Sunday, July 26, 2015

မိုးကောင်း မြို့ ရေဘေး သင့်ချိန် တွင် ရင်နင့်ဖွယ် ဖြစ်ရပ် များ

မိုးကောင်း မြို့ ရေဘေး သင့်ချိန် တွင် ရင်နင့်ဖွယ် ဖြစ်ရပ် များ

ဒေါသဖြစ် ဖွယ် ဖြစ်ရပ် များကိုယ်တွေ့ ကြုံခဲ့သော အဖြစ် အပျက် များအား fb ပေါ်မှ မိတ်ဆွေ များကို ပြန်လည်ဝေမျှ လိုက် ပါတယ် ။၂၁့ ၇့၂၀၁၅ ရက်နေ့ က ရေဘေး သင့်ပြည်သူ များ ကို ကျွန်တော် နဲ့သူငယ်ချင်းများ လှေ တစီး နဲ့ ရပ်ကွတ် တခု အတွင်းတအိမ်ချင်း စီကို ထမင်းထုပ် သောက်ရေသန့်များ ဝေ နေကြတယ် မိုးကောင်းချောင်း နဘေး က အိမ် တအိမ် မှာတော့၇နှစ်အရွယ် မှ ၁၃နှစ် အရွယ် ခလေး၁၀ယောက် လောက်တွေ့ ရ တယ် လူကြီးမိဘ မရှိဘူး လားမေး ကြည့် တော့ စား စရာသွားရှာ ကြတယ်လို့ ပြန်ပြော တယ်ဘာ တွေ စား ပြီး ပြီလဲ လို့ မေးကြည့် တော့လွန် ခဲ့တဲ့ နေ့ ထဲ က ဘာမှ မစားရ သေးဘူးတဲ့ ကျွန်တော့ တို့ အဖွဲ့သူ တို့ဆီ ရောက် တဲ့ အချိန် နေ့၁၁ နာရီထိုး နေပြီ ကျွန်တော့ရင်ထဲ မှာ ခလေး တွေ ကြည့်ပြီး စာနာ သနားပြီး ငိုချင် လာ မိတယ် ၂၀ ရက်နေ့ည ၇နာရီလောက်အချိန် မှာ ကြုံခဲ့ရတဲ့ အဖြစ်အပျက်ကတော့ စက်လှေ လှေဝင် မရ တဲ့အိမ် တွေကို ၇ပေ ၈ပေခန့် နက် တဲ့ရေထဲမှာ လက်ပစ် ကူးပြီးလှေပေါ်က ထမင်းထုတ်နဲ့သောက် ရေသန့်တွေ ဝေ ပေး နေတယ်အိမ် တစ်အိမ် ရောက် တော့ ထမင်း နဲ့ရေယူအုံး မလား မေးတော့ စားပြီးပြီ အိမ်ထဲ မဝင်ခဲ့နဲ့အလာကလား လူတွေလို့ အပြောခံ ရတယ် စေတနာကို ခွေးချီး နဲ့အလှဲ ခံ ရ တဲ့စကား တခွန်း အတွက် ဒေါသ တွေကလူတောင် သတ်ချင်လာ တယ် ရင်ထဲ မှာ ပေါ့၂၂့၇့၂၀၁၅ ရက်နေ့ က မိုးကောင်း မြို့အစွန့်အဖျား မှာ ရှိ တဲ့အိမ် တွေကို ကျွန်တော် တို့သူငယ်ချင်း တွေ ထမင်း နဲ့သောက် ရေသန့်လိုက် ဝေပေးနေ တဲ့အချိန် အစွန့် အဖျား အကျ ဆုံး အိမ်တအိမ် ရောက်တော့ ထမင်းနဲ့သောက် ရေ သန့်ယူမလားမေး တော့ ယူ မယ် တဲ့ဒီအိမ် မှာ လူဘယ်နှစ်ယောက် ရှိ သလဲ မေးတော့ ၁၄ ယောက် တဲ့အသက်ကြီး တဲ့အဖိုး အဖွါးတွေကော၂နှစ်၃နှစ် အရွယ် ခလေးငယ်တွေကော တွေ့ ရ တယ် ထမင်းထုတ် နဲ့ရေသန့်ဗူးတွေ ပေးတော့ အဖိုး အဖွါး အရွယ်နဲ့လူကြီးတွေ က ထမင်းထုတ် ကိုင်ပြီး ငိုကြ တယ်ဘာဖြစ် လို့ လဲ မေး တော့သူတို့ ရေ နဲ့ထမင်းမသောက်ရ မစားရ ဒါ ၃ရက်ရှိ ပြီ ကျွန်တော့်တို့ အဖွဲ့ အရင် မနေ့ က စက်လှေ တစီးစားသောက် စရာ အပြည့် နဲ့သူတို့ အိမ်နားရောက်လာ ပြီး ဘာ ဘာသာ ကိုးကွယ်ဒါလဲလို့မေးတော့ သူတို့ က ကချင်တိုင်းရင်းသားတွေ ဆို တော့ ခရစ်ယာန် ကိုးကွယ်တာ လို့ ဖြေတော့ စက်လှေသမား တွေ ကိုးကွယ် တဲ့ဘာသာနဲ့ မတူ လို့ဘာ စားစရာ မှ မပေး နိုင်ဘူး ဆိုပြီး လှည့်ပြန်သွား တယ်တဲ့ကျွန်တော် တို့ အဖွဲ့အခု ပေးထား တဲ့ထမင်းနဲ့ ရေ စားရ တော့ မှာ မို့ ဝမ်းသာ ဝမ်းနည်းဖြစ်ပြီး ငို မိတာ ပါလို့ပြန်ပြော ပြတယ်ကျွန်တော် တို့ကို ဘယ်ဘာသာ ဝင်တွေ လည်းမေးတော့ဗုဒ္ဓဘာသာဝင် တွေပါ အခု လိုက်ဝေနေတဲ့ ထမင်းဟင်း တွေကို မြန်မာဘုန်ကြီးတွေနဲ့ ဗုဒ္ဓ ဘာသာ ဝင်တွေ စုပေါင်း ချတ်ပြုတ်ပြီးဝေ တာလို့ပြော တော့ သူတို့ ဆုတောင်းပါရစေ ဆိုပြီး ဗုဒ္ဓဘာသာဝင် တွေကျန်းမာပါစေဘုရားသခင် ကောင်းချီး ပေးပါ စေ မြန်မာဘုန်ကြီး တွေ ကျန်းမာပါစေ ဘုရား သခင်ကောင်းချီပေးပါစေ ဆိုပြီး သူတို့မျက်နှာပေါ်မှာ မျက်ရေ စ တွေ နဲ့ လှိုက်လှိုက် လှဲလှဲသူတို့မိသားစု တွေ ဆုတောင်း နေသံ တွေ ကိုဂရုဏာ သက်ပြီး သနား မျက်ရေ ဝဲ ခဲ့ မိ တယ် ။ကျွန်တော် က မဘသ အဖွဲ့ဝင် တယောက် ပါ။ဘယ် ဘာသာဝင် ကိုမဆိုကူညီဖို့ မေတ္တာ ထား ဖို့ ဆရာတော် တွေ ကဆုံးမ ထားဖူး တယ်။ ကဲ ဒါ ဆိုရင် ကျန်တဲ့ဘာသာခြား ဘာသာဝင် တွေ က ကောလူတစု ဒုက္ခရောက် နေဒါကို မကူညီ ပဲ ဥပက္ခာပြုရက်တာ ဘာသာတရားလား...?လူသားမပီသ ဒါလား?

Credit to Toe Myint Oo

No comments: