခွေ ပေါ့ VCD/DVDနဲ့ တခါထဲ တွဲ ပြီး ထွက်ဖို့ ရှိပါတယ် ။ မကြာမှီ ပရိတ်သတ် လက်ထဲ ရောက်နိုင်အောင်ကြိုးစားနေ ပါတယ်။ L,K။ ။ ကိုအောင်ရာလီ ရဲ့ လတ်တလော အနုပညာလှုပ်ရှားမှု လေးတ ချက်လောက် သိချင်ပါတယ်။ ဖြေ။ ။လက်ရှိ ကတော့ Don't Give Up Kachin စီးရီး လုပ်နေ ပါတယ်။ ပြီးတော့ပြည်ပ ခရီးစဉ်ရှိ တယ်။နောက်ပြီး စစ်ပြေးဒုက္ခသည်တွေ(စခန်း) ဆီကို သွားရောက် အားပေး ဖျော်ဖြေပေး တယ်။နောက်ပြီး ရှေ့တန်းက ကျနော်တို့ ရဲ့ မျိုးချစ်ရဲဘော်တွေ ကို သွားရောက် အားပေး ဖျော်ဖြေပေးတယ် အချိန့် ပြည့် မအားမလှပ် ပါဘဲ ။မိုးတွင်းတော့ အချိန်နဲနဲ ရတယ် ပွင့် လင်းရာသီရောက်လာ ရင်တော့ ရှိုးပွဲ တွေ ရှိတယ်။ ဒီကြားထဲ အချိန် ကို လုပြီး စစ်ပြေးဒုက္ခတည်တွေ ကို သွားရောက် အားပေး ဖျော်ဖြေ ပေးတယ် ။ အဲ့ လို ပေါ့။ L,K ။ ။ နောက်ဆုံး အနေ နဲ့ ကိုအောင်ရာလီ ရဲ့ ပရိတ်သတ်တွေကို ဘာ များပြော ခြင်သေးလဲ..? ဖြေ။ ။ လက်ရှိ ကျနော်တို့ ကချင်တွေရဲ့ အခြေအနေ က တမျိုးသားလုံး အတွက် အရမ်းအရေးကြီးတဲ့ အချိန် ဖြစ်ပါတယ်၊ အဲ့ ဒါကြောင့် ကိုယ့် လူမျိုးတွေ ဒီလို ဒုက္ခရောက်နေတဲ့ အချိန်မှာ ကိုယ်နဲ့ မဆိုင်ဘူး၊ ကိုယ့် အလုပ်မဟုတ်ဘူး လို့ မခံယူ(မယူဆ)ဘဲ တမျိုးသားလုံး ဒုက္ခရောက် နေတယ်၊ ကိုယ်ရောက်နေတဲ့ အရပ်မှာ ကိုယ်လုပ်တဲ့ အလုပ်တိုင်းဟာ ကိုယ့် လူမျိုး အတွက် အရေးကြီးတယ်၊ ကိုယ့် လူမျိုး နဲ့ သက်ဆိုင်တဲ့ အလုပ်တိုင်းကို အားလုံးပါဝင်ရအောင်လို့ အားလုံး ၀ိုင်းပြီး ကြိုးစားကြ ရအောင် လို့ နောက်ဆုံး အနေနဲ့ ပြောခြင်ပါတယ်။ ကျေးဇူးတင်ပါတယ်။ L,K ။ ။အခုလိုမအားလပ်တဲ့ ကြားထဲက ကျနော်တို့ကိုအချိန်ပေးပြီးဖြေ ကြားပေးတဲ့ ကိုအောင်ရာလီ ကို အရမ်းကျေးဇူးတင်ပါတယ်။ ဖြေ။ ။ ဟုတ်ကဲ့ ကျနော် လည်းကျေးဇူးတင်ပါတယ်။ (စါတ်ပုံ ။ ။ Ginruginsa mungdan ဇါတ်ဝင်ခန်းပုံ နှင့် USA တွင် ဖျော်ဖြေနေစဉ်။) ကချင် အဆိုတော် ရောခ့်ကာ အောင်ရာလီ နှင့်တွေ့ဆုံခြင်း ================================== (lachid Kachin) ယနေ့ခေတ် ကချင် တေးချစ် ပရိတ်သတ်တွေ ကြားထဲ မှာ အောင်ရာလီ ဆိုရင် မသိတဲ့ သူတွေ မရှိ သလောက်ကိုရှား ပါတယ်။ အသံအား ကောင်းကောင်းနဲ့ ရောခ့် တေးသွားတွေကို (အသံကီး ခပ်မြင့်မြင့်) နဲ့ ကျွမ်းကျင်ပိုင်နိုင်စွာ ဟစ်ကြွေးရင်း ကချင် တေးချစ် လူငယ် ပရိတ်သတ် များ ၏ အသည်းနှလုံးကို ဖမ်း စား၊ သိမ်းပိုက်ထားသူ ဟာ ရှမ်းပြည်မြောက်ပိုင်း ၊ ကွတ်ခိုင် သား အဆိုတော် အောင်ရာလီ ဘဲ ဖြစ်ပါတယ်။ အနယ်နယ် အရပ်ရပ်က သူကို ချစ်ခင်ကြသော တေးချစ် ပရိတ်သတ် များ အတွက် ရည်ရွယ်ပြီး ကျွန်တော် တို့ Lachid Kachin ၀ိုင်းတော် သားများမှ အဆိုတော်အောင်ရာလီ နှင့် သွားရောက်တွေ့ဆုံ မေးမြန်း ထားချက်တွေ ကို ပြန်လည် ဖော် ပြပေး လိုက်ပါတယ်။ L,K။ ။ မဂ်လာ ပါ ကို အောင်ရာလီ၊ ဖြေ။ ။ မဂ်လာပါ ၊ L,K။ ။ ကျွန် တော် သိချင်တာလေးတွေ နည်းနည်းမေးခြင်လို့ မေးလို့ ရမလာ?။ ဖြေ။ ။ရပါတယ် ၊ အခုတော့ အားပါတယ် ရပါတယ်။ L,K။ ။ပထမဦးဆုံး Ginru Ginsa Mungdan DVD ဇါတ်ကားမှာ ပါဝင်ဖြစ်ပုံလေး နည်းနည်းပြောပြပေးလို့ရမလာ။ ဖြေ။ ။ ရပါတယ်။ ဒီဇာတ်ကား မှာ ကျနော်က ဇာတ်ပို့တစ်ယောက်အနေ နဲ့ ပါဝင်အားဖြည့်ထားပါတယ်။ ဒီဇာတ်ကားဟာ ကချင်လူမျိုးရေး(အမျိုးသားရေး) နှင့် ဆိုင်တဲ့ဇါတ်လမ်း ဖြစ်တယ်။လက်ရှိ ကချင်ဒေသမှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေ နဲ့ လည်းတိုက်ဆိုင်နေတာaကြာင့် ဒီအခြေနေတွေကို လူ တွေပိုပြီးစိတ်ဝင်စားအောင် ပိုပြီးလူသိများအောင် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျနော် တို့ အနုပညာရှင်(အဆိုတော်) တွေ လည်း ဒီ ဇာတ်ကား မှာ ပါဝင် သရုပ်ဆောင်ဖို့ ဆုံး ဖြတ် ဖြစ်ကြတာပါ။ L,K။ ။ဒီကားမှာ ကိုအောင်ရာလီ အပြင် ဘယ်သူတွေ ပါသေးလဲ။ ဖြေ။ ။ အများကြီးပါ ပါတယ်။ အဆိုတော်တွေထဲက ကျနော်၊ မရန်ဆိုင်းနော် ရယ် အဘာဒီး ၊ ပြီးတော့ ဒါရိုက်တာ ထုတ်လုပ်သူ လည်း ဖြစ်တဲ့ JZ ဒေါင်လွမ်း မင်းသမီးကြီး ဖြစ်တဲ့ L ဂျာတောင် ရယ် အခြား ကချင်မင်းသမီးတွေ အများကြီးပါ သေးတယ်။ L,K။ ။ ဘယ်သူ က ဒါရိုက်တာ လဲ ၊ ဘယ်ဒေသမှာ သွားရိုက်ထားတာလဲ ? ဖြေ။ ။ ဒါရိုက်တာ ကတော့ မလိခ ရုပ်ရှင် ထုတ်လုပ်ရေးက ကိုJZ ဒေါင်လွမ်း ပါ။ ထုတ်လုပ်သူ လဲ သူဘဲ။ ဒီကား ရိုက်တာ သိန်း (၃)ရာကျော်ကုန်ကျတယ်လို့ ကို ဒေါင်လွမ်းကပြောတယ်။ ရိုက်ကွင်းနေရာကတော့ ဦးလဆန်အောင် (ပြည်သူ့စစ်) ဒေသ ဖြစ်တဲ့ ဂွေထော် ဘက်မှာ သွားရိုက် ထားတာ ပါ။ L,K။ ။ ဘာ့ကြောင့် ပြည်သူ့ စစ်နေရာကို သွားရုက် ဖို့ ရွှေးချယ် ဖြစ်တာလဲ? ဖြေ။ ။ အဲဒါ က ဒီလိုရှိပါတယ် ဒီဇါတ် လမ်းထဲ မှာ တော်လှန်ရေးကာလ ဇါတ် ကားဆိုတော့ မိုင်းခွဲ တာတို့ (ယမ်းခွဲ) ပစ်ခတ်တာ တို့ အသံ အကျယ်ကြီးပါ လို့ အဲ့ ဒီနေရာကိုရွှေး ချယ်ရတာပါ။ ကျနော်တို့ အဲ့မှာနေ့ရောညပါ (၁၀)ရက်ကျော် ဆက်တိုက် မနားတမ်း ရိုက်ခဲ့ ကြတယ်။ L,K။ ။ ဘယ်လိုဇါတ်လမ်းမျိုးလဲဘ၀ပညာပေးလား? DVD ကဘယ်တော့ လောက်ထွက်မှာလဲ? ဖြေ။ ။အမှန်က ဒီဇာတ်ကားကို KIO တွေကရိုက်ရမဲ့ ဇါတ်လမ်းမျိုးပါ။ ဘယ် လို ဇါတ်လမ်းမျိုးလဲ ဆိုတော့ ၊ ဒုတိယကမ္ဘာ စစ်မတိုင်မှီ ကာလမြန်မာပြည် ကို ဂျပန်တွေ ၀င်ရောက်လာချိန် ကချင်ဒေသ ကို ကချင်တွေ ကာကွယ်တဲ့ ဇါတ်လမ်းကို အခြေခံထားတဲ့ တော်လှန်ရေး ဇါတ်ကားပါ။ လက်ရှိကချင်ဒေသ မှာ ဖြစ်ပျက်နေတဲ့ အခြေအနေ တွေ ကို မီးမောင်းထိုးပြ ထားတဲ့ ဇါတ်ကားပါ။ အဓိက ကတော့ ကျနော်တို့ ကချင်တွေဟာမြန်မာပြည် လွတ်လပ်ရေးမရခင် ခေတ် က ကချင်ဒေသ ဟာဘယ်သူ့ လက်အောက်ခံ မှ မဟုတ်ဘူး ဘယ်သူ့အုပ်ချုပ်မှုမှ မခံဘဲကိုယ့်မြေ၊ကိုယ့် ဒေသကို ကိုယ်တိုင် အုပ်ချုပ် ကာကွယ်ပြီးနေ ထိုင်လာခဲ့တဲ့လူမျိုးတွေ ဖြစ်တယ် ဆိုတဲ့ Message ကို ဒီနေ့ခေတ် လူငယ်တွေ ကို ပေးချင်တဲ့ သဘောပါ။ ဒီကားကိုအဲဒီခေတ် ကာလကပုံစံအတိုင်း ပြီပြင်မှုရှိအောင်အများကြီး ကြိုးစားထားကြပါတယ်။ အခုရုံတင်နေ ပါပြီ။ မြစ်ကြီးနား ၊ ဗန်းမော် ၊ လားရှိုး ၊ နဲ့ ရှမ်းမြောက် မှာရုံတင် ပြီးပြီ အခု နယ်လှည့်ပြီး လိုက်ပြနေတယ် ဖားကန့် ၊ဟူးကောင်း တနိုင်းတို့ ပြနေပြီ၊ အဲဒါတွေ ပြီးရင်တော့ DVD အခွေ အနေနဲ့ ပြန်ဖြန့် မှာပါ။ L,K ။ ။ကိုအောင်ရာလီ အခုလက်ရှိအချိန်ထိ သီချင်းခွေ စီးရီးဘယ်နှစ်ခု ထွက်ထားပြီးပြီလဲ? ဖြေ။ ။ ကချင်လို စီးရီး (၂)ခု နဲ့ ဗမာလို (၁) ခု ပေါင်း (၃) ခု ထွက် ထားပါပြီ။ L,K။ ။နောက်ထပ်ကောစီးရီးသစ်တွေဘယ်တော့ လောက်ပြန်ထွက်ဖို့ရှိလဲ? ဖြေ။ ။ရှိပါတယ် အခုစီစဉ်နေပါတယ် Don't Give Up Kachin ဆိုတဲ့ စီးရီးပါ ကချင်လို ဆိုထားတာပါ။ကချင်သီချင်း တတိယမြောက်အခွေ ပေါ့ VCD/DVDနဲ့ တခါထဲ တွဲ ပြီး ထွက်ဖို့ ရှိပါတယ် ။ မကြာမှီ ပရိတ်သတ် လက်ထဲ ရောက်နိုင်အောင်ကြိုးစားနေ ပါတယ်။ L,K။ ။ ကိုအောင်ရာလီ ရဲ့ လတ်တလော အနုပညာလှုပ်ရှားမှု လေးတ ချက်လောက် သိချင်ပါတယ်။ ဖြေ။ ။လက်ရှိ ကတော့ Don't Give Up Kachin စီးရီး လုပ်နေ ပါတယ်။ ပြီးတော့ပြည်ပ ခရီးစဉ်ရှိ တယ်။နောက်ပြီး စစ်ပြေးဒုက္ခသည်တွေ(စခန်း) ဆီကို သွားရောက် အားပေး ဖျော်ဖြေပေး တယ်။နောက်ပြီး ရှေ့တန်းက ကျနော်တို့ ရဲ့ မျိုးချစ်ရဲဘော်တွေ ကို သွားရောက် အားပေး ဖျော်ဖြေပေးတယ် အချိန့် ပြည့် မအားမလှပ် ပါဘဲ ။မိုးတွင်းတော့ အချိန်နဲနဲ ရတယ် ပွင့် လင်းရာသီရောက်လာ ရင်တော့ ရှိုးပွဲ တွေ ရှိတယ်။ ဒီကြားထဲ အချိန် ကို လုပြီး စစ်ပြေးဒုက္ခတည်တွေ ကို သွားရောက် အားပေး ဖျော်ဖြေ ပေးတယ် ။ အဲ့ လို ပေါ့။ L,K ။ ။ နောက်ဆုံး အနေ နဲ့ ကိုအောင်ရာလီ ရဲ့ ပရိတ်သတ်တွေကို ဘာ များပြော ခြင်သေးလဲ..? ဖြေ။ ။ လက်ရှိ ကျနော်တို့ ကချင်တွေရဲ့ အခြေအနေ က တမျိုးသားလုံး အတွက် အရမ်းအရေးကြီးတဲ့ အချိန် ဖြစ်ပါတယ်၊ အဲ့ ဒါကြောင့် ကိုယ့် လူမျိုးတွေ ဒီလို ဒုက္ခရောက်နေတဲ့ အချိန်မှာ ကိုယ်နဲ့ မဆိုင်ဘူး၊ ကိုယ့် အလုပ်မဟုတ်ဘူး လို့ မခံယူ(မယူဆ)ဘဲ တမျိုးသားလုံး ဒုက္ခရောက် နေတယ်၊ ကိုယ်ရောက်နေတဲ့ အရပ်မှာ ကိုယ်လုပ်တဲ့ အလုပ်တိုင်းဟာ ကိုယ့် လူမျိုး အတွက် အရေးကြီးတယ်၊ ကိုယ့် လူမျိုး နဲ့ သက်ဆိုင်တဲ့ အလုပ်တိုင်းကို အားလုံးပါဝင်ရအောင်လို့ အားလုံး ၀ိုင်းပြီး ကြိုးစားကြ ရအောင် လို့ နောက်ဆုံး အနေနဲ့ ပြောခြင်ပါတယ်။ ကျေးဇူးတင်ပါတယ်။ L,K ။ ။အခုလိုမအားလပ်တဲ့ ကြားထဲက ကျနော်တို့ကိုအချိန်ပေးပြီးဖြေ ကြားပေးတဲ့ ကိုအောင်ရာလီ ကို အရမ်းကျေးဇူးတင်ပါတယ်။ ဖြေ။ ။ ဟုတ်ကဲ့ ကျနော် လည်းကျေးဇူးတင်ပါတယ်။ (စါတ်ပုံ ။ ။ Ginruginsa mungdan ဇါတ်ဝင်ခန်းပုံ နှင့် USA တွင် ဖျော်ဖြေနေစဉ်။)

No comments: