မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Saturday, July 25, 2015
သူရဦးရွှေမန်း ဖြူးမဲဆန္ဒနယ်မှ ၀င်ပြိုင်မည်
ပည်ထောင်စုကြံ့ ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ၎င်း၏ မွေး ရပ်မြေဖြစ်သော ဖြူးမြို့မဲဆန္ဒနယ် မှ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်အဖြစ် လာမည့်အထွေထွေ ရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း ဇူ လိုင် ၂၄ရက်၌ သတင်းထုတ်ပြန် သည်။
သူရဦးရွှေမန်းသည် ဇူလိုင် ၂၄ရက် ညပိုင်းက ၎င်း၏ ဖေ့စ် ဘွတ်ခ်မှတစ်ဆင့် ၀င်ရောက်ယှဉ် ပြိုင်မည့်အကြောင်းကို တရားဝင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဖြစ်ပြီး ပြည်ထောင်စုလွှတ်တော်နာယကတာဝန် ထမ်းဆောင်နေသူ သူရဦးရွှေမန်းသည် ၂၀၁၀ ပြည့်နှစ်အထွေထွေ ရွေးကောက်ပွဲတွင် နေပြည်တော် ကောင်စီနယ်မြေ၊ ဇေယျာသီရိမဲ ဆန္ဒနယ်မှ ၀င်ရောက်ယှဉ်ပြိုင်အနိုင်ရရှိခဲ့သူတစ်ဦးဖြစ်သည်။
သူရဦးရွှေမန်းသည် ၂၀၁၅အထွေထွေရွေးကောက်ပွဲ အပြီးတွင် နိုင်ငံတော်သမ္မတတာ ၀န်ထမ်းဆောင်လိုကြောင်း သ တင်းမီဒီယာများအား ထုတ်ဖော် ပြောကြားထားသူ တစ်ဦးဖြစ် သည်။ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီအနေဖြင့်လာ မည့်နိုဝင်ဘာ ၈ရက်တွင် ကျင်းပ မည့်အထွေထွေရွေးကောက်ပွဲ၌ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၀င်ရောက်ယှဉ်ပြိုင်သွားရန်ရှိပြီး ၀င်ရောက်ယှဉ်ပြိုင်မည့် ကိုယ် စားလှယ်လောင်းများစာရင်းကို လာမည့်သြဂုတ် ၈ ရက်နောက် ပိုင်းမှသာ ထုတ်ပြန်ပေးရန်ရှိ ကြောင်း ပါတီဒုဥက္ကဋ္ဌပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဦးဌေး ဦးကပြောထားသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment