Saturday, July 25, 2015

မစ်ကြီးနား-မန္တလေးရထားလမ်းပိုင်း ပြင်နေ၍ ခရီးသည်များကို ဘတ်စ်ကားများဖြင့် စတင်ပို့ဆောင်ပေးနေ

ရေတိုက်စားမှုကြောင့် ပျက်စီးသွားသည့် မန္တလေး-မြစ် ကြီးနားရထားလမ်းပိုင်း ပြန်လည် ပြုပြင်နေ၍ ခရီးသည်များအား ကန့်ဘလူဘူတာမှ ကောလင်းဘူတာအထိ ဘတ်စ်ကားငါးစီးဖြင့် ဇူလိုင် ၂၄ ရက်က စတင်ပို့ဆောင် ပေးနေကြောင်း သတင်းရရှိသည်။ ‘‘ကုန်းလမ်းပို့ဆောင်ရေးဦး စီးဌာနက စီစဉ်ပေးတဲ့ RTC ကား တွေနဲ့ ပြေးဆွဲပေးနေတယ်။ ကား တွေကို ကောလင်းမှာ နှစ်စီးထား ပြီး ကန့်ဘလူမှာ သုံးစီးထားပေး ထားတယ်’’ဟု မြန်မာ့မီးရထား (အထက်မြန်မာပြည်) အထွေထွေမန်နေဂျာဦးမျိုးဝင်းကပြောသည်။ မန္တလေးဘူတာမှ ထွက်လာ သည့်ရထားသည် ကန့်ဘလူဘူ တာတွင် ရပ်နား၍ ခရီးသည်အ တင်အချပြုလုပ်မည်ဖြစ်ပြီး မြစ် ကြီးနားသို့ ဆက်သွားလိုသည့် ခရီး သည်များအား ကောလင်းဘူတာ သို့ ကားဖြင့် ပို့ဆောင်မည်ဖြစ် သည်။ ထို့နောက် ကောလင်းဘူ တာမှတစ်ဆင့် မြစ်ကြီးနားသို့ ရထားဖြင့် ထပ်မံပို့ဆောင်ပေးမည်ဖြစ်သည်။ မြစ်ကြီးနားမှ ထွက်လာ သည့် ရထားသည်လည်း ကော လင်းဘူတာတွင် ရပ်နားပြီး မန္တ လေးသို့ ဆက်လက်ထွက်ခွာလို သော ခရီးသည်များအား ကားဖြင့် ကန့်ဘလူဘူတာသို့ ပို့ဆောင်ပေး မည်ဖြစ်ကာ ထိုမှတစ်ဆင့် မန္တလေးသို့ ရထားဖြင့် ပို့ဆောင်ပေး မည်ဖြစ်သည်။ ‘‘မနက် ၆ နာရီစထွက်တယ်။ ကောလင်းဘူတာကနေ ဒီမနက် ၆ နာရီမှာ ကားနှစ်စီးနဲ့ ကန့်ဘလူ ကို ပို့လိုက်ပြီ။ ခရီးသည်စုစုပေါင်း ၉၈ ယောက်လောက် ပါသွား တယ်။ ရထားလမ်း မဖွင့်မချင်း ကားတွေနဲ့ ပြေးဆွဲပေးနေမယ်’’ ဟု ဦးမျိုးဝင်းက ပြောသည်။ ကန့်ဘလူဘူတာနှင့် ကော လင်းဘူတာနှစ်ခုကြား ယာဉ်စီးခ တစ်ဦးလျှင် ကျပ် ၁,၀၀၀ သတ် မှတ်ထားပြီး ရထားလက်မှတ်ခမှာ ယခင်နှုန်းထားအတိုင်း သတ်မှတ် ပြေးဆွဲနေကြောင်း၊ ရထားလမ်း ပျက်စီးမှုကြောင့် ဘူတာသုံးခုတွင် ပိတ်မိနေသည့် ခရီးသည်များမရှိ တော့ဘဲ ပျက်စီးနေသည့် ရထား လမ်းပိုင်းကို သြဂုတ် ၁ ရက်တွင် ပြန်လည်ပြေးဆွဲနိုင်ရန် ခန့်မှန်း ထားကြောင်း ဆိုသည်။ ‘‘ဆန်ရွာဘူတာကနေ ကံကြီးဘူတာအထိ ရထားသံလမ်းအရှည်က ၆၅ မိုင်ရှိတယ်။ ခန့်မှန်းခြေပေါ့နော်။ အဲဒီ ၆၅ မိုင်မှာကောင်းတဲ့သံလမ်းက ကောင်းတယ်။ ပျက်စီးတဲ့ သံလမ်းက ပျက်စီးနေတယ်။ ရထားလမ်းကိုတော့ နေ့ရော ညရော ပြင်နေတာ’’ဟု ဦးမျိုးဝင်းက ပြောသည်။ မန္တလေးမှ ကန့်ဘလူအထိ ရထားလက်မှတ်ခမှာ ရိုးရိုးတန်း ၁,၀၀၀ ကျပ်၊ ပထမတန်း ၁,၂၅၀ ကျပ်၊ အထက်တန်း ၁,၃၅၀ ကျပ် ခန့်ရှိပြီး ကောလင်းမှ မြစ်ကြီးနားအထိ ရိုးရိုးတန်း ၁,၇၀၀ ကျပ်၊ ပထမတန်း ၂,၂၅၀ ကျပ်၊ အထက် တန်း ၃,၉၅၀ ကျပ်ခန့်ရှိသည်။ စစ် ကိုင်းတိုင်းအထက်ပိုင်းတွင် ဇူလိုင်ဒုတိယပတ်အတွင်း မိုးသည်းထန် စွာ ရွာသွန်းခဲ့သဖြင့် ရေကြီးရေလျှံ မှုများဖြစ်ပေါ်ကာ မိုးရေတိုက်စား မှုကြောင့် မန္တလေး-မြစ်ကြီးနား ရထားလမ်းပိုင်းပေါ်ရှိ ကံကြီးဘူ တာနှင့် ကောလင်းဘူတာကြား လမ်းပိုင်းမှာ ဇူလိုင် ၁၇ ရက်က တည်းက ပျက်စီးသွားခဲ့ခြင်းဖြစ် သည်။

No comments: