Monday, July 27, 2015

ရွေးကောက်ပွဲကော်မရှင်၏ သက်မှတ်စည်းကမ်း ဖောက်ဖျက်မှုဖြင့် NLD ပါတီ အရေးယူခံရဖွယ်ရှိ ===============

ရွေးကောက်ပွဲကော်မရှင်၏ သက်မှတ်စည်းကမ်း ဖောက်ဖျက်မှုဖြင့် NLD ပါတီ အရေးယူခံရဖွယ်ရှိ ======================================= အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD အနေဖြင့် ရွေးကောက်ပွဲကော်မရှင်မှ သတ်မှတ်ထားသော နိုင်ငံရေးပါတီအားလုံး လိုက်နာရမည့်စည်းကမ်းချက်များအား ချိုးဖောက်မှုဖြင့် အရေးယူခံရဖွယ်ရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ တာဝန်ရှိသူတစ်ဦးက သတိပေးပြောကြားလိုက်ပါတယ်။ လက်ရှိ NLD ပါတီအနေဖြင့် အခြားပါတီပေါင်း ၈၆ ပါတီထက် အခွင့်အရေးများပိုမိုရယူနေပြီး ပါတီအားလုံးလိုက်နာရမည့်စည်းကမ်းကို ဖောက်ဖျက်နေသဖြင့် အရေးယူပေးရန် အခြားနိုင်ငံရေးပါတီများက တိုင်ကြားမှုများ ရှိကြောင်း မြို့နယ်ရွေးကော်ဥက္ကဋ္ဌ တစ်ဦးကဆိုသည်။ “လက်ရှိတော့ တိုင်စာတချို့ရထားတာရှိတယ်။ အဓိကကတော့ ကော်မရှင်က သတ်မှတ်တဲ့ စည်းရုံးရေးကာလမရောက်ခင်မှာ နယ်လှည့်ပြီး ပါတီကို မဲထည့်ဖို့ပြောတဲ့ ကိစ္စပါ” ဟု ဆိုသည်။ အဆိုပါတိုင်ကြားမှုများအတိုင်း တိတိကျကျ အရေးယူပါက ဖွဲ့စည်းပုံအခြေခံဥပဒေအရ NLD ပါတီကို ဖျက်သိမ်းခံရနိုင်ကြောင်း ၎င်းမှ ဆိုသည်။ တိုင်းရင်းသားပါတီ ဥက္ကဋ္ဌတစ်ဦးမှလည်း နိုင်ငံရေးပါတီပေါင်း ၈၈ ပါတီရှိသည့်အနက် ကျန်သည့် ၈၆ ပါတီက စည်းရုံးရေးကာလမှ စည်းရုံးခွင့်ပေးပြီး USDP နှင့် NLD ဥက္ကဋ္ဌများက အခွင့်ထူးခံကာ ကြိုတင် စည်းရုံးနေခြင်းမှာ တရားမျှတမှုမရှိကြောင်း၊ အဆိုပါ ပါတီများအနေဖြင့် မတရားမှုဖြင့် အနိုင်မယူသင့်ဘဲ သိက္ခာရှိရှိ ယှဉ်ပြိုင်အနိုင်ယူသင့်ကြောင်း ပြောဆိုထားသည်။ “ပါတီကြီးတွေပါပဲ။ USDP တို့ NLD တို့ပေါ့။ ကျန်တဲ့ ၈၆ ပါတီကျတော့ စည်းရုံးခွင့်မရှိဘူး။ သူတို့နှစ်ပါတီတည်း ဥက္ကဋ္ဌတွေက စည်းရုံးရေးဆင်းနေကြတယ်လေ။ အခွင့်ထူးခံတယ်ပြောရမှာပေါ့။ ပြိုင်ပွဲဝင်တာပဲ အညီအမျှ ပြိုင်သင့်တာပေါ့။ ဒါကို ဦးတို့က မကျေနပ်ဘူး။ ကော်မရှင်ကို တိုင်ထားတယ်။ တခြားပါတီတွေလည်း လက်မှတ်ထိုးပြီး တိုင်ထားတယ်ပြောတယ်။” ဟု တိုင်းရင်းသားပါတီခေါင်းဆောင် တစ်ဦးမှ ဆိုသည်။ ၂၀၁၄ ဒီဇင်ဘာ ၁၅ ရက်နေ့တွင် ရန်ကုန်မြို့၌ ပြုလုပ်ခဲ့သော ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် နိုင်ငံရေးပါတီများ အကြား ပူးပေါင်းညှိနှိုင်းဆောင်ရွက်မှုအစည်းအဝေးတွင် ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးမှ ၂၀၁၅ ရွေးကောက်ပွဲကျင်းပမည့်ရက်အား ၃ လ ကြိုတင်အသိပေးမည်ဖြစ်ပြီး စည်းရုံးရေးကာလအား ရက်ပေါင်း ၆၀ သတ်မှတ်ပေးမည်ဖြစ်ကြောင်း NLD နှင့် USDP အပါအဝင် နိုင်ငံရေးပါတီပေါင်း ၆၀ ကျော်အား ပြောဆိုခဲ့သည်။ ဘခက် ရွေးကောက်ပွဲကော်မရှင်၏ သက်မှတ်စည်းကမ်း ဖောက်ဖျက်မှုဖြင့် NLD ပါတီ အရေးယူခံရဖွယ်ရှိ ======================================= အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD အနေဖြင့် ရွေးကောက်ပွဲကော်မရှင်မှ သတ်မှတ်ထားသော နိုင်ငံရေးပါတီအားလုံး လိုက်နာရမည့်စည်းကမ်းချက်များအား ချိုးဖောက်မှုဖြင့် အရေးယူခံရဖွယ်ရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ တာဝန်ရှိသူတစ်ဦးက သတိပေးပြောကြားလိုက်ပါတယ်။ လက်ရှိ NLD ပါတီအနေဖြင့် အခြားပါတီပေါင်း ၈၆ ပါတီထက် အခွင့်အရေးများပိုမိုရယူနေပြီး ပါတီအားလုံးလိုက်နာရမည့်စည်းကမ်းကို ဖောက်ဖျက်နေသဖြင့် အရေးယူပေးရန် အခြားနိုင်ငံရေးပါတီများက တိုင်ကြားမှုများ ရှိကြောင်း မြို့နယ်ရွေးကော်ဥက္ကဋ္ဌ တစ်ဦးကဆိုသည်။ “လက်ရှိတော့ တိုင်စာတချို့ရထားတာရှိတယ်။ အဓိကကတော့ ကော်မရှင်က သတ်မှတ်တဲ့ စည်းရုံးရေးကာလမရောက်ခင်မှာ နယ်လှည့်ပြီး ပါတီကို မဲထည့်ဖို့ပြောတဲ့ ကိစ္စပါ” ဟု ဆိုသည်။ အဆိုပါတိုင်ကြားမှုများအတိုင်း တိတိကျကျ အရေးယူပါက ဖွဲ့စည်းပုံအခြေခံဥပဒေအရ NLD ပါတီကို ဖျက်သိမ်းခံရနိုင်ကြောင်း ၎င်းမှ ဆိုသည်။ တိုင်းရင်းသားပါတီ ဥက္ကဋ္ဌတစ်ဦးမှလည်း နိုင်ငံရေးပါတီပေါင်း ၈၈ ပါတီရှိသည့်အနက် ကျန်သည့် ၈၆ ပါတီက စည်းရုံးရေးကာလမှ စည်းရုံးခွင့်ပေးပြီး USDP နှင့် NLD ဥက္ကဋ္ဌများက အခွင့်ထူးခံကာ ကြိုတင် စည်းရုံးနေခြင်းမှာ တရားမျှတမှုမရှိကြောင်း၊ အဆိုပါ ပါတီများအနေဖြင့် မတရားမှုဖြင့် အနိုင်မယူသင့်ဘဲ သိက္ခာရှိရှိ ယှဉ်ပြိုင်အနိုင်ယူသင့်ကြောင်း ပြောဆိုထားသည်။ “ပါတီကြီးတွေပါပဲ။ USDP တို့ NLD တို့ပေါ့။ ကျန်တဲ့ ၈၆ ပါတီကျတော့ စည်းရုံးခွင့်မရှိဘူး။ သူတို့နှစ်ပါတီတည်း ဥက္ကဋ္ဌတွေက စည်းရုံးရေးဆင်းနေကြတယ်လေ။ အခွင့်ထူးခံတယ်ပြောရမှာပေါ့။ ပြိုင်ပွဲဝင်တာပဲ အညီအမျှ ပြိုင်သင့်တာပေါ့။ ဒါကို ဦးတို့က မကျေနပ်ဘူး။ ကော်မရှင်ကို တိုင်ထားတယ်။ တခြားပါတီတွေလည်း လက်မှတ်ထိုးပြီး တိုင်ထားတယ်ပြောတယ်။” ဟု တိုင်းရင်းသားပါတီခေါင်းဆောင် တစ်ဦးမှ ဆိုသည်။ ၂၀၁၄ ဒီဇင်ဘာ ၁၅ ရက်နေ့တွင် ရန်ကုန်မြို့၌ ပြုလုပ်ခဲ့သော ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် နိုင်ငံရေးပါတီများ အကြား ပူးပေါင်းညှိနှိုင်းဆောင်ရွက်မှုအစည်းအဝေးတွင် ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးမှ ၂၀၁၅ ရွေးကောက်ပွဲကျင်းပမည့်ရက်အား ၃ လ ကြိုတင်အသိပေးမည်ဖြစ်ပြီး စည်းရုံးရေးကာလအား ရက်ပေါင်း ၆၀ သတ်မှတ်ပေးမည်ဖြစ်ကြောင်း NLD နှင့် USDP အပါအဝင် နိုင်ငံရေးပါတီပေါင်း ၆၀ ကျော်အား ပြောဆိုခဲ့သည်။ ဘခက်

No comments: