Tuesday, July 28, 2015

KIA က မဟုတ်မမှန် သတင်းမှားများ ထုတ်လွှင့်ကာ ပတ်ဝန်းကျင် ကျေးရွာများမှ အတင်းအဓမ္မ လူသစ်စုဆောင်းလျှက်ရှိ =========================================

KIA က မဟုတ်မမှန် သတင်းမှားများ ထုတ်လွှင့်ကာ ပတ်ဝန်းကျင် ကျေးရွာများမှ အတင်းအဓမ္မ လူသစ်စုဆောင်းလျှက်ရှိ ========================================= 27, July, 2015 By Voice Of Kachin ကချင်ပြည်နယ် ပူတာအိုနှင့် ဆွမ်ပရာဘွမ်ဒေသအတွင်း တပ်မတော်နှင့် KIA တပ်မဟာ(၁) လက်အောက်ခံ တပ်ရင်းများနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားလျှက်ရှိရာ KIA မှ တပ်မတော်အင်အား အလုံးအရင်းဖြင့် ထိုးစစ်ဆင်လျှက်ရှိကြောင်း မဟုတ်မမှန် သတင်းလွှင့်ကာ ပတ်ဝန်းကျင်ကျေးရွာများအား ခြောက်လှန့်၍ အတင်းအဓမ္မ လူသစ်စုဆောင်းနေကြောင်း သတင်းရရှိပါသည်။ KIA တပ်ရင်း(၇)(၆)နှင့် တပ်မဟာ(၁) ဌာနချုပ်များကို တပ်မတော်မှ ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်ရန်အတွက် တပ်ရင်း(၁၇)ရင်း ဖြင့် ထိုးစစ်ဆင်ကာ အမြစ်ပြတ် ချေမှုန်း ရှင်းလင်းတော့မည်ဟု မဟုတ်မမှန် သတင်းလွှင့်ထားကြောင်း သိရှိရပါသည်။ ဆွမ်ပရာဘွမ်ဒေသမှ ဒေသခံတစ်ဦးအား ဆက်သွယ်မေးမြန်းရာ KIA နှင့်ရင်ဆိုင်ထားသော အစိုးရတပ်ရင်းမှာ (၃)ရင်း ခန့်သာ ရှိကြောင်း သိရှိရပါသည်။ KIA မှ အစိုးရတပ်ရင်း(၁၇)ရင်းခန့် ၎င်းတို့နယ်မြေထဲသို့ ထိုးစစ်ဆင်ထားကြောင်း၊ လက်နက်ကြီးများအား ရဟတ်ယာဉ်ဖြင့် သယ်ဆောင်နေကြောင်း၊ ရဟတ်ယာဉ်ဆင်းကွင်း များကိုလည်း ရှင်းလင်းနေကြောင်း၊ အကြောင်းမှာ တပ်မဟာ(၁)နှင့် လက်အောက်ခံတပ်ရင်းများ၏ ဌာနချုပ်များကို တိုက်ခိုက်ရန်အတွက် ပြင်ဆင်နေခြင်းဖြစ်ကြောင်း အစရှိသဖြင့် မဟုတ်မမှန် ပြောဆို ထုတ်လွှင့်ထားကြောင်း သိရှိရပါသည်။ KIA ခြောက်လှန့်သတင်းများကြောင့် ဒေသခံရွာသားများမှာ ကြောက်ရွံ့နေပြီး ဒုက္ခသည် စခန်းများသို့ ထွက်ပြေးတိမ်းရှောင်နေကြကြောင်း ၎င်းကို အခွင့်ကောင်းယူကာ KIA မှ လူသစ် စုဆောင်းနေကြောင်း သိရှိရပါသည်။ ၎င်း သတင်းကြောင့် KIA တပ်ဖွဲ့ဝင် အများအပြားမှာလည်း ထိပ်လန့်ကြောက်ရွံ့ကာ ထွက်ပြေးတိမ်းရှောင်နေကြကြောင်း ဒေသခံ ရွာသားတစ်ဦးထံမှ သတင်းရရှိပါသည်။ KIA က မဟုတ်မမှန် သတင်းမှားများ ထုတ်လွှင့်ကာ ပတ်ဝန်းကျင် ကျေးရွာများမှ အတင်းအဓမ္မ လူသစ်စုဆောင်းလျှက်ရှိ ========================================= 27, July, 2015 By Voice Of Kachin ကချင်ပြည်နယ် ပူတာအိုနှင့် ဆွမ်ပရာဘွမ်ဒေသအတွင်း တပ်မတော်နှင့် KIA တပ်မဟာ(၁) လက်အောက်ခံ တပ်ရင်းများနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားလျှက်ရှိရာ KIA မှ တပ်မတော်အင်အား အလုံးအရင်းဖြင့် ထိုးစစ်ဆင်လျှက်ရှိကြောင်း မဟုတ်မမှန် သတင်းလွှင့်ကာ ပတ်ဝန်းကျင်ကျေးရွာများအား ခြောက်လှန့်၍ အတင်းအဓမ္မ လူသစ်စုဆောင်းနေကြောင်း သတင်းရရှိပါသည်။ KIA တပ်ရင်း(၇)(၆)နှင့် တပ်မဟာ(၁) ဌာနချုပ်များကို တပ်မတော်မှ ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်ရန်အတွက် တပ်ရင်း(၁၇)ရင်း ဖြင့် ထိုးစစ်ဆင်ကာ အမြစ်ပြတ် ချေမှုန်း ရှင်းလင်းတော့မည်ဟု မဟုတ်မမှန် သတင်းလွှင့်ထားကြောင်း သိရှိရပါသည်။ ဆွမ်ပရာဘွမ်ဒေသမှ ဒေသခံတစ်ဦးအား ဆက်သွယ်မေးမြန်းရာ KIA နှင့်ရင်ဆိုင်ထားသော အစိုးရတပ်ရင်းမှာ (၃)ရင်း ခန့်သာ ရှိကြောင်း သိရှိရပါသည်။ KIA မှ အစိုးရတပ်ရင်း(၁၇)ရင်းခန့် ၎င်းတို့နယ်မြေထဲသို့ ထိုးစစ်ဆင်ထားကြောင်း၊ လက်နက်ကြီးများအား ရဟတ်ယာဉ်ဖြင့် သယ်ဆောင်နေကြောင်း၊ ရဟတ်ယာဉ်ဆင်းကွင်း များကိုလည်း ရှင်းလင်းနေကြောင်း၊ အကြောင်းမှာ တပ်မဟာ(၁)နှင့် လက်အောက်ခံတပ်ရင်းများ၏ ဌာနချုပ်များကို တိုက်ခိုက်ရန်အတွက် ပြင်ဆင်နေခြင်းဖြစ်ကြောင်း အစရှိသဖြင့် မဟုတ်မမှန် ပြောဆို ထုတ်လွှင့်ထားကြောင်း သိရှိရပါသည်။ KIA ခြောက်လှန့်သတင်းများကြောင့် ဒေသခံရွာသားများမှာ ကြောက်ရွံ့နေပြီး ဒုက္ခသည် စခန်းများသို့ ထွက်ပြေးတိမ်းရှောင်နေကြကြောင်း ၎င်းကို အခွင့်ကောင်းယူကာ KIA မှ လူသစ် စုဆောင်းနေကြောင်း သိရှိရပါသည်။ ၎င်း သတင်းကြောင့် KIA တပ်ဖွဲ့ဝင် အများအပြားမှာလည်း ထိပ်လန့်ကြောက်ရွံ့ကာ ထွက်ပြေးတိမ်းရှောင်နေကြကြောင်း ဒေသခံ ရွာသားတစ်ဦးထံမှ သတင်းရရှိပါသည်။

No comments: