Monday, July 27, 2015

တောင်ကမ်းပါးယံမြေပြိုကျပြီး ကားလမ်းပိတ်ဆို့မှုဖြစ် ===================================

တောင်ကမ်းပါးယံမြေပြိုကျပြီး ကားလမ်းပိတ်ဆို့မှုဖြစ် =================================== ရွှေကူ ဇူလိုင် ၂၆ ကချင်ပြည်နယ် ဗန်းမော်ခရိုင် ရွှေကူမြို့နယ် ဇင်းဘုံကျေးရွာအနီး(ဗန်းမော် -ရွှေကူ-မန္တလေး) မဟာဗျူဟာ ကားလလမ်းမိုင်တိုင်အမှတ် (၁၅၃) မှ မိုင် တိုင်အမှတ် (၁၅၆) အတွင်း ဇူလိုင် ၂၃ ရက်နှင့် ၂၄ ရက်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်ကမ်းပါးယံမြေပြိုကျ၍ ကားလမ်းပိတ်ဆို့မှုဖြစ်ပွားခဲ့ရာ ဇူလိုင် ၂၅ ရက် နံနက် ၉ နာရီက မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးထွန်းနှင့် တာဝန်ရှိသူများ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။ အဆိုပါ ကားလမ်းပေါ်သို့ ပြိုကျလာသောမြေကြီး၊ ကျောက်တုံး၊ ကျောက်ခဲများကို နယ်မြေခံတပ်နယ်မှ ယာယီဒုတိယတပ်ရင်းမှူးနှင့် တပ်မတော်သားများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများက စက်ယန္တရား၊ လုပ်အားများဖြင့် အမြန်ဆုံးရှင်းလင်းဖယ်ရှား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ (မြို့နယ် ပြန်/ဆက်)

No comments: