Tuesday, July 28, 2015

ရေဘေးသင့်ပြည်သူများ အတွက် အလှူငွေနှင့်စားသောက်ဖွယ်ရာပစ္စည်းများလှူ ဒါန်း =================================

ရေဘေးသင့်ပြည်သူများ အတွက် အလှူငွေနှင့်စားသောက်ဖွယ်ရာပစ္စည်းများလှူ ဒါန်း ================================= မိုးကောင်း ဇူလိုင် ၂၇ ကချင်ပြည်နယ် မိုးကောင်းမြို့ နယ်မှ ရေဘေးသင့်ပြည်သူများ အတွက် မြန်မာနိုင်ငံကြက်ခြေနီ အသင်းဌာနချုပ်က ငွေကျပ်သိန်း ၅ဝ၊ ဥသမနိသသ က ယခင်လှူဒါန်းထား သည့် ဆန်အိတ် ၂ဝဝ တန်ဖိုးအပါ အဝင် ငွေကျပ်သိန်း ၁ဝဝ၊ မြစ်ကြီးနား မြို့မှ အလှူရှင်များက ဆန်လေးအိတ်၊ ဆီ ၁ဝ ပိဿာနှင့် အခြားစားသောက် ဖွယ်ရာပစ္စည်းများကို ဇူလိုင် ၂၆ ရက် က မိုးကောင်းမြို့ နန့်ကောင်းဧည့်ရိပ် သာခန်းမ၌ လာရောက်လှူဒါန်းကြ သည်။ ရေဘေးကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အသုံးပြုရန် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းဌာန ချုပ်က ငွေကျပ်နှစ်သိန်း၊Township Basic First Aid Training Kit တစ်လုံးနှင့် First Aid Kit ငါးလုံး၊ ပြည်နယ်ကြက်ခြေနီ ကြီးကြပ်မှု ကော်မတီက ငွေကျပ်တစ်သိန်းတို့ ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။ မော်လူး စစ်ကိုင်းတိုင်းဒေသကြီး အင်း တော်မြို့နယ် မော်လူးဒေသရှိ ရေဘေး သင့်အိမ်ထောင်စုခုနစ်စုအား ဇူလိုင် ၂၅ ရက်က မော်လူးကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ အင်းတော်မြို့ နယ်တာဝန်ရှိသူများက အလှူငွေနှင့် ပစ္စည်းများ ထောက်ပံ့ပေးခဲ့သည်။ အလှူငွေနှင့် ထောက်ပံ့ပစ္စည်း များ၊ ရေသန့်ဘူးကြီး/ဘူးသေး၊ ဆန်အိတ်ခုနစ်အိတ်၊ အလှူငွေကျပ် ခုနစ်သိန်းကို အင်းတော်မြို့နယ် စီမံ ခန့်ခွဲမှုကော်မတီ ဦးတင်မြင့်၊ အင်းတော်မြို့နယ်အထောက်အကူပြု ကော်မတီဥက္ကဋ္ဌ ဦးတင်လှိုင်တို့က လှူဒါန်းခဲ့ပြီး မော်လူးဒေသ အုပ်ချုပ် ရေးမှူးက ငွေကျပ် ၉ဝဝဝဝ၊ နယ်မြေခံ တပ်မှ ဗိုလ်မှူးပြည့်ခိုင်(ယာယီတပ်ရင်း မှူး)နှင့်အဖွဲ့က ဆန်နှစ်အိတ်၊ ကုလားပဲ ၁ဝ ပိဿာ၊ ကိုဝင်းနိုင်- မခင်မာကြူ (စက်သုံးဆီရောင်းဝယ် ရေး)မိသားစုက ငွေကျပ် ၇ဝဝဝဝ ထောက်ပံ့ပေးအပ်ခဲ့သည်။ ဝင်းအောင်၊ ခင်မောင်ဆွေ(မော်လူး) ရေဘေးသင့်ပြည်သူများ အတွက် အလှူငွေနှင့်စားသောက်ဖွယ်ရာပစ္စည်းများလှူ ဒါန်း ================================= မိုးကောင်း ဇူလိုင် ၂၇ ကချင်ပြည်နယ် မိုးကောင်းမြို့ နယ်မှ ရေဘေးသင့်ပြည်သူများ အတွက် မြန်မာနိုင်ငံကြက်ခြေနီ အသင်းဌာနချုပ်က ငွေကျပ်သိန်း ၅ဝ၊ ဥသမနိသသ က ယခင်လှူဒါန်းထား သည့် ဆန်အိတ် ၂ဝဝ တန်ဖိုးအပါ အဝင် ငွေကျပ်သိန်း ၁ဝဝ၊ မြစ်ကြီးနား မြို့မှ အလှူရှင်များက ဆန်လေးအိတ်၊ ဆီ ၁ဝ ပိဿာနှင့် အခြားစားသောက် ဖွယ်ရာပစ္စည်းများကို ဇူလိုင် ၂၆ ရက် က မိုးကောင်းမြို့ နန့်ကောင်းဧည့်ရိပ် သာခန်းမ၌ လာရောက်လှူဒါန်းကြ သည်။ ရေဘေးကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အသုံးပြုရန် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းဌာန ချုပ်က ငွေကျပ်နှစ်သိန်း၊Township Basic First Aid Training Kit တစ်လုံးနှင့် First Aid Kit ငါးလုံး၊ ပြည်နယ်ကြက်ခြေနီ ကြီးကြပ်မှု ကော်မတီက ငွေကျပ်တစ်သိန်းတို့ ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။ မော်လူး စစ်ကိုင်းတိုင်းဒေသကြီး အင်း တော်မြို့နယ် မော်လူးဒေသရှိ ရေဘေး သင့်အိမ်ထောင်စုခုနစ်စုအား ဇူလိုင် ၂၅ ရက်က မော်လူးကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ အင်းတော်မြို့ နယ်တာဝန်ရှိသူများက အလှူငွေနှင့် ပစ္စည်းများ ထောက်ပံ့ပေးခဲ့သည်။ အလှူငွေနှင့် ထောက်ပံ့ပစ္စည်း များ၊ ရေသန့်ဘူးကြီး/ဘူးသေး၊ ဆန်အိတ်ခုနစ်အိတ်၊ အလှူငွေကျပ် ခုနစ်သိန်းကို အင်းတော်မြို့နယ် စီမံ ခန့်ခွဲမှုကော်မတီ ဦးတင်မြင့်၊ အင်းတော်မြို့နယ်အထောက်အကူပြု ကော်မတီဥက္ကဋ္ဌ ဦးတင်လှိုင်တို့က လှူဒါန်းခဲ့ပြီး မော်လူးဒေသ အုပ်ချုပ် ရေးမှူးက ငွေကျပ် ၉ဝဝဝဝ၊ နယ်မြေခံ တပ်မှ ဗိုလ်မှူးပြည့်ခိုင်(ယာယီတပ်ရင်း မှူး)နှင့်အဖွဲ့က ဆန်နှစ်အိတ်၊ ကုလားပဲ ၁ဝ ပိဿာ၊ ကိုဝင်းနိုင်- မခင်မာကြူ (စက်သုံးဆီရောင်းဝယ် ရေး)မိသားစုက ငွေကျပ် ၇ဝဝဝဝ ထောက်ပံ့ပေးအပ်ခဲ့သည်။ ဝင်းအောင်၊ ခင်မောင်ဆွေ(မော်လူး)

No comments: