Wednesday, July 29, 2015

အရပ်သားစစ်စစ် သမ္မတဖြစ်ခဲ့လျှင်ပင် ====================

အရပ်သားစစ်စစ် သမ္မတဖြစ်ခဲ့လျှင်ပင် ==================== လာမည့်အထွေထွေရွေးကောက်ပွဲတွင် အတိုက်အခံဘက်ကအနိုင်ရခဲ့လျှင် တပ်မတော်အနေဖြင့် အဆိုပါရလဒ်ကို လက်ခံမည်လားဆိုသည့် BBC သတင်းဌာန၏အမေးကို ‘‘ဘယ်သူရရ တရားနည်းလမ်းကျကျနဲ့ ရတဲ့ result မှန်သမျှ အကုန်လက်ခံပါတယ်’’ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဖြေကြားခဲ့သည်။ ၁၉၉၀ ပြည့်နှစ် ရွေးကောက် ပွဲအနိုင်ရပါတီ အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်ကို တပ်မတော်က အာဏာလွှဲမပေးခဲ့ဘဲ အနှစ် ၂၀ ကျော်ကြာမြင့်မှ ၂၀၁၀ အထွေ ထွေရွေးကောက်ပွဲပြုလုပ်ကာ စစ် ယူနီဖောင်းချွတ်အနိုင်ရပါတီကို အာဏာလွှဲပေးခဲ့သည်။ သို့သော် ၂၀၁၀ ရွေးကောက်ပွဲသည် ဒေါ် အောင်ဆန်းစုကြည်နေအိမ်အ ကျယ်ချုပ်ကျခံနေရခြင်းနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကရွေး ကောက်ပွဲမဝင်ခဲ့ပေ။ ထိုကြားထဲမှ ပင် အငြင်းပွားဖွယ်ရာ မဲရလဒ်များနှင့် ပြီးဆုံးခဲ့သည်။ တပ်မတော် ကျောထောက်နောက်ခံ ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီအနိုင်ရခဲ့ပြီး တပ်မတော်က ပင် စနစ်တကျအချိန်ယူ တစ်ဖက် သတ်ရေးဆွဲထားသော ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေအခင်းအ ကျင်းဖြင့် အာဏာသုံးရပ်ခွဲဝေ ကျင့်သုံးခဲ့ကြသည်။ ၂၀၁၅ အထွေထွေရွေး ကောက်ပွဲတွင် အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်ရွေးကောက်ပွဲဝင် မည်ဖြစ်ပြီး အနိုင်ရရန် ရေပန်းစား နေသော်လည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်မှု မအောင် မမြင်ဖြစ်ပြီး နောက်တွင် ဗိုလ်ချုပ် မှူးကြီးက အထက်ပါအတိုင်း ရဲရဲ ဝံ့ဝံ့ပြောနိုင်ခဲ့ပြီဖြစ်သည်။ ဗိုလ် ချုပ်မှူးကြီးက ဘာကြောင့် ထိုသို့ ပြောနိုင်ပါသနည်း လေ့လာကြည့် ရအောင်ပါ။ ရွေးကောက်ပွဲအနိုင်ရပြီး တက်လာမည့် မည်သည့်အစိုးရ ကိုမဆို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ တပ်မတော်က ထိန်း ချုပ်ထားနိုင်ခြင်းကြောင့်ပင် ဖြစ် သည်။ ထိုသို့သော အခြေအနေ မျိုးတွင် ဒေါ်အောင်ဆန်းစုကြည် ကို သမ္မတဖြစ်ခွင့်ပိတ်ပင်ထားပြီး နောက် အရာရာသည် တပ်မတော်အတွက် လွယ်ကူသွားပြီ ဖြစ် သည်။ ရွေးကောက်ပွဲတွင် အနိုင်ရ ရန် အစွမ်းကုန်ရုန်းကန်ပြီးနောက် လွှတ်တော်ထဲ ရောက်လာမည့် ရွေးကောက်ခံကိုယ်စားလှယ်များ ကို တပ်မတော်သား ကိုယ်စား လှယ် ၂၅ ရာခိုင်နှုန်းက ယူနီဖောင်းအခံ့သားဖြင့် ထိုင်စောင့်နေမည် ဖြစ်သည်။ တပ်မတော်အတွက် သမ္မတလောင်းတစ်ဦးလည်း ခွဲ တမ်းရထားသည်မဟုတ်ပါလား။ နောက်ဆုံးအဆင့် တပ်မတော်နှင့် လုံးဝမပတ်သက်သည့် အရပ်သားစစ်စစ်တစ်ဦး သမ္မတဖြစ်ခဲ့ လျှင် ပင် တပ်မတော်သည် အာဏာသုံး ရပ်ကို ပါဝါချိန်ခွင်လျှာထိန်းထား နိုင်ဦးမည်ဖြစ်သည်။ နိုင်ငံတော်၏ အရေးကြီးဆုံး ကိစ္စရပ်များကို အမျိုးသားကာ ကွယ်ရေး နှင့် လုံခြုံရေးကောင်စီ ကတစ်ဆင့် တပ်မတော်က ထိန်းချုပ်နိုင်မည်ဖြစ်သည်။ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဖွဲ့စည်းရာတွင် နိုင်ငံတော်သမ္မ တ၊ ဒုတိယသမ္မတနှစ်ဦး၊ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်၊ ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီးနှင့် နယ်စပ်ရေးရာဝန်ကြီး ဌာနဝန်ကြီးတို့ပါဝင်သည်။ အဖွဲ့ ဝင် ၁၁ ဦးဖြင့် ဖွဲ့စည်းထားသော ကာ/လုံတွင် တပ်မတော်မှ ခြောက်ဦးတိတိ ပါဝင်သဖြင့် အရေးကြီးဆုံးဖြတ်ချက်များမဲခွဲ ရာတွင် တပ်မတော်၏ဆန္ဒသာ အသာရမှာ မလွဲပေ။ မြန်မာနိုင်ငံ၏ လက်ရှိအုပ်ချုပ်ရေးစနစ်ကို လေ့လာကြည့်မည်ဆိုပါက ရပ်ကွက်အုပ်ချုပ်ရေး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် တိုင်းဒေသကြီး(သို့မဟုတ်) ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တို့ဖြင့် အဆင့်ဆင့်အုပ်ချုပ်လျက်ရှိသည်။ အဆိုပါအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန များမှာ ပြည်ထဲရေးဝန်ကြီးဌာန၏လက်အောက်တွင် ရှိသည်။ ထို့ပြင် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အကျဉ်းဦးစီးဌာနနှင့် အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနတို့မှာလည်း ပြည်ထဲရေးလက် အောက်မှာပင် ဖြစ်သည်။ အဆိုပါပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီး ကို တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်နှင့် ညှိနှိုင်းပြီးမှသာ နိုင်ငံတော် သမ္မတက ခန့်အပ်တာဝန်ပေးရ ခြင်းဖြစ်သည်။ ကာကွယ်ရေးဝန် ကြီးဌာနနှင့် နယ်စပ်ရေးရာဝန်ကြီး ဌာနများအတွက်လည်း ထိုနည်း လည်းကောင်းပင်ဖြစ်သည်။ တိုင်းဒေသကြီး(သို့မဟုတ်) ပြည်နယ်အစိုးရအဖွဲ့၏အတွင်း ရေးမှူးသည် တိုင်းဒေသကြီး (သို့ မဟုတ်)ပြည်နယ်အထွေထွေအုပ် ချုပ်ရေးဦးစီးဌာန၏အကြီးအမှူး ပင်ဖြစ်ပြီး အစိုးရအဖွဲ့ရုံးသည် လည်း ထွေ /အုပ်ရုံးပင်ဖြစ်သည်။ ထို့ပြင် လုံခြုံရေးနှင့် နယ်စပ်ရေး ရာဝန်ကြီးခန့်အပ်ရာတွင်လည်း တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်ထံမှ သင့်လျော်သော တပ်မ တော်သားအမည်စာရင်းကို တိုင်း ဒေသကြီး(သို့မဟုတ်)ပြည်နယ် ဝန်ကြီးချုပ်က တောင်းခံခန့်အပ်ရ မည်ဖြစ်သည်။ သို့ဖြစ်ရာ မည် သည့်အရပ်သား သမ္မတဖြစ်လာ သည်ဖြစ်စေ၊ တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်သည် နိုင်ငံအုပ် ချုပ်ရေးတွင် သြဇာညောင်းနေဦး မှာပင်ဖြစ်သည်။ ဥပဒေပြုရေးမဏ္ဍိုင်ဘက်သို့ ကြည့်ပြန်လျှင်လည်း လွှတ်တော် အသီးသီးတွင် တပ်မတော်သား ကိုယ်စားလှယ်များက ၂၅ ရာခိုင် နှုန်းခွဲတမ်းရရှိပြီးဖြစ်သည်။ အထူးသဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန်အ တွက် အဆိုပါ ၂၅ ရာခိုင်နှုန်းမှာ လုံလောက်ခဲ့ပြီးဖြစ်သည်။ ထို့ပြင် ဥပဒေပြုရေးကိစ္စရပ်များတွင် တပ်မတော်၏အခန်းကဏ္ဍပါဝင် နေစေရန်လည်း ရည်ရွယ်သည်။ တရားစီရင်ရေးမဏ္ဍိုင်ဘက် ကို ကြည့်ပြန်လျှင်လည်း တပ်မ တော်သားများအတွက် စစ်ဘက် ဆိုင်ရာ တရားရုံးများဖြင့်သာ တရားစီရင်ရမည်ဖြစ်သည်။ ပြည် ထောင်စုတရားလွှတ်တော်ချုပ်သည် နိုင်ငံတော်အမြင့်ဆုံးတရား ရုံးဟု ဆိုသော်ငြားလည်း ၎င်းသည်စစ်ဘက်ဆိုင်ရာ တရားရုံးများ၏ စီရင်ပိုင်ခွင့်အာဏာကို ထိခိုက်၍ မရပေ။ သို့ဖြစ်ရာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပေးထားသည့် ဖော်ပြပါအချက်များကို မပြင်ဆင် နိုင်သရွေ့ ရွေးကောက်ပွဲအနိုင်ရ ပြီး တက်လာမည့် အရပ်သားသမ္မ တသည် တပ်မတော်ကာကွယ် ရေးဦးစီးချုပ်သြဇာကို လွန်ဆန်ရန် ခက်ခဲနေဦးမည်ဖြစ်သည်။ သမိုင်းကြောင်းကို ပြန်ကြည့်လျှင်လည်း မြန်မာ့နိုင်ငံရေးသည် တပ်မတော်လွှမ်းမိုးမှုအောက်၌ ပင် အချိန်များစွာ ဖြတ်သန်းခဲ့ရ သည်။ ဗိုလ်ချုပ်အောင်ဆန်းဦး ဆောင်ကာ လွတ်လပ်ရေးကို တိုက်ယူခဲ့သည်။ လွတ်လပ်ရေးရ ပြီးနောက် မြန်မာနိုင်ငံ၏ပထမဆုံးသမ္မတ စဝ်ရွှေသိုက်သည်ပင် ဘားမားရိုင်ဖယ်တွင် စစ်မှုထမ်းခဲ့ဖူး သည်။ မြန်မာနိုင်ငံသမိုင်းတွင် သမ္မတစဝ်ရွှေသိုက်မှ ဦးသိန်းစိန် ထိ သမ္မတရာထူးဖြင့် တိုင်းပြည် အုပ်ချုပ်ခဲ့သူ ရှစ်ဦးခဲ့ရာ ဒေါက် တာဘဦးမှလွဲ၍ ကျန်ခုနစ်ဦးမှာ တပ်မတော်သားများသာ ဖြစ် သည်။ နိုင်ငံတော်သမ္မတဦးဝင်းမောင် (မန်းဝင်းမောင်)သည် ဖက်ဆစ်ဂျပန်တော်လှန်ရေးကာလ တွင် လေထီးစစ်သည်အဖြစ်ပါဝင် ခဲ့သည့် ကရင်အမျိုးသားခေါင်း ဆောင်ဖြစ်သည်။ နိုင်ငံတော်သမ္မ တဒေါက်တာမောင်မောင်သည် လည်း ဗမာ့ကာကွယ်ရေးတပ်မ တော်သို့ ဝင်ရောက်တာဝန်ထမ်း ဆောင်ခဲ့ဖူးသူဖြစ်သည်။ ဗိုလ်ချုပ် ကြီးနေဝင်း၊ ဗိုလ်ချုပ်ကြီးစန်းယု၊ ဗိုလ်မှူးချုပ်စိန်လွင်နှင့် လက်ရှိ သမ္မတ ဗိုလ်ချုပ်ကြီးဟောင်း ဦး သိန်းစိန်တို့ကိုမူ တပ်မတော်သား များအဖြစ် အထူးတလည် မိတ် ဆက်ပေးရန် မလိုတော့ပါ။ သမိုင်းတစ်လျှောက် နိုင်ငံ တော်ဝန်ကြီးချုပ်အမည်စာရင်း တွင်လည်း တပ်မတော်သားများ ၏အမည်များကသာ အများဆုံး နေရာယူထားသည်။ ပြောရလျှင် ၁၉၆၂ မှစ၍ ၂၀၁၅ ယနေ့ထိ နှစ် ပေါင်း ၅၀ ကျော်ကာလတွင် မြန် မာနိုင်ငံသည် တပ်မတော်၏အုပ် ချုပ်မှုအောက်တွင်သာ တောက် လျှောက်ရှိနေခဲ့သည်။ ၂၀၁၀ ရွေးကောက်ပွဲပြီးနောက် အရပ်သား အစိုးရအမည်ခံ ဗိုလ်ချုပ်ကြီး ဟောင်းများက တာဝန်ယူပြီး နောက် နောက်သက်တမ်းတစ်ခု အတွက် ရွေးကောက်ပွဲလာချေ တော့မည်။ အဆိုပါရွေးကောက် ပွဲကိုလည်း ဒုတိယဗိုလ်ချုပ်ကြီး ဟောင်းတစ်ဦးကပင် ဦးဆောင် ကျင်းပပေးဦးမည်ဖြစ်သည်။ အစိုးရသစ်တစ်ရပ်ကိုလည်းဝန်ကြီးဌာ နများတွင် တပ်မတော်သားဟောင်းများ အမြဲတမ်းအတွင်းဝန် အဖြစ် ဦးဆောင်ကာ အငြိမ်းစား တပ်မတော်သားဟောင်းများက ညွှန်ကြားရေးမှူးချုပ်များ၊ ဦး ဆောင်ညွှန်ကြားရေးမှူးများအဖြစ် တာဝန်ယူထားသည့် ဌာန များက စောင့်ကြိုလို့နေသည်။ သို့ဖြစ်ရာ မြန်မာနိုင်ငံ၏ အုပ်ချုပ်မှုအာဏာသည် အရပ် သားအစိုးရတက်လာလျှင် တပ်မ တော်၏လောင်းရိပ်အောက်မှ လွတ်ကင်းပြီလားဟူသော မေး ခွန်းမှာ မေးစရာမလိုသော မေးခွန်းလည်းဖြစ်သည်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ၏အရေးကြီးပုဒ်မ များ မပြင်ဆင်နိုင်သရွေ့ နောင် လာမည့် ရွေးကောက်ပွဲများ နီး ကပ်လာချိန်တွင် အတိုက်အခံပါ တီ အနိုင်ရခဲ့လျှင် တပ်မတော်အ နေဖြင့် အဆိုပါ ရလဒ်ကို လက်ခံ မည်လားဟူသော မေးခွန်းကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အ ဆက်ဆက်က အေးအေးလူလူပင် ‘‘ဘယ်သူအနိုင်ရရ အကုန်လက်ခံ ပါတယ်’’ ဟု ဖြေကြားဦးမည်ဖြစ် သည်။ 7Day Daily with စုချစ် သမီး Khutdawn Thway စု ချစ် သမီး စု ချစ် သမီး အရပ်သားစစ်စစ် သမ္မတဖြစ်ခဲ့လျှင်ပင် ==================== လာမည့်အထွေထွေရွေးကောက်ပွဲတွင် အတိုက်အခံဘက်ကအနိုင်ရခဲ့လျှင် တပ်မတော်အနေဖြင့် အဆိုပါရလဒ်ကို လက်ခံမည်လားဆိုသည့် BBC သတင်းဌာန၏အမေးကို ‘‘ဘယ်သူရရ တရားနည်းလမ်းကျကျနဲ့ ရတဲ့ result မှန်သမျှ အကုန်လက်ခံပါတယ်’’ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဖြေကြားခဲ့သည်။ ၁၉၉၀ ပြည့်နှစ် ရွေးကောက် ပွဲအနိုင်ရပါတီ အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်ကို တပ်မတော်က အာဏာလွှဲမပေးခဲ့ဘဲ အနှစ် ၂၀ ကျော်ကြာမြင့်မှ ၂၀၁၀ အထွေ ထွေရွေးကောက်ပွဲပြုလုပ်ကာ စစ် ယူနီဖောင်းချွတ်အနိုင်ရပါတီကို အာဏာလွှဲပေးခဲ့သည်။ သို့သော် ၂၀၁၀ ရွေးကောက်ပွဲသည် ဒေါ် အောင်ဆန်းစုကြည်နေအိမ်အ ကျယ်ချုပ်ကျခံနေရခြင်းနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကရွေး ကောက်ပွဲမဝင်ခဲ့ပေ။ ထိုကြားထဲမှ ပင် အငြင်းပွားဖွယ်ရာ မဲရလဒ်များနှင့် ပြီးဆုံးခဲ့သည်။ တပ်မတော် ကျောထောက်နောက်ခံ ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီအနိုင်ရခဲ့ပြီး တပ်မတော်က ပင် စနစ်တကျအချိန်ယူ တစ်ဖက် သတ်ရေးဆွဲထားသော ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေအခင်းအ ကျင်းဖြင့် အာဏာသုံးရပ်ခွဲဝေ ကျင့်သုံးခဲ့ကြသည်။ ၂၀၁၅ အထွေထွေရွေး ကောက်ပွဲတွင် အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်ရွေးကောက်ပွဲဝင် မည်ဖြစ်ပြီး အနိုင်ရရန် ရေပန်းစား နေသော်လည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်မှု မအောင် မမြင်ဖြစ်ပြီး နောက်တွင် ဗိုလ်ချုပ် မှူးကြီးက အထက်ပါအတိုင်း ရဲရဲ ဝံ့ဝံ့ပြောနိုင်ခဲ့ပြီဖြစ်သည်။ ဗိုလ် ချုပ်မှူးကြီးက ဘာကြောင့် ထိုသို့ ပြောနိုင်ပါသနည်း လေ့လာကြည့် ရအောင်ပါ။ ရွေးကောက်ပွဲအနိုင်ရပြီး တက်လာမည့် မည်သည့်အစိုးရ ကိုမဆို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ တပ်မတော်က ထိန်း ချုပ်ထားနိုင်ခြင်းကြောင့်ပင် ဖြစ် သည်။ ထိုသို့သော အခြေအနေ မျိုးတွင် ဒေါ်အောင်ဆန်းစုကြည် ကို သမ္မတဖြစ်ခွင့်ပိတ်ပင်ထားပြီး နောက် အရာရာသည် တပ်မတော်အတွက် လွယ်ကူသွားပြီ ဖြစ် သည်။ ရွေးကောက်ပွဲတွင် အနိုင်ရ ရန် အစွမ်းကုန်ရုန်းကန်ပြီးနောက် လွှတ်တော်ထဲ ရောက်လာမည့် ရွေးကောက်ခံကိုယ်စားလှယ်များ ကို တပ်မတော်သား ကိုယ်စား လှယ် ၂၅ ရာခိုင်နှုန်းက ယူနီဖောင်းအခံ့သားဖြင့် ထိုင်စောင့်နေမည် ဖြစ်သည်။ တပ်မတော်အတွက် သမ္မတလောင်းတစ်ဦးလည်း ခွဲ တမ်းရထားသည်မဟုတ်ပါလား။ နောက်ဆုံးအဆင့် တပ်မတော်နှင့် လုံးဝမပတ်သက်သည့် အရပ်သားစစ်စစ်တစ်ဦး သမ္မတဖြစ်ခဲ့ လျှင် ပင် တပ်မတော်သည် အာဏာသုံး ရပ်ကို ပါဝါချိန်ခွင်လျှာထိန်းထား နိုင်ဦးမည်ဖြစ်သည်။ နိုင်ငံတော်၏ အရေးကြီးဆုံး ကိစ္စရပ်များကို အမျိုးသားကာ ကွယ်ရေး နှင့် လုံခြုံရေးကောင်စီ ကတစ်ဆင့် တပ်မတော်က ထိန်းချုပ်နိုင်မည်ဖြစ်သည်။ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဖွဲ့စည်းရာတွင် နိုင်ငံတော်သမ္မ တ၊ ဒုတိယသမ္မတနှစ်ဦး၊ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်၊ ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီးနှင့် နယ်စပ်ရေးရာဝန်ကြီး ဌာနဝန်ကြီးတို့ပါဝင်သည်။ အဖွဲ့ ဝင် ၁၁ ဦးဖြင့် ဖွဲ့စည်းထားသော ကာ/လုံတွင် တပ်မတော်မှ ခြောက်ဦးတိတိ ပါဝင်သဖြင့် အရေးကြီးဆုံးဖြတ်ချက်များမဲခွဲ ရာတွင် တပ်မတော်၏ဆန္ဒသာ အသာရမှာ မလွဲပေ။ မြန်မာနိုင်ငံ၏ လက်ရှိအုပ်ချုပ်ရေးစနစ်ကို လေ့လာကြည့်မည်ဆိုပါက ရပ်ကွက်အုပ်ချုပ်ရေး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် တိုင်းဒေသကြီး(သို့မဟုတ်) ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တို့ဖြင့် အဆင့်ဆင့်အုပ်ချုပ်လျက်ရှိသည်။ အဆိုပါအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန များမှာ ပြည်ထဲရေးဝန်ကြီးဌာန၏လက်အောက်တွင် ရှိသည်။ ထို့ပြင် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အကျဉ်းဦးစီးဌာနနှင့် အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနတို့မှာလည်း ပြည်ထဲရေးလက် အောက်မှာပင် ဖြစ်သည်။ အဆိုပါပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီး ကို တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်နှင့် ညှိနှိုင်းပြီးမှသာ နိုင်ငံတော် သမ္မတက ခန့်အပ်တာဝန်ပေးရ ခြင်းဖြစ်သည်။ ကာကွယ်ရေးဝန် ကြီးဌာနနှင့် နယ်စပ်ရေးရာဝန်ကြီး ဌာနများအတွက်လည်း ထိုနည်း လည်းကောင်းပင်ဖြစ်သည်။ တိုင်းဒေသကြီး(သို့မဟုတ်) ပြည်နယ်အစိုးရအဖွဲ့၏အတွင်း ရေးမှူးသည် တိုင်းဒေသကြီး (သို့ မဟုတ်)ပြည်နယ်အထွေထွေအုပ် ချုပ်ရေးဦးစီးဌာန၏အကြီးအမှူး ပင်ဖြစ်ပြီး အစိုးရအဖွဲ့ရုံးသည် လည်း ထွေ /အုပ်ရုံးပင်ဖြစ်သည်။ ထို့ပြင် လုံခြုံရေးနှင့် နယ်စပ်ရေး ရာဝန်ကြီးခန့်အပ်ရာတွင်လည်း တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်ထံမှ သင့်လျော်သော တပ်မ တော်သားအမည်စာရင်းကို တိုင်း ဒေသကြီး(သို့မဟုတ်)ပြည်နယ် ဝန်ကြီးချုပ်က တောင်းခံခန့်အပ်ရ မည်ဖြစ်သည်။ သို့ဖြစ်ရာ မည် သည့်အရပ်သား သမ္မတဖြစ်လာ သည်ဖြစ်စေ၊ တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်သည် နိုင်ငံအုပ် ချုပ်ရေးတွင် သြဇာညောင်းနေဦး မှာပင်ဖြစ်သည်။ ဥပဒေပြုရေးမဏ္ဍိုင်ဘက်သို့ ကြည့်ပြန်လျှင်လည်း လွှတ်တော် အသီးသီးတွင် တပ်မတော်သား ကိုယ်စားလှယ်များက ၂၅ ရာခိုင် နှုန်းခွဲတမ်းရရှိပြီးဖြစ်သည်။ အထူးသဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန်အ တွက် အဆိုပါ ၂၅ ရာခိုင်နှုန်းမှာ လုံလောက်ခဲ့ပြီးဖြစ်သည်။ ထို့ပြင် ဥပဒေပြုရေးကိစ္စရပ်များတွင် တပ်မတော်၏အခန်းကဏ္ဍပါဝင် နေစေရန်လည်း ရည်ရွယ်သည်။ တရားစီရင်ရေးမဏ္ဍိုင်ဘက် ကို ကြည့်ပြန်လျှင်လည်း တပ်မ တော်သားများအတွက် စစ်ဘက် ဆိုင်ရာ တရားရုံးများဖြင့်သာ တရားစီရင်ရမည်ဖြစ်သည်။ ပြည် ထောင်စုတရားလွှတ်တော်ချုပ်သည် နိုင်ငံတော်အမြင့်ဆုံးတရား ရုံးဟု ဆိုသော်ငြားလည်း ၎င်းသည်စစ်ဘက်ဆိုင်ရာ တရားရုံးများ၏ စီရင်ပိုင်ခွင့်အာဏာကို ထိခိုက်၍ မရပေ။ သို့ဖြစ်ရာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပေးထားသည့် ဖော်ပြပါအချက်များကို မပြင်ဆင် နိုင်သရွေ့ ရွေးကောက်ပွဲအနိုင်ရ ပြီး တက်လာမည့် အရပ်သားသမ္မ တသည် တပ်မတော်ကာကွယ် ရေးဦးစီးချုပ်သြဇာကို လွန်ဆန်ရန် ခက်ခဲနေဦးမည်ဖြစ်သည်။ သမိုင်းကြောင်းကို ပြန်ကြည့်လျှင်လည်း မြန်မာ့နိုင်ငံရေးသည် တပ်မတော်လွှမ်းမိုးမှုအောက်၌ ပင် အချိန်များစွာ ဖြတ်သန်းခဲ့ရ သည်။ ဗိုလ်ချုပ်အောင်ဆန်းဦး ဆောင်ကာ လွတ်လပ်ရေးကို တိုက်ယူခဲ့သည်။ လွတ်လပ်ရေးရ ပြီးနောက် မြန်မာနိုင်ငံ၏ပထမဆုံးသမ္မတ စဝ်ရွှေသိုက်သည်ပင် ဘားမားရိုင်ဖယ်တွင် စစ်မှုထမ်းခဲ့ဖူး သည်။ မြန်မာနိုင်ငံသမိုင်းတွင် သမ္မတစဝ်ရွှေသိုက်မှ ဦးသိန်းစိန် ထိ သမ္မတရာထူးဖြင့် တိုင်းပြည် အုပ်ချုပ်ခဲ့သူ ရှစ်ဦးခဲ့ရာ ဒေါက် တာဘဦးမှလွဲ၍ ကျန်ခုနစ်ဦးမှာ တပ်မတော်သားများသာ ဖြစ် သည်။ နိုင်ငံတော်သမ္မတဦးဝင်းမောင် (မန်းဝင်းမောင်)သည် ဖက်ဆစ်ဂျပန်တော်လှန်ရေးကာလ တွင် လေထီးစစ်သည်အဖြစ်ပါဝင် ခဲ့သည့် ကရင်အမျိုးသားခေါင်း ဆောင်ဖြစ်သည်။ နိုင်ငံတော်သမ္မ တဒေါက်တာမောင်မောင်သည် လည်း ဗမာ့ကာကွယ်ရေးတပ်မ တော်သို့ ဝင်ရောက်တာဝန်ထမ်း ဆောင်ခဲ့ဖူးသူဖြစ်သည်။ ဗိုလ်ချုပ် ကြီးနေဝင်း၊ ဗိုလ်ချုပ်ကြီးစန်းယု၊ ဗိုလ်မှူးချုပ်စိန်လွင်နှင့် လက်ရှိ သမ္မတ ဗိုလ်ချုပ်ကြီးဟောင်း ဦး သိန်းစိန်တို့ကိုမူ တပ်မတော်သား များအဖြစ် အထူးတလည် မိတ် ဆက်ပေးရန် မလိုတော့ပါ။ သမိုင်းတစ်လျှောက် နိုင်ငံ တော်ဝန်ကြီးချုပ်အမည်စာရင်း တွင်လည်း တပ်မတော်သားများ ၏အမည်များကသာ အများဆုံး နေရာယူထားသည်။ ပြောရလျှင် ၁၉၆၂ မှစ၍ ၂၀၁၅ ယနေ့ထိ နှစ် ပေါင်း ၅၀ ကျော်ကာလတွင် မြန် မာနိုင်ငံသည် တပ်မတော်၏အုပ် ချုပ်မှုအောက်တွင်သာ တောက် လျှောက်ရှိနေခဲ့သည်။ ၂၀၁၀ ရွေးကောက်ပွဲပြီးနောက် အရပ်သား အစိုးရအမည်ခံ ဗိုလ်ချုပ်ကြီး ဟောင်းများက တာဝန်ယူပြီး နောက် နောက်သက်တမ်းတစ်ခု အတွက် ရွေးကောက်ပွဲလာချေ တော့မည်။ အဆိုပါရွေးကောက် ပွဲကိုလည်း ဒုတိယဗိုလ်ချုပ်ကြီး ဟောင်းတစ်ဦးကပင် ဦးဆောင် ကျင်းပပေးဦးမည်ဖြစ်သည်။ အစိုးရသစ်တစ်ရပ်ကိုလည်းဝန်ကြီးဌာ နများတွင် တပ်မတော်သားဟောင်းများ အမြဲတမ်းအတွင်းဝန် အဖြစ် ဦးဆောင်ကာ အငြိမ်းစား တပ်မတော်သားဟောင်းများက ညွှန်ကြားရေးမှူးချုပ်များ၊ ဦး ဆောင်ညွှန်ကြားရေးမှူးများအဖြစ် တာဝန်ယူထားသည့် ဌာန များက စောင့်ကြိုလို့နေသည်။ သို့ဖြစ်ရာ မြန်မာနိုင်ငံ၏ အုပ်ချုပ်မှုအာဏာသည် အရပ် သားအစိုးရတက်လာလျှင် တပ်မ တော်၏လောင်းရိပ်အောက်မှ လွတ်ကင်းပြီလားဟူသော မေး ခွန်းမှာ မေးစရာမလိုသော မေးခွန်းလည်းဖြစ်သည်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ၏အရေးကြီးပုဒ်မ များ မပြင်ဆင်နိုင်သရွေ့ နောင် လာမည့် ရွေးကောက်ပွဲများ နီး ကပ်လာချိန်တွင် အတိုက်အခံပါ တီ အနိုင်ရခဲ့လျှင် တပ်မတော်အ နေဖြင့် အဆိုပါ ရလဒ်ကို လက်ခံ မည်လားဟူသော မေးခွန်းကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အ ဆက်ဆက်က အေးအေးလူလူပင် ‘‘ဘယ်သူအနိုင်ရရ အကုန်လက်ခံ ပါတယ်’’ ဟု ဖြေကြားဦးမည်ဖြစ် သည်။ 7Day Daily

No comments: