Monday, July 27, 2015

ရေကြီးရေလျှံမှုကြောင့် မော်လူး၌ အများပြည်သူသုံး သဘာဝစိမ့်စမ်းရေကန် ပျက်စီး၊ သောက်သုံးရေ အမြန်ဆုံးရရှိရေး ဆောင်ရွက်လျက်ရှိ ================================

ရေကြီးရေလျှံမှုကြောင့် မော်လူး၌ အများပြည်သူသုံး သဘာဝစိမ့်စမ်းရေကန် ပျက်စီး၊ သောက်သုံးရေ အမြန်ဆုံးရရှိရေး ဆောင်ရွက်လျက်ရှိ ============================================= မော်လူး ဇူလိုင် ၂၆ စစ်ကိုင်းတိုင်း ဒေသကြီး အင်းတော်မြို့နယ် မော်လူး၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဟဲနုချောင်း ရေကြီးရေလျှံမှုဖြစ်ပြီး ယင်းချောင်းကို အမှီပြုကာ ကျောက် ဆည် သဘာဝသောက်သုံးရေကန် သည် ပျက်စီးခဲ့သဖြင့် ဇူလိုင် ၂၅ ရက် က စတင်ကာ ပြုပြင်ဆောင်ရွက်လျက်ရှိ ကြောင်း၊ မကြာမီအချိန်တွင် ဒေသခံ ပြည်သူများထံ သဘာဝသောက်သုံးရေ ရရှိမှု အခက်အခဲကို ပြန်လည်ဖြေရှင်း ပေးနိုင်တော့မည်ဖြစ်ကြောင်း သိရ သည်။ ကျောက်ဆည်သဘာဝ ချောင်း ရေကို အမှီပြုကာ အသုံးပြုလျက်ရှိ သော မော်လူး၌ ရပ်ကွက်ပေါင်း ခြောက်ရပ်ကွက်နှင့် ဟဲနုကျေးရွာ၊ အုန်းဒုတ်ကျေးရွာ၊ မင်းသာကျေးရွာ၊ မန်ကျည်းကုန်းကျေးရွာများမှ ရေသုံး စွဲသူ ရေတိုင်ပေါင်း ၇၂ဝ နှင့် အများ သုံးရေတိုင်အပါအဝင် အဆိုပါ ရေတိုင်ကို အမှီပြုကာ ရေသုံးစွဲသူ အိမ်ထောင်စုပေါင်း ၂ဝဝဝ ကျော်ခန့် က နေ့စဉ်သုံးစွဲလျက်ရှိသည်။ ဇူလိုင် ၂၄ ရက် နံနက် ၃ နာရီခန့်က မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့် ရေကြီးရေလျှံမှုဖြစ်ပြီး ဟဲနုချောင်း ဖျားမှ စီးဆင်းလာသော သဘာဝ ချောင်းရေကို အမှီပြုကာ ယင်းချောင်း အတွင်းမှ သွယ်ယူလျက် ကျောက်စီ ရေစစ်ကန်နှင့် အလျားပေ ၂ဝ၊ အနံ ၁၅ ပေရှိသော ရေကြည်ကန်၏ အမိုးအကာများမှာ ရေစီးနှင့်အတူ မျောပါခဲ့သောကြောင့် ရေပေးဝေ ရေး ပြတ်တောက်ခဲ့သဖြင့် ရေသုံးစွဲ မှုအခက်အခဲနှင့် ကြုံတွေ့ခဲ့ရ သည်။ ညိုမင်းထက်(မြန်မာစာ) ရေကြီးရေလျှံမှုကြောင့် မော်လူး၌ အများပြည်သူသုံး သဘာဝစိမ့်စမ်းရေကန် ပျက်စီး၊ သောက်သုံးရေ အမြန်ဆုံးရရှိရေး ဆောင်ရွက်လျက်ရှိ ============================================= မော်လူး ဇူလိုင် ၂၆ စစ်ကိုင်းတိုင်း ဒေသကြီး အင်းတော်မြို့နယ် မော်လူး၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဟဲနုချောင်း ရေကြီးရေလျှံမှုဖြစ်ပြီး ယင်းချောင်းကို အမှီပြုကာ ကျောက် ဆည် သဘာဝသောက်သုံးရေကန် သည် ပျက်စီးခဲ့သဖြင့် ဇူလိုင် ၂၅ ရက် က စတင်ကာ ပြုပြင်ဆောင်ရွက်လျက်ရှိ ကြောင်း၊ မကြာမီအချိန်တွင် ဒေသခံ ပြည်သူများထံ သဘာဝသောက်သုံးရေ ရရှိမှု အခက်အခဲကို ပြန်လည်ဖြေရှင်း ပေးနိုင်တော့မည်ဖြစ်ကြောင်း သိရ သည်။ ကျောက်ဆည်သဘာဝ ချောင်း ရေကို အမှီပြုကာ အသုံးပြုလျက်ရှိ သော မော်လူး၌ ရပ်ကွက်ပေါင်း ခြောက်ရပ်ကွက်နှင့် ဟဲနုကျေးရွာ၊ အုန်းဒုတ်ကျေးရွာ၊ မင်းသာကျေးရွာ၊ မန်ကျည်းကုန်းကျေးရွာများမှ ရေသုံး စွဲသူ ရေတိုင်ပေါင်း ၇၂ဝ နှင့် အများ သုံးရေတိုင်အပါအဝင် အဆိုပါ ရေတိုင်ကို အမှီပြုကာ ရေသုံးစွဲသူ အိမ်ထောင်စုပေါင်း ၂ဝဝဝ ကျော်ခန့် က နေ့စဉ်သုံးစွဲလျက်ရှိသည်။ ဇူလိုင် ၂၄ ရက် နံနက် ၃ နာရီခန့်က မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့် ရေကြီးရေလျှံမှုဖြစ်ပြီး ဟဲနုချောင်း ဖျားမှ စီးဆင်းလာသော သဘာဝ ချောင်းရေကို အမှီပြုကာ ယင်းချောင်း အတွင်းမှ သွယ်ယူလျက် ကျောက်စီ ရေစစ်ကန်နှင့် အလျားပေ ၂ဝ၊ အနံ ၁၅ ပေရှိသော ရေကြည်ကန်၏ အမိုးအကာများမှာ ရေစီးနှင့်အတူ မျောပါခဲ့သောကြောင့် ရေပေးဝေ ရေး ပြတ်တောက်ခဲ့သဖြင့် ရေသုံးစွဲ မှုအခက်အခဲနှင့် ကြုံတွေ့ခဲ့ရ သည်။ ညိုမင်းထက်(မြန်မာစာ)

No comments: