Thursday, July 30, 2015

KIA အဖွဲ့မှ ဇနန်ချောင်းကူးတံတားအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးမှုကြောင့် ဒေသခံပြည်သူများ သွားလာရေး အခက်ကြုံ

KIA အဖွဲ့မှ ဇနန်ချောင်းကူးတံတားအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးမှုကြောင့် ဒေသခံပြည်သူများ သွားလာရေး အခက်ကြုံ 29-7-2015 ကချင်ပြည်နယ်၊ ဆွမ်ပရာဘွမ်မြို့နယ်၊ မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအို ကားလမ်းပေါ်ရှိ ဇနန်ခကျေးရွာအနီး ဇနန် ချောင်းကူးတံတားအား ဇူလိုင်လ ၂၇ ရက်နေ့ ည ၁၁ နာရီခန့်တွင် KIA အဖွဲ့မှ မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးသွားခဲ့ ကြောင်း ယင်းဒေသခံ ရွာသားများထံမှ သိရှိရပါသည်။ “ဇနန်ချောင်းကူးတံတားက မိုင်းခွဲဖျက်ဆီးခံရလို့ ပေ ၄၀ လောက် ကျိုးကျပျက်စီးသွားတယ်၊ ဒီလမ်းက တံတားရှိလို့ လမ်းပန်းဆက်သွယ်ရေးကောင်းပြီး ဒေသခံတွေအဆင်ပြေနေတာ၊ ဒီလိုလုပ်တော့ ကားတွေ၊ ဆိုင်ကယ်တွေနဲ့ ခြေလျင် လျှောက်တဲ့လူတွေလည်း သွားလို့မရ တော့ဘူး။ ဒေသခံတွေပဲ အခက်အခဲဖြစ်ရတာ၊ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးတာ KIA ကလွဲလို့ အခြားဘယ်အဖွဲ့မှ မဖြစ်နိုင်ပါဘူး၊ အများပြည်သူအသုံးပြုနေတဲ့ လမ်းတံတားတွေကို ဘာလို့ ဖျက်ဆီးသလဲ ဆိုတာ စဉ်းစားလို့ကိုမရဘူး’’ ဟု ဇနန်ခကျေးရွာ၊ အုပ်ချုပ်ရေးမှူး က ပြောပြခဲ့ပါသည်။ KIA အဖွဲ့သည် အစိုးရတပ်များ ၀င်ရောက်သွားလာလှုပ်ရှားမှုမလုပ်နိုင်စေရန် နှောင့်ယှက်သည့်အနေဖြင့် တံတားအား ဖောက်ခွဲဖျက်ဆီးခဲ့သော်လည်း အကျိုးဆက်ကို ဒေသခံပြည်သူများသာခံစားနေကြရပြီး လမ်းခရီးသွားလာမှု အခက်အခဲ များနှင့် ကြုံတွေ့နေရကြောင်း ၎င်းမှ ဆက်လက် ပြောပြခဲ့ပါသည်။ နော်ဂျာ KIA အဖွဲ့မှ ဇနန်ချောင်းကူးတံတားအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးမှုကြောင့် ဒေသခံပြည်သူများ သွားလာရေး အခက်ကြုံ 29-7-2015 ကချင်ပြည်နယ်၊ ဆွမ်ပရာဘွမ်မြို့နယ်၊ မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအို ကားလမ်းပေါ်ရှိ ဇနန်ခကျေးရွာအနီး ဇနန် ချောင်းကူးတံတားအား ဇူလိုင်လ ၂၇ ရက်နေ့ ည ၁၁ နာရီခန့်တွင် KIA အဖွဲ့မှ မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးသွားခဲ့ ကြောင်း ယင်းဒေသခံ ရွာသားများထံမှ သိရှိရပါသည်။ “ဇနန်ချောင်းကူးတံတားက မိုင်းခွဲဖျက်ဆီးခံရလို့ ပေ ၄၀ လောက် ကျိုးကျပျက်စီးသွားတယ်၊ ဒီလမ်းက တံတားရှိလို့ လမ်းပန်းဆက်သွယ်ရေးကောင်းပြီး ဒေသခံတွေအဆင်ပြေနေတာ၊ ဒီလိုလုပ်တော့ ကားတွေ၊ ဆိုင်ကယ်တွေနဲ့ ခြေလျင် လျှောက်တဲ့လူတွေလည်း သွားလို့မရ တော့ဘူး။ ဒေသခံတွေပဲ အခက်အခဲဖြစ်ရတာ၊ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးတာ KIA ကလွဲလို့ အခြားဘယ်အဖွဲ့မှ မဖြစ်နိုင်ပါဘူး၊ အများပြည်သူအသုံးပြုနေတဲ့ လမ်းတံတားတွေကို ဘာလို့ ဖျက်ဆီးသလဲ ဆိုတာ စဉ်းစားလို့ကိုမရဘူး’’ ဟု ဇနန်ခကျေးရွာ၊ အုပ်ချုပ်ရေးမှူး က ပြောပြခဲ့ပါသည်။ KIA အဖွဲ့သည် အစိုးရတပ်များ ၀င်ရောက်သွားလာလှုပ်ရှားမှုမလုပ်နိုင်စေရန် နှောင့်ယှက်သည့်အနေဖြင့် တံတားအား ဖောက်ခွဲဖျက်ဆီးခဲ့သော်လည်း အကျိုးဆက်ကို ဒေသခံပြည်သူများသာခံစားနေကြရပြီး လမ်းခရီးသွားလာမှု အခက်အခဲ များနှင့် ကြုံတွေ့နေရကြောင်း ၎င်းမှ ဆက်လက် ပြောပြခဲ့ပါသည်။ နော်ဂျာ

No comments: