Monday, July 27, 2015

စစ်ကိုင်း တိုင်းဒေသကြီးနှင့် မန္တလေးတိုင်း ဒေသကြီးတို့တွင် မိုးသည်းထန်မှုကြောင့် ရေကြီးနစ်မြုပ်ပျက်စီးခဲ့သော လမ်း/တံတားများ ပြန်လည်ပြုပြင်နေ ========================================

စစ်ကိုင်း တိုင်းဒေသကြီးနှင့် မန္တလေးတိုင်း ဒေသကြီးတို့တွင် မိုးသည်းထန်မှုကြောင့် ရေကြီးနစ်မြုပ်ပျက်စီးခဲ့သော လမ်း/တံတားများ ပြန်လည်ပြုပြင်နေ ======================================== နေပြည်တော် ဇူလိုင် ၂၆ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်လွင် သည် ဇူလိုင် ၂၄ ရက်က စစ်ကိုင်း တိုင်းဒေသကြီးနှင့် မန္တလေးတိုင်း ဒေသကြီးအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးနစ်မြုပ် ပျက်စီးသောလမ်း/တံတားများအား လမ်းပန်းဆက်သွယ်မှု မပြတ်တောက် စေရေးအတွက် ခရိုင်၊ မြို့နယ် အထူးအဖွဲ့များဖြင့် စီမံချက်ချ ပြန်လည်ပြုပြင် ဆောင်ရွက်နေမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ သည် ရွှေဘို-မြစ်ကြီးနားလမ်း (ရွှေဘို-ကျောက်တန်းအပိုင်း) မိုင်တိုင် အမှတ် (၆၉/၂နှင့် ၆၉/၃)ကြားတွင် ရေတိုက်စားပျက်စီးသွားသော အရှည် ပေ ၂ဝ သံကူကွန်ကရစ် တံတားနေရာ တွင်အရှည်ပေ ၅ဝ ယာယီဘေလီ သံပေါင်ထိုး၍ မော်တော်ယာဉ်များ ဖြတ်သန်းသွားလာနိုင်ရေး ဆောင် ရွက်ထားရှိမှု အခြေအနေနှင့် မိုင်တိုင် အမှတ် (၇၇/၃နှင့်၇၇/၄)ကြားရှိ ဇော်ချောင်းတံတားကြံ့ခိုင်မှု အခြေ အနေတို့ကို ကြည့်ရှုစစ်ဆေးပြီး ရေလမ်းကြောင်းပွင့်ရန် တံတား အောက်ရှိ သစ်ပင်ကြီးများ ၊ ဒိုက်ဖတ် များ ပိတ်ဆို့နေမှုတို့ကို အမြန်ဆုံး ရှင်းလင်းပေးရန် တာဝန်ရှိသူများ အား မှာကြားသည်။ ထို့နောက်မိုင်တိုင်အမှတ် (၉ဝ/ ဝနှင့် ၉၁/၄) ကြား ကတ္တရာလမ်း ပေါ်ရေကျော်ပြီး လမ်းသားရေတိုက်စားပျက်စီးသွားသည့် နေရာတွင် လမ်းအထူးအဖွဲ့(၉)မှ လူအင်အား စက်ယန္တရားများဖြင့် ပြန်လည်ပြုပြင် ဆောင်ရွက်နေမှုအခြေအနေ၊ မိုင်တိုင် အမှတ်(၁၂ဝ/၄နှင့် ၁၂ဝ/၅) ကြား ရှိ ဘုတလက်ရေကျော်တွင် တောင် ကျချောင်းရေ စီးဆင်းနေမှုအား ကြည့်ရှုစစ်ဆေးသည်။ ယင်းနောက် ဧရာဝတီတံတား (ထီးချိုင့်) တည်ဆောက်ရေးလုပ်ငန်း ခွင်သို့ရောက်ရှိပြီး တံတားဦးစီးဌာန တည်ဆောက်ရေးအဖွဲ့(၁)မှ ဆောင် ရွက်နေသော ထီးချိုင့်ဘက်ကမ်း ချဉ်းကပ်တံတားပြီးစီးမှု၊ ပင်မတံတား RP(1)မှRP(7) ထိ သံပေါင်များ တပ်ဆင်ပြီးစီးမှု၊RP(1) မှRP(5) ထိ တံတားကြမ်းခင်းများ ခင်းပြီးမှု၊ သံပေါင်တပ်ဆင်ရန် ကျန်ရှိနေသောRP(7) နှင့်RP(10) ကြားတွင် သံပေါင် ဆက်လက်တပ်ဆင်နေမှု တို့ကို လိုက်လံကြည့်ရှုစစ်ဆေးကာ မြတောင်ဘက်ကမ်းသို့ ရောက်ရှိပြီး ချဉ်းကပ်တံတား ဆောင်ရွက်ပြီးစီးမှု၊ ပင်မတံတားRP(16) မှRP(10) ထိ သံပေါင်များ တပ်ဆင်ပြီးစီးမှု၊RP(16) မှ RP(12) ထိ တံတားကြမ်းခင်း ပြားများခင်းပြီးမှုနှင့် ချဉ်းကပ်လမ်း အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးပြီး ရှင်းလင်းဆောင်တွင် တာဝန်ခံ အင်ဂျင်နီယာများက လုပ်ငန်းဆောင် ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက် မည့် အစီအမံများကို ရှင်းလင်းတင်ပြ ကြသည်။ ယခုအခါ ဧရာဝတီတံတား (ထီးချိုင့်)သည် တံတားတိုင်လုပ်ငန်း များနှင့် ချဉ်းကပ်တံတားနှစ်ဖက်စလုံး ဆောင်ရွက်ပြီးစီး၍ ပင်မတံတား သံပေါင်တပ်ဆင်ခြင်းလုပ်ငန်း ၁၅ ခန်းရှိသည့်အနက် ထီးချိုင့်ဘက်ကမ်း တွင် သံပေါင် ခြောက်ခန်း၊ မြတောင် ဘက်ကမ်းတွင် သံပေါင်ခြောက်ခန်း စုစုပေါင်း သံပေါင် ၁၂ ခန်းတပ်ဆင် ပြီးစီး၍ ရေလယ်တိုင်သုံးခန်း ဆက် လက်ဆောင်ရွက်လျက်ရှိပြီး တံတား တစ်စင်းလုံး ၇၈ ရာခိုင်နှုန်း ပြီးစီး၍ ကျန်လုပ်ငန်းများနှင့် ဆက်စပ်လုပ်ငန်း များ ဆောင်ရွက်လျက်ရှိသည်။ ဆက်လက်၍ မန္တလေး-တကောင်း -ဗန်းမော်- မြစ်ကြီးနား လမ်း (တကောင်း-ကသာအပိုင်း)တွင် တောင်ကျချောင်းရေကြောင့် ရေထဲ မျောပါပျက်စီးသွားသော အရှည်ပေ ၁၂ဝ တံတားအမှတ်(၃/၇၈) ဟင်္သာ ချောင်းတံတား အခြေအနေကို ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စု ဝန်ကြီးက လမ်းပန်းဆက်သွယ်မှု မပြတ်တောက်စေရေး ရွှေဘို-မြစ်ကြီး နားလမ်းနှင့် မန္တလေး-တကောင်း-ဗန်းမော်-မြစ်ကြီးနား လမ်းပေါ်ရှိ ယခင်ပျက်စီးခဲ့သော လမ်း/တံတား များအပြင် လောလောဆယ်ပျက်စီး သွားသည့် လမ်း/တံတားများ အမြန် ဆုံးပြင်ဆင်နိုင်ရေး မှာကြားသည်။ ထို့နောက် မိုင်တိုင်အမှတ် (၅၂/ ၆ နှင့် ၅၂/၇)ကြားတွင် အရှည်ပေ ၅ဝ ကွန်ကရစ်တံတား ရေတိုက်စား ပျက်စီးမှုအား ယာယီတံတားထိုး၍ ခရီးသည်ယာဉ်များ ဖြတ်သန်းသွား လာနေမှု အခြေအနေကိုလည်း ကောင်း၊ မိုင်တိုင်အမှတ် (၅၁/၄မှ ၅၃/ဝ)ထိ ကတ္တရာလမ်းပေါ်ရေကျော် ပြီး လမ်းသားရေတိုက်စားမှုနှင့် တံတားများရေတိုက်စားမှု ပြန်လည် ပြုပြင်ဆောင်ရွက်နေမှုတို့ကို လမ်း တစ်လျှောက် ကြည့်ရှုစစ်ဆေး ခဲ့သည်။ (သတင်းစဉ်)

No comments: