Sunday, July 26, 2015

KIA အဖွဲ့မှ စက်သုံးဆီသယ်ဆောင်နေသည့် လှည်းလမ်းကြောင်းတစ်လျှောက်တွင် မိုင်းထောင်မှုများပြုလုပ်

KIA အဖွဲ့မှ စက်သုံးဆီသယ်ဆောင်နေသည့် လှည်းလမ်းကြောင်းတစ်လျှောက်တွင် မိုင်းထောင်မှုများပြုလုပ် 25-7-2015 ကချင်ပြည်နယ်၊ တနိုင်းမြို့နယ် နန်ဗျူကျေးရွာအနီးရှိ စက်သုံးဆီများ သယ်ဆောင်နေသည့် လှည်းလမ်းကြောင်း တစ်လျှောက်၌ KIA အဖွဲ့မှ ဇူလိုင်လ ၂၂ ရက်နေ့တွင် မိုင်းထောင်ခြင်းများ ပြုလုပ်နေကြောင်း ယင်းဒေသခံတစ်ဦး ထံမှ သိရှိရသည်။ KIA အဖွဲ့သည် အောင်ဘာမှော်သို့ ဒေသခံများမှ စက်သုံးဆီများ ရောင်းချရန်အတွက် သယ်ဆောင်နေကြကြောင်း သိရှိသဖြင့် မိုင်းများလာရောက်ထောင်ထားခြင်းဖြစ်ကြောင်း မှော်လုပ်သား တစ်ဦးက ပြောပါသည်။ “KIA အဖွဲ့က စက်သုံးဆီတွေသယ်တဲ့ လမ်းကြောင်းဖြစ်တဲ့ လှည်းလမ်းကြောင်းတစ်လျှောက် မိုင်းတွေ လိုက်ထောင် ပါတယ်၊ ဆက်ကြေးမပေးနိုင်သူတွေ အောင်ဘာမှော်ထဲ စက်သုံးဆီ မသွင်းရဘူး၊ ဖမ်းဆီးရမိရင်လည်း ပစ္စည်းကို သိမ်း မယ်၊ ဒဏ်ငွေလည်း ပေးဆောင်ရမယ်၊ သူတို့ထောင်ထားတဲ့ မိုင်းနင်းမိလည်း တာဝန်မယူတဲ့အပြင် မိုင်းတန်ဖိုးကို ပေး လျော်ရမယ် ဆိုပြီးပြောထားတယ်’’ ဟု ကျေးရွာအုပ်ချုပ်ရေးမှူး တစ်ဦးမှ ပြောပါသည်။ KIA အဖွဲ့၏ ယခုကဲ့သို့ စက်သုံးဆီရောင်းသူများမှဆက်ကြေးငွေများကောက်ခံခြင်း၊ ကျေးရွာများအနီးတစ်ဝိုက်တွင် မိုင်းများထောင်ခြင်းတို့ကို မကြာခဏပြုလုပ်နေခြင်းကြောင့် ဒေသခံရွာသားများအနေဖြင့် မှော်လုပ်ငန်းများ လုပ်ကိုင်ရာ တွင်လည်းကောင်း၊ တောင်ယာလုပ်ငန်းများ လုပ်ကိုင်ရာတွင်လည်းကောင်း အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့နေရ ကြရကြောင်း သိရှိရပါသည်။ နော်ဂျာ KIA အဖွဲ့မှ စက်သုံးဆီသယ်ဆောင်နေသည့် လှည်းလမ်းကြောင်းတစ်လျှောက်တွင် မိုင်းထောင်မှုများပြုလုပ် 25-7-2015 ကချင်ပြည်နယ်၊ တနိုင်းမြို့နယ် နန်ဗျူကျေးရွာအနီးရှိ စက်သုံးဆီများ သယ်ဆောင်နေသည့် လှည်းလမ်းကြောင်း တစ်လျှောက်၌ KIA အဖွဲ့မှ ဇူလိုင်လ ၂၂ ရက်နေ့တွင် မိုင်းထောင်ခြင်းများ ပြုလုပ်နေကြောင်း ယင်းဒေသခံတစ်ဦး ထံမှ သိရှိရသည်။ KIA အဖွဲ့သည် အောင်ဘာမှော်သို့ ဒေသခံများမှ စက်သုံးဆီများ ရောင်းချရန်အတွက် သယ်ဆောင်နေကြကြောင်း သိရှိသဖြင့် မိုင်းများလာရောက်ထောင်ထားခြင်းဖြစ်ကြောင်း မှော်လုပ်သား တစ်ဦးက ပြောပါသည်။ “KIA အဖွဲ့က စက်သုံးဆီတွေသယ်တဲ့ လမ်းကြောင်းဖြစ်တဲ့ လှည်းလမ်းကြောင်းတစ်လျှောက် မိုင်းတွေ လိုက်ထောင် ပါတယ်၊ ဆက်ကြေးမပေးနိုင်သူတွေ အောင်ဘာမှော်ထဲ စက်သုံးဆီ မသွင်းရဘူး၊ ဖမ်းဆီးရမိရင်လည်း ပစ္စည်းကို သိမ်း မယ်၊ ဒဏ်ငွေလည်း ပေးဆောင်ရမယ်၊ သူတို့ထောင်ထားတဲ့ မိုင်းနင်းမိလည်း တာဝန်မယူတဲ့အပြင် မိုင်းတန်ဖိုးကို ပေး လျော်ရမယ် ဆိုပြီးပြောထားတယ်’’ ဟု ကျေးရွာအုပ်ချုပ်ရေးမှူး တစ်ဦးမှ ပြောပါသည်။ KIA အဖွဲ့၏ ယခုကဲ့သို့ စက်သုံးဆီရောင်းသူများမှဆက်ကြေးငွေများကောက်ခံခြင်း၊ ကျေးရွာများအနီးတစ်ဝိုက်တွင် မိုင်းများထောင်ခြင်းတို့ကို မကြာခဏပြုလုပ်နေခြင်းကြောင့် ဒေသခံရွာသားများအနေဖြင့် မှော်လုပ်ငန်းများ လုပ်ကိုင်ရာ တွင်လည်းကောင်း၊ တောင်ယာလုပ်ငန်းများ လုပ်ကိုင်ရာတွင်လည်းကောင်း အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့နေရ ကြရကြောင်း သိရှိရပါသည်။ နော်ဂျာ

No comments: