Friday, July 31, 2015

မြစ်ရေကြီးခြင်းသတိပေးချက် ==================

မြစ်ရေကြီးခြင်းသတိပေးချက် =================== နေပြည်တော် ဇူလိုင် ၃ဝ ယနေ့ မြန်မာစံတော်ချိန် နံနက် ၈ နာရီခွဲ တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် ညောင်ဦးမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် ၄၈ စင်တီမီတာ(တစ်ပေခွဲခန့်)တွင် ရောက်ရှိနေပါသည်။ အဆိုပါ မြစ်ရေသည် နောက်နှစ်ရက် အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ကြောင်း မိုး/ဇလညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သည်။ ချင်းတွင်းမြစ်ရေသည် မုံရွာမြို့တွင် ဇူလိုင် ၃ဝ ရက် နံနက် ၆ နာရီခွဲမှစ၍ စိုးရိမ်ရေမှတ်သို့ ရောက်ရှိခဲ့ပြီး မြန်မာစံတော်ချိန် မွန်းလွဲ ၁၂ နာရီခွဲ တိုင်းထွာချက်အရ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ခုနစ်စင်တီမီတာ (သုံးလက်မခန့်) ကျော်လွန်နေသည်။ အဆိုပါ မြစ်ရေသည် နောက်နှစ်ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ် အထက်တွင် ဆက်လက်တည်ရှိနိုင်သည်။ ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့တွင် ဇူလိုင် ၃ဝ ရက် နံနက် ၁၁ နာရီခွဲမှစ၍ စိုးရိမ်ရေမှတ်သို့ ရောက်ရှိခဲ့ပြီး မြန်မာစံတော်ချိန် မွန်းလွဲ ၁၂ နာရီခွဲ တိုင်းထွာချက်အရ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ၁၁ စင်တီမီတာ (လေးလက်မခန့်) ကျော်လွန်နေသည်။ အဆိုပါ မြစ်ရေသည် နောက်နှစ်ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ် အထက်တွင် ဆက်လက်တည်ရှိနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သည်။ (မြန်မာ့အလင်း)

No comments: