Tuesday, July 28, 2015

တောင်သူလယ်သမားများသို့ မိုးလေ၀သအန္တရာယ်ဆိုင်ရာ သတိပေးနှိုးဆော်ချက် =======================================

တောင်သူလယ်သမားများသို့ မိုးလေ၀သအန္တရာယ်ဆိုင်ရာ သတိပေးနှိုးဆော်ချက် ======================================= ၁။ ယခု ဇူလိုင်လပထမပတ်မှစ၍ စစ်ကိုင်းတိုင်းဒေသကြီးအပါအဝင် မြန်မာနိုင်ငံအထက်ပိုင်း အချို့ဒေသများတွင် မိုးသည်းထန်စွာရွာသွန်းခြင်း၊ အချို့ဆည်တာတမံများတွင် ရေကြီး ရေလျှံခြင်းများဖြစ်ပေါ်ပြီး တောင်သူလယ်သမားများ ပင်ပင်ပန်းပန်းစိုက်ပျိုးထားရှိသော လယ်မြေ များရေနစ်မြုပ်ခြင်း၊ ပျက်စီးခြင်းများ ဖြစ်ပေါ်ခံစားနေရသည်ကို အချိန်မီ ကြိုတင်ပြင်ဆင် ဆောင်ရွက်ရန် လိုအပ်လျက်ရှိပါသည်။ ၂။ မြန်မာနိုင်ငံအထက်ပိုင်း အချို့ဒေသများတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီး နစ်မြုပ်မှုများဖြစ်ပေါ်နေသကဲ့သို့ မြန်မာနိုင်ငံအောက်ပိုင်းဒေသများတွင်လည်း ဒေသအလိုက် ရေကြီးနစ်မြုပ်မှုများ ဖြစ်ပေါ်လာနိုင်ကြောင်းကို မျှော်မှန်းရပါ၍ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရန် သတိပေးနှိုးဆော်အပ်ပါသည်။ ၃။ သို့ဖြစ်ပါ၍ နိုင်ငံနှင့်အဝန်းရှိ တောင်သူလယ်သမားများ ရာသီဥတုကြောင့် ပျက်စီး ဆုံးရှုံးမှုများမရှိစေရန် ကြိုတင်ကာကွယ်ခြင်း၊ ရေကြီးနစ်မြုပ်နေသည့်စိုက်ခင်းများကို အချိန်မီ ပြန်လည်စိုက်ပျိုးနိုင်ရန် အရန်မျိုးများ ပျိုး ထောင်ခြင်း၊ အချိန်မီ ပြန်လည်စိုက်ပျိုးခြင်းလုပ်ငန်း များကိုဆောင်ရွက်သွားနိုင်ရန် တိုင်းဒေသကြီး/ ပြည်နယ်များရှိ အဆင့်ဆင့်သောဌာန ဆိုင်ရာများနှင့် အဖွဲ့အစည်းများမှ ဝိုင်းဝန်းကူညီရိုင်းပင်း ဆောင်ရွက်ပေးကြပါရန် တိုက်တွန်း နှိုးဆော်အပ်ပါသည်။ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန

No comments: