Tuesday, July 28, 2015

မော်လူးနှင့် နန့်စီးအောင်ကြားရှိ မန္တလေးနှင့် မြစ်ကြီးနား မီးရထားလမ်းပိုင်း ဟဲနုသံပေါင်တံတားရေတိုက်စားကာ ခြောက်ပေခန့်ရွေ့လျားခြင်းကို ပြု ပြင် ============================================

မော်လူးနှင့် နန့်စီးအောင်ကြားရှိ မန္တလေးနှင့် မြစ်ကြီးနား မီးရထားလမ်းပိုင်း ဟဲနုသံပေါင်တံတားရေတိုက်စားကာ ခြောက်ပေခန့်ရွေ့လျားခြင်းကို ပြု ပြင် ================================================= ကသာ ဇုလိုင် ၂၇ စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် အင်းတော်မြို့နယ်၌ မော်လူးနှင့် နန့်စီးအောင်ကြားတွင်ရှိသော မန္တလေးနှင့် မြစ်ကြီးနား မီးရထားလမ်းပိုင်း ရှိ ဟဲနုမီးရထားလမ်း သံပေါင်တံတားသည် ဇူလိုင် ၂၄ ရက် နံနက် ၇ နာရီမှ မွန်းတည့် ၁၂ နာရီအထိ ရေကြီးရေလျှံမှု ဖြစ်ခဲ့သည့်အတွက် ခြောက်ပေခန့် ရွေ့လျားပျက်စီးနေသည့် မီးရထားသံပေါင် တံတားကြီးကို မီးရထား အင်ဂျင်နီယာအဖွဲ့က ဇူလိုင် ၂၅ ရက် နံနက် ၆ နာရီခွဲမှ ညနေအထိ ပြုပြင် ဆောင်ရွက်နေကြောင်း သိရသည်။ ''ဒီနေ့ မီးရထားလမ်းတွေကို ပြန်လည်ပြုပြင်နေကြပါတယ်။ မိုးက လည်းမရပ်ဘဲ ရွာနေတယ်။ အခုဆိုရင် မော်လူးနဲ့ နန့်စီးအောင်ကြားမှာ ရှိတဲ့ ဟဲနုချောင်းရေကြီးလို့ မီးရထားလမ်းသံပေါင်တံတားကြီး ပျက်စီး သွားပါတယ်။ အခုဆိုရင် မီးရထားအင်ဂျင်နီယာအဖွဲ့က အမြန်ဆောင်ရွက် နေပါတယ်'' ဟု မီးရထားဝန်ထမ်းတစ်ဦးက ပြောသည်။ ယင်းချွတ်ယွင်းပျက်စီးလျက်ရှိနေသော မီးရထားလမ်းသည် မိုင်တိုင် အမှတ် (၆ဝ၆/၂၄) မှ (၆ဝ၇/၁ ) ရှိ တံတားအမှတ် ၅ဝ၄ သည် အလျား ပေ ၁၄ဝ ရှိပြီး ဟဲနုချောင်းရေကြီးတဲ့အတွက်ကြောင့် မူလနေရာမှ မီးရထားသံလမ်းမှာ ခြောက်ပေရွေ့လျားသွား၍ ပျက်စီးနေသောကြောင့် မီးရထားဆိုင်ရာ တာဝန်ရှိသူများက ပြုပြင်ဆောင်ရွက်လျက်ရှိသည်။ နယ်မြေခံတပ်မတော်သား စစ်သည်များနှင့် ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များနှင့် မော်လူးမှ တာဝန်ရှိသူများသည် တံတားတွင်ညှိတွယ်နေ သော သစ်ပင်များ၊ အမှိုက်များကို ရှင်းလင်းပူးပေါင်းလုပ်ဆောင်နေကြ ကြောင်း သိရသည်။ သန်းမောင်လေး မော်လူးနှင့် နန့်စီးအောင်ကြားရှိ မန္တလေးနှင့် မြစ်ကြီးနား မီးရထားလမ်းပိုင်း ဟဲနုသံပေါင်တံတားရေတိုက်စားကာ ခြောက်ပေခန့်ရွေ့လျားခြင်းကို ပြု ပြင် ================================================= ကသာ ဇုလိုင် ၂၇ စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် အင်းတော်မြို့နယ်၌ မော်လူးနှင့် နန့်စီးအောင်ကြားတွင်ရှိသော မန္တလေးနှင့် မြစ်ကြီးနား မီးရထားလမ်းပိုင်း ရှိ ဟဲနုမီးရထားလမ်း သံပေါင်တံတားသည် ဇူလိုင် ၂၄ ရက် နံနက် ၇ နာရီမှ မွန်းတည့် ၁၂ နာရီအထိ ရေကြီးရေလျှံမှု ဖြစ်ခဲ့သည့်အတွက် ခြောက်ပေခန့် ရွေ့လျားပျက်စီးနေသည့် မီးရထားသံပေါင် တံတားကြီးကို မီးရထား အင်ဂျင်နီယာအဖွဲ့က ဇူလိုင် ၂၅ ရက် နံနက် ၆ နာရီခွဲမှ ညနေအထိ ပြုပြင် ဆောင်ရွက်နေကြောင်း သိရသည်။ ''ဒီနေ့ မီးရထားလမ်းတွေကို ပြန်လည်ပြုပြင်နေကြပါတယ်။ မိုးက လည်းမရပ်ဘဲ ရွာနေတယ်။ အခုဆိုရင် မော်လူးနဲ့ နန့်စီးအောင်ကြားမှာ ရှိတဲ့ ဟဲနုချောင်းရေကြီးလို့ မီးရထားလမ်းသံပေါင်တံတားကြီး ပျက်စီး သွားပါတယ်။ အခုဆိုရင် မီးရထားအင်ဂျင်နီယာအဖွဲ့က အမြန်ဆောင်ရွက် နေပါတယ်'' ဟု မီးရထားဝန်ထမ်းတစ်ဦးက ပြောသည်။ ယင်းချွတ်ယွင်းပျက်စီးလျက်ရှိနေသော မီးရထားလမ်းသည် မိုင်တိုင် အမှတ် (၆ဝ၆/၂၄) မှ (၆ဝ၇/၁ ) ရှိ တံတားအမှတ် ၅ဝ၄ သည် အလျား ပေ ၁၄ဝ ရှိပြီး ဟဲနုချောင်းရေကြီးတဲ့အတွက်ကြောင့် မူလနေရာမှ မီးရထားသံလမ်းမှာ ခြောက်ပေရွေ့လျားသွား၍ ပျက်စီးနေသောကြောင့် မီးရထားဆိုင်ရာ တာဝန်ရှိသူများက ပြုပြင်ဆောင်ရွက်လျက်ရှိသည်။ နယ်မြေခံတပ်မတော်သား စစ်သည်များနှင့် ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များနှင့် မော်လူးမှ တာဝန်ရှိသူများသည် တံတားတွင်ညှိတွယ်နေ သော သစ်ပင်များ၊ အမှိုက်များကို ရှင်းလင်းပူးပေါင်းလုပ်ဆောင်နေကြ ကြောင်း သိရသည်။ သန်းမောင်လေး

No comments: