Tuesday, July 28, 2015

အမြန်လမ်းခရီးသွားများ အခမဲ့အိပ်စက်အနားယူနိုင်သည့် သက်တော်စောင့် (ပရဟိတ)တည်းခိုရေးစခန်းဖွင့် =========================

အမြန်လမ်းခရီးသွားများ အခမဲ့အိပ်စက်အနားယူနိုင်သည့် သက်တော်စောင့် (ပရဟိတ)တည်းခိုရေးစခန်းဖွင့် ================================================= ရေတာရှည် ဇူလိုင် ၂၇ ရန်ကုန်-မန္တလေး အမြန်လမ်း တွင် ယာဉ်မတော်တဆမှုများစွာ ဖြစ်ပွားခဲ့ရာ၌ ယာဉ်မောင်းများ အိပ်ငိုက်ခြင်းကြောင့်လည်း ပါဝင် သည်ကို တွေ့ရှိရသည်။ ခရီးဝေး မောင်းနှင်ကြသည့်အခါ ယာဉ်မောင်း များပင်ပန်းနွမ်းနယ်ခြင်း၊ အနားယူ ရန်လိုအပ်ခြင်းကြောင့် သက်တော် စောင့်(ပရဟိတ) အိပ်စက်အနားယူ နိုင်သည့်စခန်းများကို ရန်ကုန်-မန္တလေး အမြန်လမ်းတစ်လျှောက် တွင် မိုင်တိုင် (၁၆၆/၃)၊ (၁၆၇/၅)၊ (၁၆၈/ဝ) ၊ (၁၈၁/၁) ၊ (၁၆၇/၇) နေရာများ၌ အရေးပေါ်ယာဉ်သုံးစီး၊ ဆိုင်ကယ်နှစ်စီး၊ အရေးပေါ်ဆေးဝါး များ ဖြည့်စွက်ကာ ဖွင့်လှစ်ထား ကြောင်း သိရသည်။ ''ကျွန်တော်တို့စဖွင့်တဲ့ မတ် ၂၃ ရက်ကနေ ဒီကနေ့အထိ ခရီးသွား ပေါင်း သုံးရာကျော်လောက် တည်းခို ခဲ့ကြပါတယ်။ များသောအားဖြင့် ဘုရားဖူးသွားတဲ့ ဧည့်သည်က ပိုများ တယ်''ဟု သက်တော်စောင့်(ပရဟိတ) ဖွင့်လှစ်သူ ဦးဝင်းအောင်(နယ်စပ်) ကပြောသည်။ ယခုကဲ့သို့ ပရဟိတ နားနေစခန်းများကို ကော့သောင်း၊ မြိတ်၊ မောတောင်၊ နမ့်စန်၊ နေပြည် တော်တို့တွင် ဖွင့်လှစ်ထားပြီး လူအင်အားနှင့် ငွေကြေးအလှူငွေ များ လိုအပ်လျက်ရှိကြောင်း သိရ သည်။ ''ခရီးသွားရင်း ငွေကြေးအခက် အခဲရှိသူတွေအတွက် ထမင်းနဲ့ ကော်ဖီပါတိုက်တယ်။ နောက်ကားဘီး ပေါက်တာတွေကိုလည်း ကျွန်တော် တို့ ကူညီဆောင်ရွက်ပေးပါတယ်''ဟု ဦးဝင်းအောင်က ဆက်လက်၍ ပြော သည်။ ကိုလွင်(ဆွာ) အမြန်လမ်းခရီးသွားများ အခမဲ့အိပ်စက်အနားယူနိုင်သည့် သက်တော်စောင့် (ပရဟိတ)တည်းခိုရေးစခန်းဖွင့် ================================================= ရေတာရှည် ဇူလိုင် ၂၇ ရန်ကုန်-မန္တလေး အမြန်လမ်း တွင် ယာဉ်မတော်တဆမှုများစွာ ဖြစ်ပွားခဲ့ရာ၌ ယာဉ်မောင်းများ အိပ်ငိုက်ခြင်းကြောင့်လည်း ပါဝင် သည်ကို တွေ့ရှိရသည်။ ခရီးဝေး မောင်းနှင်ကြသည့်အခါ ယာဉ်မောင်း များပင်ပန်းနွမ်းနယ်ခြင်း၊ အနားယူ ရန်လိုအပ်ခြင်းကြောင့် သက်တော် စောင့်(ပရဟိတ) အိပ်စက်အနားယူ နိုင်သည့်စခန်းများကို ရန်ကုန်-မန္တလေး အမြန်လမ်းတစ်လျှောက် တွင် မိုင်တိုင် (၁၆၆/၃)၊ (၁၆၇/၅)၊ (၁၆၈/ဝ) ၊ (၁၈၁/၁) ၊ (၁၆၇/၇) နေရာများ၌ အရေးပေါ်ယာဉ်သုံးစီး၊ ဆိုင်ကယ်နှစ်စီး၊ အရေးပေါ်ဆေးဝါး များ ဖြည့်စွက်ကာ ဖွင့်လှစ်ထား ကြောင်း သိရသည်။ ''ကျွန်တော်တို့စဖွင့်တဲ့ မတ် ၂၃ ရက်ကနေ ဒီကနေ့အထိ ခရီးသွား ပေါင်း သုံးရာကျော်လောက် တည်းခို ခဲ့ကြပါတယ်။ များသောအားဖြင့် ဘုရားဖူးသွားတဲ့ ဧည့်သည်က ပိုများ တယ်''ဟု သက်တော်စောင့်(ပရဟိတ) ဖွင့်လှစ်သူ ဦးဝင်းအောင်(နယ်စပ်) ကပြောသည်။ ယခုကဲ့သို့ ပရဟိတ နားနေစခန်းများကို ကော့သောင်း၊ မြိတ်၊ မောတောင်၊ နမ့်စန်၊ နေပြည် တော်တို့တွင် ဖွင့်လှစ်ထားပြီး လူအင်အားနှင့် ငွေကြေးအလှူငွေ များ လိုအပ်လျက်ရှိကြောင်း သိရ သည်။ ''ခရီးသွားရင်း ငွေကြေးအခက် အခဲရှိသူတွေအတွက် ထမင်းနဲ့ ကော်ဖီပါတိုက်တယ်။ နောက်ကားဘီး ပေါက်တာတွေကိုလည်း ကျွန်တော် တို့ ကူညီဆောင်ရွက်ပေးပါတယ်''ဟု ဦးဝင်းအောင်က ဆက်လက်၍ ပြော သည်။ ကိုလွင်(ဆွာ)

No comments: