Monday, July 27, 2015

ဝေသာလီ ဒီမိုကရေစီ *-*---*****---***

ဝေသာလီ ဒီမိုကရေစီ *-*---*****---*** လူတွေက ဝေသာလီပြည် ဘီလူးကျတယ်ဆိုတာသာ ပြောကြတာ ဘာကြောင့် ဝေသာလီပြည် ဘီလူးကျရတယ် ဆိုတာတော့ သိသူရှားပါလိမ့်မယ်။ ဒီမိုကရေစီအစ ဝေသာလီကဗျ။ ဝေသာလီမင်းဆက် ၇၇၀၇ ပါး တိုင်အောင် ဒီမိုကရေစီနည်းကျကျ အုပ်ချုပ်ခဲ့ ကြတယ်။ ဘာကြောင့် ဒီမိုကရေစီလို့ ပြောနိုင်သလဲဆိုရင် "အပရိဟာနိယဓမ္မ" နဲ့ အုပ်ချုပ်ကြလို့ပဲ။ အပရိဟာနိယဓမ္မဆိုတာကို အတိုချုံ့ပြောမယ်ဆိုရင် - ဘယ်ကိစ္စကိုမဆို အားလုံး တညီတညွတ်တည်း ဆုံးဖြတ်ပြီးမှ လုပ်တယ် - ဘာဆုံးဖြတ်ဖြတ် အစည်းအဝေး ခေါ်တယ်။ သတ်မှတ်ထားတဲ့ အရေအတွက်ပြည့်မှ ဆုံးဖြတ်တယ် - အများ ဆုံးဖြတ်ချက်ကိုသာ ဦးစားပေးတယ် - သတ်မှတ်ထားတဲ့ ထုံးဓလေ့တွေကို ကျော်ပြီး ဘာမျှ လုပ်ဆောင်လေ့မရှိဘူး (ဥပဒေပေါ့) - နိုင်ငံအတွင်း အနိုင်အထက်ပြုမူခြင်းမရှိဘူး - လူတိုင်း လွတ်လပ်စွာပြောနိုင်တယ်။ ပြည်သူတို့ပြောသမျှကို အလေးထား လုပ်ဆောင်ပေးရတယ် - အားလုံးဆုံးဖြတ်ချက်အတိုင်း လုပ်တယ်ဆိုပေမယ့် ပြည်သူကို တရားသဖြင့် အကာအကွယ်ပေးပြီး လုပ်ဆောင်လေ့ရှိတယ် အဲဒီလို "အပရိဟာနိယဓမ္မ" နဲ့ အုပ်ချုပ်တယ်ဆိုတာ ဒီမိုကရေစီနည်းကျကျ အုပ်ချုပ်ခြင်းပေါ့။ ၇၇၀၇ မင်းဆက် နောက်ပိုင်းမင်းတွေ ဟာ တရားမဲ့လာတယ်ဆိုတာ လူတွေက ကိုယ့်အလုပ် ကိုယ်မလုပ်ကြတော့တာကစတယ်။ ကိုယ်ကျင့် တရားပျက်ခြင်းအစ ကိုယ့်တာဝန်ကိုယ် မလုပ်ဆောင်ကြ တာပဲ။ စစ်သားက တိုင်းပြည်တက်ပြီး အုပ်ချုပ်ချင်တယ်။ သူကြွယ်က လွှတ်တော်ထဲဝင်ပြီး နေရာ လိုချင်တယ်။ လယ်သမားက မြင်းထိန်းချင်တယ်။ ဈေးသည်က အထိန်းတော်လုပ်ချင် တယ်။ သမီးတော်တွေက အခွန်တော် တွေကို ချုပ်ချင်တယ်။ သားတော်တွေက မူးယစ်သောက်စား သားပျိုသမီးပျိုတွေကို ဖျက်ဆီးချင်တယ်။ ၀န်တွေ အမတ်တွေက လောင်းကစားဝိုင်းထောင်တယ်။ ဘုရင့် အမတ်ကြီးက ပြည့်တန်ဆာခန်းထောင်တယ်။ အဲဒီလိုလုပ်ချင်တိုင်း လုပ်လာတော့ တိုင်းပြည်မှာ "အပရိဟာနိယဓမ္မ" မရှိတော့ဘုး။ လယ်သမား စပါးမစိုက် တော့ ငတ်လာတာပေါ့။ တံငါသည်တွေကလည်း ဘုရင့်အကြံပေးတွေဖြစ်နေတော့ ငါးဖမ်းမယ့်သူ မရှိတော့ဘူး။ စိုက်ပျိုးသူမရှိ၊ သားမွေး ငါးရှာသူမရှိတော့ အစာရေစာရှားလာတယ်။ အစာရေစာရှားတော့ ငတ်မွတ်ခေါင်းပါး တယ်။ ငတ်တော့ ရောဂါထူတယ်။ ရောဂါထူပြီး မစိုက်မပျိုးနိုင်တော့ မိုးခေါင်၊ ငတ်ပြတ် ကပ်ရောဂါကျပြီး သေလိုက်ကြတာ။ လူတွေသေတော့ သုဿာန်မှာ အလောင်းတွေ သွားပစ်ထားရတယ်။ သုဘရာဇာက လွှတ်တော်ထဲရောက် နေလို့ အလောင်းမြှုပ်ပေးမယ့်သူမရှိဘူး။ လူသေတွေနဲ့ ပုပ်ဟောင်နေတဲ့ အနံ့တွေ ကို ဘီလူးတွေကရတော့ ဝေသာလီပြည်ကို ရောက်လာကြတယ်။ ဘီလူးတွေက ပထမ သုဿာန်ထဲက အလောင်းလောက်ပဲစားတာ။ နောက်ပိုင်း တိုင်းပြည်ထဲဝင်ကြည့်တော့ ရှင်နေတဲ့ လူတွေကလည်း လူသေတွေလိုဖြစ်နေလို့ ဘီလူးစားလိုက်တာ တိုင်းပြည်ပျက်ကိန်းပါရောက် တယ်။ ဝေသာလီဘာကြောင့်ပျက်၊ ဘီလူးကျလို့ ပျက်တယ်။ ဘီလူးဘာကြောင့်ကျ၊ ကိုယ့်အလုပ် ကိုယ်မလုပ်ကြလို့ဗျ။ ကိုယ့်အလုပ် ကိုယ်မလုပ်တော့ တိုင်းပြည်လည်းပျက်၊ ဒီမိုကရေစီလည်း ပျက်တော့တာပေါ့။ Tin Nyunt ဝေသာလီ ဒီမိုကရေစီ *-*---*****---*** လူတွေက ဝေသာလီပြည် ဘီလူးကျတယ်ဆိုတာသာ ပြောကြတာ ဘာကြောင့် ဝေသာလီပြည် ဘီလူးကျရတယ် ဆိုတာတော့ သိသူရှားပါလိမ့်မယ်။ ဒီမိုကရေစီအစ ဝေသာလီကဗျ။ ဝေသာလီမင်းဆက် ၇၇၀၇ ပါး တိုင်အောင် ဒီမိုကရေစီနည်းကျကျ အုပ်ချုပ်ခဲ့ ကြတယ်။ ဘာကြောင့် ဒီမိုကရေစီလို့ ပြောနိုင်သလဲဆိုရင် "အပရိဟာနိယဓမ္မ" နဲ့ အုပ်ချုပ်ကြလို့ပဲ။ အပရိဟာနိယဓမ္မဆိုတာကို အတိုချုံ့ပြောမယ်ဆိုရင် - ဘယ်ကိစ္စကိုမဆို အားလုံး တညီတညွတ်တည်း ဆုံးဖြတ်ပြီးမှ လုပ်တယ် - ဘာဆုံးဖြတ်ဖြတ် အစည်းအဝေး ခေါ်တယ်။ သတ်မှတ်ထားတဲ့ အရေအတွက်ပြည့်မှ ဆုံးဖြတ်တယ် - အများ ဆုံးဖြတ်ချက်ကိုသာ ဦးစားပေးတယ် - သတ်မှတ်ထားတဲ့ ထုံးဓလေ့တွေကို ကျော်ပြီး ဘာမျှ လုပ်ဆောင်လေ့မရှိဘူး (ဥပဒေပေါ့) - နိုင်ငံအတွင်း အနိုင်အထက်ပြုမူခြင်းမရှိဘူး - လူတိုင်း လွတ်လပ်စွာပြောနိုင်တယ်။ ပြည်သူတို့ပြောသမျှကို အလေးထား လုပ်ဆောင်ပေးရတယ် - အားလုံးဆုံးဖြတ်ချက်အတိုင်း လုပ်တယ်ဆိုပေမယ့် ပြည်သူကို တရားသဖြင့် အကာအကွယ်ပေးပြီး လုပ်ဆောင်လေ့ရှိတယ် အဲဒီလို "အပရိဟာနိယဓမ္မ" နဲ့ အုပ်ချုပ်တယ်ဆိုတာ ဒီမိုကရေစီနည်းကျကျ အုပ်ချုပ်ခြင်းပေါ့။ ၇၇၀၇ မင်းဆက် နောက်ပိုင်းမင်းတွေ ဟာ တရားမဲ့လာတယ်ဆိုတာ လူတွေက ကိုယ့်အလုပ် ကိုယ်မလုပ်ကြတော့တာကစတယ်။ ကိုယ်ကျင့် တရားပျက်ခြင်းအစ ကိုယ့်တာဝန်ကိုယ် မလုပ်ဆောင်ကြ တာပဲ။ စစ်သားက တိုင်းပြည်တက်ပြီး အုပ်ချုပ်ချင်တယ်။ သူကြွယ်က လွှတ်တော်ထဲဝင်ပြီး နေရာ လိုချင်တယ်။ လယ်သမားက မြင်းထိန်းချင်တယ်။ ဈေးသည်က အထိန်းတော်လုပ်ချင် တယ်။ သမီးတော်တွေက အခွန်တော် တွေကို ချုပ်ချင်တယ်။ သားတော်တွေက မူးယစ်သောက်စား သားပျိုသမီးပျိုတွေကို ဖျက်ဆီးချင်တယ်။ ၀န်တွေ အမတ်တွေက လောင်းကစားဝိုင်းထောင်တယ်။ ဘုရင့် အမတ်ကြီးက ပြည့်တန်ဆာခန်းထောင်တယ်။ အဲဒီလိုလုပ်ချင်တိုင်း လုပ်လာတော့ တိုင်းပြည်မှာ "အပရိဟာနိယဓမ္မ" မရှိတော့ဘုး။ လယ်သမား စပါးမစိုက် တော့ ငတ်လာတာပေါ့။ တံငါသည်တွေကလည်း ဘုရင့်အကြံပေးတွေဖြစ်နေတော့ ငါးဖမ်းမယ့်သူ မရှိတော့ဘူး။ စိုက်ပျိုးသူမရှိ၊ သားမွေး ငါးရှာသူမရှိတော့ အစာရေစာရှားလာတယ်။ အစာရေစာရှားတော့ ငတ်မွတ်ခေါင်းပါး တယ်။ ငတ်တော့ ရောဂါထူတယ်။ ရောဂါထူပြီး မစိုက်မပျိုးနိုင်တော့ မိုးခေါင်၊ ငတ်ပြတ် ကပ်ရောဂါကျပြီး သေလိုက်ကြတာ။ လူတွေသေတော့ သုဿာန်မှာ အလောင်းတွေ သွားပစ်ထားရတယ်။ သုဘရာဇာက လွှတ်တော်ထဲရောက် နေလို့ အလောင်းမြှုပ်ပေးမယ့်သူမရှိဘူး။ လူသေတွေနဲ့ ပုပ်ဟောင်နေတဲ့ အနံ့တွေ ကို ဘီလူးတွေကရတော့ ဝေသာလီပြည်ကို ရောက်လာကြတယ်။ ဘီလူးတွေက ပထမ သုဿာန်ထဲက အလောင်းလောက်ပဲစားတာ။ နောက်ပိုင်း တိုင်းပြည်ထဲဝင်ကြည့်တော့ ရှင်နေတဲ့ လူတွေကလည်း လူသေတွေလိုဖြစ်နေလို့ ဘီလူးစားလိုက်တာ တိုင်းပြည်ပျက်ကိန်းပါရောက် တယ်။ ဝေသာလီဘာကြောင့်ပျက်၊ ဘီလူးကျလို့ ပျက်တယ်။ ဘီလူးဘာကြောင့်ကျ၊ ကိုယ့်အလုပ် ကိုယ်မလုပ်ကြလို့ဗျ။ ကိုယ့်အလုပ် ကိုယ်မလုပ်တော့ တိုင်းပြည်လည်းပျက်၊ ဒီမိုကရေစီလည်း ပျက်တော့တာပေါ့။ Tin Nyunt

No comments: