Friday, July 31, 2015

ဝန်းသိုမြို့နယ် ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ပစ္စည်းများပေးအပ် ========================================

ဝန်းသိုမြို့နယ် ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ပစ္စည်းများပေးအပ် ================================================ ကောလင်း ဇူလိုင် ၃ဝ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်အေးသည် သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများ နှင့်အတူ ဇူလိုင် ၂၇ ရက်က ရေကြီးနစ်မြုပ်ကျေးရွာများဖြစ်သော ဝန်းသို မြို့နယ် လက်ပံကြီးတောကျေးရွာအုပ်စု၊ စိန်လည်ကျေးရွာ၊ ကျိုင်းခွင်ကျေးရွာ၊ ချီးယားကုန်းကျေးရွာသို့သွားရောက်၍ ရေဘေးသင့် ပြည်သူများနှင့် တွေ့ဆုံ အားပေးစကားပြောကြားသည်။ ထို့နောက် ဆန်အိတ်၊ ရေသန့်ဘူးများနှင့် ခေါက်ဆွဲခြောက်များ ထောက်ပံ့ပေးအပ်ခဲ့ပြီး ပျက်စီးသွားသော လမ်း၊ တံတား များ အမြန်ပြီးစီးအောင်ဆောင်ရွက်ရန် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။ ထို့နောက် ဝန်းသိုမြို့နယ် ငါးကမ္ဘာမြစိမ်းရောင်စီမံကိန်းစာရင်းဝင် တောင်ဘို့လှကျေးရွာသို့ သွားရောက်၍ ဘုန်းတော်ကြီးကျောင်းတွင် ဒေသခံ ပြည်သူများအားတွေ့ဆုံပြီး လိုအပ်ချက်များကို ညှိနှိုင်းဆွေးနွေးခဲ့ပြီးနောက် ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ရေးပစ္စည်းများပေးအပ်ခဲ့သည်။ ဆက် လက် ၍ ဂျိုးတောင်ရွာမရွာနှင့် ဆေးမင်းဂုံရွာများသို့ သွားရောက်၍ ထောက်ပံ့ ပစ္စည်းများပေးအပ်ခဲ့ကြောင်း သိရသည်။ အောင်ကျော်စိုး(ကောလင်း) ဝန်းသိုမြို့နယ် ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ပစ္စည်းများပေးအပ် ================================================ ကောလင်း ဇူလိုင် ၃ဝ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်အေးသည် သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများ နှင့်အတူ ဇူလိုင် ၂၇ ရက်က ရေကြီးနစ်မြုပ်ကျေးရွာများဖြစ်သော ဝန်းသို မြို့နယ် လက်ပံကြီးတောကျေးရွာအုပ်စု၊ စိန်လည်ကျေးရွာ၊ ကျိုင်းခွင်ကျေးရွာ၊ ချီးယားကုန်းကျေးရွာသို့သွားရောက်၍ ရေဘေးသင့် ပြည်သူများနှင့် တွေ့ဆုံ အားပေးစကားပြောကြားသည်။ ထို့နောက် ဆန်အိတ်၊ ရေသန့်ဘူးများနှင့် ခေါက်ဆွဲခြောက်များ ထောက်ပံ့ပေးအပ်ခဲ့ပြီး ပျက်စီးသွားသော လမ်း၊ တံတား များ အမြန်ပြီးစီးအောင်ဆောင်ရွက်ရန် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။ ထို့နောက် ဝန်းသိုမြို့နယ် ငါးကမ္ဘာမြစိမ်းရောင်စီမံကိန်းစာရင်းဝင် တောင်ဘို့လှကျေးရွာသို့ သွားရောက်၍ ဘုန်းတော်ကြီးကျောင်းတွင် ဒေသခံ ပြည်သူများအားတွေ့ဆုံပြီး လိုအပ်ချက်များကို ညှိနှိုင်းဆွေးနွေးခဲ့ပြီးနောက် ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ရေးပစ္စည်းများပေးအပ်ခဲ့သည်။ ဆက် လက် ၍ ဂျိုးတောင်ရွာမရွာနှင့် ဆေးမင်းဂုံရွာများသို့ သွားရောက်၍ ထောက်ပံ့ ပစ္စည်းများပေးအပ်ခဲ့ကြောင်း သိရသည်။ အောင်ကျော်စိုး(ကောလင်း)

No comments: