Monday, July 27, 2015

မိုးလေ၀သ အခြေအနေ ================

မိုးလေ၀သ အခြေအနေ ================ နေပြည်တော် ဇူလိုင် ၂၆ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ထုတ်ပြန်ချက်တွင် ကချင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် နေရာစိပ်စိပ် မိုးထစ်ချုန်း ရွာမည်ဖြစ်ပြီး ကယားပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး (အထက်ပိုင်း)တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာမည်ဖြစ်ကြောင်း ၊ ကရင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး(အောက်ပိုင်း)၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်း) ၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် ရှမ်း ပြည်နယ်(အရှေ့ပိုင်း)တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး နေရာ ကွက်၍မိုးကြီးနိုင်ကြောင်း သိရသည်။ ချင်းပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရခိုင် ပြည်နယ်တို့တွင် နေရာအနှံ့အပြားမိုးထစ်ချုန်းရွာပြီး ဒေသအလိုက် မိုးကြီး နိုင်ကြောင်း သိရသည်။ (မိုး/ဇလ)

No comments: