မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Sunday, July 26, 2015
သီပေါ နမ့်ပေါ့ချောင်းကူးတံတားကျိုးကျ ၊ လူသုံးဦးသေ၊ သုံးဦးရေမျော၊ အိမ်များရေမြုပ် ==============================================
သီပေါ နမ့်ပေါ့ချောင်းကူးတံတားကျိုးကျ ၊ လူသုံးဦးသေ၊ သုံးဦးရေမျော၊ အိမ်များရေမြုပ်
==============================================
သီပေါ ဇူလိုင် ၂၅
ရှမ်းပြည်နယ် (မြောက်ပိုင်း) သီပေါမြို့နယ်၌ ဇူလိုင် ၂၄ ရက်က အဆက်မပြတ် ရွာသွန်းသောမိုးနှင့် တောင်ကျရေများကြောင့် ဒုဋ္ဌဝတီမြစ် နှင့် နမ့်ပေါ့ချောင်းတို့ ရေလျှံကာ သီပေါနှင့် နမ့်ဆန်၊ နမ္မတူ၊ မန်တုံ မြို့နယ်များသို့ ဆက်သွယ်ပေးသည့် နမ့်ပေါ့ချောင်းတံတားကြီး ကျိုးကျ ပျက်စီးသွားရာ လူသုံးဦး သေဆုံးပြီး သုံးဦးမှာ ရေစီးနှင့်အတူ မျောပါသွား ကာ ပြည်သူ့ဆေးရုံတွင် သုံးဦး အတွင်းလူနာအဖြစ် ဆေးကုသနေရ ကြောင်း သိရသည်။
အခင်းဖြစ်ပွားရာသို့ မြို့နယ်စီမံ ခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးမျိုးတင့် ဇော်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မြင့်ဆွေ၊ နယ်မြေခံတပ်ရင်းမှူး၊ မြို့နယ်အထောက်အကူပြု ကော်မတီ ဥက္ကဋ္ဌ ဦးအောင်ခင်၊ မြို့နယ်စည်ပင် သာယာရေးကော်မတီဥက္ကဋ္ဌ ဦးခင် မောင်ဝင်း၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်ကြည်ထွန်းနှင့် လူမှုရေး အသင်းအဖွဲ့များ၊ မီးသတ်၊ ကြက် ခြေနီ၊ ရဲတပ်ဖွဲ့ဝင်များ၊ တပ်မတော် သားများနှင့် ဒေသခံတိုင်းရင်းသားပြည်သူများက လိုအပ်သော ကူညီ ဆောင်ရွက်မှုများကို လူမှုရေး အသိစိတ်ဖြင့် ပါဝင်ဆောင်ရွက် ကြသည်။
ထို့အပြင် ဒုဋ္ဌဝတီမြစ်ကမ်း ဘေးမှ ရေဝင်နစ်မြုပ်နေသော ဈေးရပ်ကွက်မှ အိမ်ခြေ ၅၂ လုံး၊ ဇာတ်စုရပ်ကွက်မှ အိမ်ခြေ ၃၇ လုံး၊ ထုံစင့်ကျောင်းပြိန်းကျေးရွာမှ အိမ်ခြေ ၁ဝ လုံး၊ တိန်းချေတိန်းစံ ကျေးရွာမှ အိမ်ခြေသုံးလုံးတို့ကို မြို့နယ်ပြည်သူ့အားကစားကွင်း၌ လည်းကောင်း၊ ဘုန်းတော်ကြီး ကျောင်းများ၌ လည်းကောင်း တာဝန်ရှိသူများနှင့် လူမှုရေး အသင်းအဖွဲ့များက ပြောင်းရွှေ့ နေထိုင်စားသောက်ရေးကိစ္စရပ်များ ကို ကူညီဆောင်ရွက်ပေးကြသည်။
ကျိုးကျ ပျက်စီးသွားသော နမ့်ပေါ့ တံတားကြီးသည် သီပေါ မြို့ကို မြောက်ဘက်မှ တောင်ဘက် သို့ ဆက်သွယ်ပေါင်းကူးပေးသည့် အရှည် ၁၇၇ ပေ ရှိ နှစ်ပေါင်း ၁ဝဝ ကျော်တံတားကြီး ဖြစ်ကာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့စခန်း၊ မြို့နယ် စာရင်းရုံး၊ ဆက်သွယ်ရေး(ဖုန်း)၊ အခွန်ဦးစီးဌာန၊ တိုင်းရင်းဆေးခန်း၊ လျှပ်စစ်ဓာတ်အားခွဲရုံ၊ မြို့နယ်စစ်မှု ထမ်းဟောင်း အဖွဲ့ရုံး၊ လဝကရုံး၊ အမှတ်(၂)အထက၊ ဂေါတန်ကျောက် သယ်ပို့စခန်း၊ တပ်ရင်းတပ်ဖွဲ့များ ရုံးစိုက်ရာေ ဒသသို့သွားရာ လမ်းတစ်လျှောက်တွင် နမ့်ပေါ့ ချောင်းတံတားကို ဖြတ်ကျော်ပြီးမှ ရောက်ရှိနိုင်မည်ဖြစ်သကဲ့သို့ နမ္မတူ ဘော်တွင်းမှ အဖိုးတန် တွင်းထွက် ပစ္စည်းများ သယ်ဆောင်ရာတွင် လည်းကောင်း၊ နိုင်ငံကျော် နမ့်ဆန် ဒေသထွက် လက်ဖက်စိုလက်ဖက် ခြောက်များ သယ်ယူပို့ဆောင်ရာတွင် လည်းကောင်း ယင်းနမ့်ပေါ့ချောင်း တံတားကို ဖြတ်ကျော်ပြီးမှ ရောက် ရှိနိုင်မည်ဖြစ်သဖြင့် အမြန်ဆုံး ပြန်လည်တည်ဆောက်ပေးရန် ဒေသခံများက လိုလားလျက်ရှိ ကြောင်း သိရသည်။
စိုင်း(သီပေါ) သီပေါ နမ့်ပေါ့ချောင်းကူးတံတားကျိုးကျ ၊ လူသုံးဦးသေ၊ သုံးဦးရေမျော၊ အိမ်များရေမြုပ်

စိုင်း(သီပေါ)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment