Thursday, July 30, 2015

ရေကြီးနစ်မြုပ်ရထားလမ်းပိုင်းများ ဆက်လက်ပြု ပြင် အချို့ရထားလမ်းပိုင်းများ ပြန်လည်ဖွင့်လှစ် ==================================

ရေကြီးနစ်မြုပ်ရထားလမ်းပိုင်းများ ဆက်လက်ပြု ပြင် အချို့ရထားလမ်းပိုင်းများ ပြန်လည်ဖွင့်လှစ် ================================== နေပြည်တော် ဇူလိုင် ၂၉ မြန်မာ့မီးရထား တိုင်း(၂) နယ် မြေရှိ ကံကြီး-ဇော်ချောင်း ဘူတာ အကြားနှင့် ကောလင်း-ကိုးထောင်ဘို့ အကြား ရေတိုက်စားနစ်မြုပ်ရာ နေရာများ၌ ကျောက်ကြီးချခြင်း၊ ဇလီဖားတုံးများ ဖြည့်တင်းပြုပြင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိ ရာ တံတားအမှတ်(၂၈၂)အနီး ပေ ၂ဝဝ ခန့် ရေတိုက်စားသွားခဲ့သော ရထားလမ်းပိုင်းတွင် ရထားစမ်းသပ် မောင်းနှင်နိုင်ပြီ ဖြစ်ကြောင်း သိရသည်။ အလားတူ မန္တလေး-လားရှိုး ရထားလမ်း၊ သီပေါ-တာပုလဲ လမ်း ပိုင်း မိုင်တိုင်(၅ဝ၉/ ၁၃-၁၄)ကြားရှိ တံတားအမှတ် (၃၉၁) ရေလယ်တိုင် အမှတ်(၃) တိမ်းစောင်းသွားခြင်းကို ပြန်လည်တည့်မတ်၍ ပေ ၂ဝ၊ ပေ ၄ဝ ဂါဒါများကို Running Rail ဖြင့် ကြိုးချည်ခြင်း၊ ကျောက်ချခြင်း၊ ဇလီဖားတုံးများ ဖြည့်တင်းပြုပြင်ခြင်း လုပ်ငန်းများ ဆက်လက်ဆောင်ရွက် လျက်ရှိပြီး ဇူလိုင် ၂၇ ရက် နံနက် ၇ နာရီမှစ၍ သီပေါ-မန္တလေး အမှတ် (၁၃၂) အစုန်ရထားနှင့် တာပုလဲ-လားရှိုး အမှတ်(၁၃၁) အဆန်ရထား တို့ အချိန်မှန်ပြန်လည်ပြေးဆွဲနိုင် ပြီဖြစ်သည်။ ထို့အပြင် ရထားလမ်းပိုင်းများနှင့် တံတားများကို မြန်မာ့မီးရထားမှ တာဝန်ရှိသူများက အချိန်နှင့် တစ်ပြေးညီ အားသွန်ခွန်စိုက် ပြုပြင် ဆောင်ရွက်မှုကြောင့် ဘုံချောင်း-မဲဇာ ဘူတာကြား ရထားလမ်းပိုင်းကို ဇူလိုင် ၂၇ ရက် ညနေ ၅ နာရီက လည်းကောင်း၊ ပင်ဝဲ-မော်လူး ဘူတာ ကြား ရထားလမ်းပိုင်းကို ဇူလိုင် ၂၈ ရက် ညနေ ၄ နာရီ ၃၅ မိနစ်က လည်းကောင်း၊ မော်လူး-နန့်စီးအောင် ရထားလမ်းပိုင်းကို ဇူလိုင် ၂၈ ရက် ညနေ ၆ နာရီက လည်းကောင်း၊ အင်းပက်နှင့် မြစ်တော်ဘူတာကြား ရထားလမ်းပိုင်းကို ဇူလိုင် ၂၈ ရက် ည ၉ နာရီခွဲက လည်းကောင်း အသီးသီး ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ ကြောင်း သတင်းရရှိသည်။ (သတင်းစဉ်)

No comments: