Sunday, July 26, 2015

ဗန်းမော်နှင့် ဖားကန့်ဒေသတို့တွင် တိုက်ပွဲများ လျော့နည်းသွားပြီဖြစ်သော်လည်း ဆွမ်ပရာဘွမ် ဘက်တွင် KIA မှ အစိုးရတပ်စခန်းများအား ချောင်းမြောင်း ပတ်ခတ်လျှက်ရှိ ========================================

ဗန်းမော်နှင့် ဖားကန့်ဒေသတို့တွင် တိုက်ပွဲများ လျော့နည်းသွားပြီဖြစ်သော်လည်း ဆွမ်ပရာဘွမ် ဘက်တွင် KIA မှ အစိုးရတပ်စခန်းများအား ချောင်းမြောင်း ပတ်ခတ်လျှက်ရှိ ======================================== 25, July, 2015 By Voice Of Kachin ကချင်ပြည်နယ်အတွင်း တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့သော ဗန်းမော်ဒေသနှင့် ဖားကန့်ဒေသတို့တွင် တိုက်ပွဲများ လျော့နည်းသွားပြီဖြစ်သော်လည်း ဆွမ်ပရာဘွမ်ဒေသတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း သတင်းရရှိပါသည်။ ဆွမ်ပရာဘွမ်ဒေသတွင် KIA မှ နယ်မြေကျော်လာသောကြောင့် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ စာဖြင့်အကြောင်းကြားကာ ပြန်လည်ဆုတ်ခွာရန် ပြောကြားခဲ့သော်လည်း KIA ယာယီတပ်စခန်းများမှာ ဆုတ်ခွာခြင်း မရှိသောကြောင့် နယ်မြေခံတပ်ရင်းများဖြင့် ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားလျှက်ရှိကြောင်း သိရှိရပါသည်။ ဆွမ်ပရာဘွမ် ဒေသခံများမှ တိုက်ပွဲမဖြစ်ပွားစေရေး တိုက်ပွဲများကြာရှည်မည် စိုးသဖြင့် ပြန်လည်ဆုတ်ခွာပေးရန် တောင်းဆိုသော်လည်း မရသဖြင့် ဒေသခံပြည်သူ့စစ်များကပါ ၀င်ရောက် တိုက်ပွဲဆင်နွှဲလျှက်ရှိကြောင်း သိရှိရပါသည်။ ကျေးရွာပြည်သူလူထုကိုလည်း အစိုးရ စစ်ကြောင်းများကို အကူအညီပေးသည်ဟုဆိုကာ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရှိရပါသည်။ ထိုသို့ KIA မှ ပြုလုပ်နေခြင်းသည် စစ်ပွဲများကို ကြာရှည်အောင် ဖန်တီးနေခြင်းသာ ဖြစ်ကြောင်း ဒေသခံပြည်သူ့စစ်ခေါင်းဆောင်တစ်ဦးမှ ပြောကြားခဲ့ကြောင်း သိရှိရပါသည်။ ဗန်းမော်နှင့် ဖားကန့်ဒေသတို့တွင် တိုက်ပွဲများ လျော့နည်းသွားပြီဖြစ်သော်လည်း ဆွမ်ပရာဘွမ် ဘက်တွင် KIA မှ အစိုးရတပ်စခန်းများအား ချောင်းမြောင်း ပတ်ခတ်လျှက်ရှိ ======================================== 25, July, 2015 By Voice Of Kachin ကချင်ပြည်နယ်အတွင်း တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့သော ဗန်းမော်ဒေသနှင့် ဖားကန့်ဒေသတို့တွင် တိုက်ပွဲများ လျော့နည်းသွားပြီဖြစ်သော်လည်း ဆွမ်ပရာဘွမ်ဒေသတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း သတင်းရရှိပါသည်။ ဆွမ်ပရာဘွမ်ဒေသတွင် KIA မှ နယ်မြေကျော်လာသောကြောင့် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ စာဖြင့်အကြောင်းကြားကာ ပြန်လည်ဆုတ်ခွာရန် ပြောကြားခဲ့သော်လည်း KIA ယာယီတပ်စခန်းများမှာ ဆုတ်ခွာခြင်း မရှိသောကြောင့် နယ်မြေခံတပ်ရင်းများဖြင့် ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားလျှက်ရှိကြောင်း သိရှိရပါသည်။ ဆွမ်ပရာဘွမ် ဒေသခံများမှ တိုက်ပွဲမဖြစ်ပွားစေရေး တိုက်ပွဲများကြာရှည်မည် စိုးသဖြင့် ပြန်လည်ဆုတ်ခွာပေးရန် တောင်းဆိုသော်လည်း မရသဖြင့် ဒေသခံပြည်သူ့စစ်များကပါ ၀င်ရောက် တိုက်ပွဲဆင်နွှဲလျှက်ရှိကြောင်း သိရှိရပါသည်။ ကျေးရွာပြည်သူလူထုကိုလည်း အစိုးရ စစ်ကြောင်းများကို အကူအညီပေးသည်ဟုဆိုကာ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရှိရပါသည်။ ထိုသို့ KIA မှ ပြုလုပ်နေခြင်းသည် စစ်ပွဲများကို ကြာရှည်အောင် ဖန်တီးနေခြင်းသာ ဖြစ်ကြောင်း ဒေသခံပြည်သူ့စစ်ခေါင်းဆောင်တစ်ဦးမှ ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

No comments: