Sunday, July 26, 2015

ကျောက်စိမ်းရိုင်း(ပယ်ကျောက်)ရောင်းချပွဲ လုံးခင်း ကျောက်စိမ်းတူး ဖော်ရေးဌာနတွင် ကျင်းပမည်

ကျောက်စိမ်းရိုင်း(ပယ်ကျောက်)ရောင်းချပွဲ လုံးခင်း ကျောက်စိမ်းတူး ဖော်ရေးဌာနတွင် ကျင်းပမည် ဇူလိုင် ၂၆ ရက်၊ ၂၀၁၅ ကျောက်စိမ်းရိုင်း (ပယ်ကျောက်)များ ရောင်းချပွဲကို ကျောက်စိမ်းတူး ဖော်ရေးဌာန (လုံးခင်း)တွင် သြဂုတ် ၁၈ မှ ၂၀ ရက်အထိ သုံးရက်ကြာ ကျင်းပပြု လုပ်မည်ဟု သတ္တုတွင်း ဝန်ကြီး ဌာန မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းမှ သတင်းရရှိသည်။ တင်ဒါစနစ်ဖြင့် ရောင်းချ ပေးမည့် ကျောက်စိမ်းရိုင်း (ပယ် ကျောက်) ရောင်းချပွဲသို့ နိုင်ငံ တော်နှင့်အကျိုးတူ ကျောက်စိမ်း ကျောက်မျက် တူးဖော်ရေးလုပ် ကိုင်နေသည့် ကုမ္ပဏီများ၊ ပုဂ္ဂ လိကကျောက်မျက် တူးဖော်ရေး ကုမ္ပဏီများမှ မန်နေဂျင်းဒါရိုက် တာ၊ ဒါရိုက်တာနှင့် ဒါရိုက်တာ အဖွဲ့ဝင်များကို တက်ရောက်ဝယ်ယူခွင့်ပြုမည်ဟု မြန်မာ့ကျောက်မျက် ရတနာရောင်းဝယ်ရေးလုပ် ငန်းက သတင်းထုတ်ပြန်သည်။ ‘‘ပယ်ကျောက် ဆိုတာက တော့ ကျောက်စိမ်းအညံ့ပေါ့။ ကုမ္ပဏီတွေကနေ ဖြတ်ထားပြီး ပယ်ထားတဲ့ကျောက်တွေ။ အခု ရောင်းမယ်ဆိုတာကလည်း လော့တွဲတွေ တွဲပြီးရောင်းမှာ မဟုတ် ဘူး။ အလေးချိန်တန်နဲ့ချီပြီးတော့ ပေါ့။ အဲဒါမျိုးရောင်းမှာ။ နေပြည် တော်မှာလုပ်တဲ့ ပြပွဲတွေနဲ့ မတူ ဘူး။ ဒါက လုံးခင်းကျောက်စိမ်း တူးဖော်ရေးဌာနက လက်ကျန် ရှင်းတဲ့သဘောနဲ့ ရောင်းပေးတာ’’ ဟု မြန်မာ့ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း (မန္တလေး တိုင်းဒေသကြီး)ဥက္ကဋ္ဌဦးမြင့်ဟန် ကပြောသည်။ ကျောက်စိမ်းရိုင်း (ပယ် ကျောက်)ရောင်းချပွဲသည် ကျောက်စိမ်းကျောက်မျက် အရောင်းအဝယ်ဈေးကွက်အပေါ် များစွာရိုက်ခတ်မှုမရှိသကဲ့သို့ အချောထည်ထုတ်လုပ်သူအချို့မှ လွဲ၍ကျောက် ကုန်သည်အများစုက စိတ်ဝင်စားမှုမရှိကြဟု မန္တလေးမြို့ခံကျောက်ကုန်သည် အချို့က ပြောကြားသည်။ ပြီးခဲ့သည့် ဇွန်လကုန်နှင့် ဇူလိုင် လဆန်းပိုင်းက နေပြည် တော်တွင် ယူရိုငွေဖြင့် ရောင်းချ သည့် ကျောက်မျက်ပြပွဲပြုလုပ်ခဲ့ သည်။ မန္တလေး ဈေးကွက်တွင်မူ ကျောက်စိမ်းကျောက်မျက် အရောင်းအဝယ်မှာ ကောင်းမွန် လာခြင်း မရှိသေးဘဲ ကျဆင်းနေ ဆဲဖြစ်သည်ဟုဆိုသည်။ ‘‘တရုတ်ဧည့်သည်ကလည်း အလာနည်းတယ်။ ပြပွဲက ကျောက်တွေကလည်း ဈေးကွက်ထဲ မရောက်သေးတော့ သိပ်မထူးပါဘူး။ အရောင်းအဝယ်ကတော့ အေးနေတုန်းပဲ။ တက်မလာသေး ဘူး’’ ဟု မန္တလေးမဟာအောင်မြေကျောက်ဝိုင်းမှ ကျောက်ကုန် သည်တစ်ဦးကပြောသည်။ ကျောက်စိမ်း တူးဖော်ရေး ဌာန(လုံးခင်း)တွင် ကျင်းပပြုလုပ် မည့် ကျောက်စိမ်းရိုင်း (ပယ် ကျောက်) ရောင်းချပွဲသို့ တက် ရောက် ဝယ်ယူလိုသူများသည် သတ်မှတ် အာမခံ စပေါ်ငွေကို မြန်မာ့စီးပွားရေးဘဏ်ခွဲ (ဖားကန့် မြို့) သို့ ပေးသွင်းရမည်ဖြစ်ပြီး ရောင်းချပွဲသို့တက်ရောက်ဝယ်ယူ ခွင့်ဆိုင်ရာ ကိစ္စများကို သြဂုတ် ၁ မှ ၁၅ ရက်အတွင်း ကျောက်စိမ်းတူးဖော်ရေးဌာန (လုံးခင်း) ၌ ဆောင်ရွက်ပေးမည်ဖြစ်သည်။ 7 Day

No comments: