Wednesday, July 29, 2015

သမ္မတရာထူးထက် ပြည်သူလူထုချစ်သော ဗိုလ်ချုပ်ကြီးဆိုသည့် ဘွဲ့ရထားပြီးဖြစ်၍ ဘာမှမလိုအပ်ကြောင်း ကာချုပ်ဟောင်း သူရဦးတင်ဦးပြော****

သမ္မတရာထူးထက် ပြည်သူလူထုချစ်သော ဗိုလ်ချုပ်ကြီးဆိုသည့် ဘွဲ့ရထားပြီးဖြစ်၍ ဘာမှမလိုအပ်ကြောင်း ကာချုပ်ဟောင်း သူရဦးတင်ဦးပြော**** လာမည့် ၂၀၁၅ ရွေးကောက်ပွဲ၌ သမ္မတနေရာအဆိုပြုခံရရန် နာမည်ထွက်နေသည့် အမျိုးသားဒီမုကရေစီအဖွဲ့ချုပ် NLD နာယက ကာကွယ်ရေးဦးစီးချုပ်ဟောင်း သူရဦးတင်ဦးက ပြည်သူလူထုချစ်သောဗိုလ်ချုပ်ကြီး ဆိုသည့်ဘွဲ့ရထားပြီးဖြစ်သဖြင့် အခြားဘာမျှမလိုအပ်သောကြောင့် NLD ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးကိုသာ အစွမ်းကုန်ကြိုးစားသွားမည်ဖြစ်ကြောင်း ဇူလိုင်လ ၁၉ ရက်က ရွှေဂုံတိုင် NLD ဌာနချုပ်၌ ပြုလုပ်သော ၆၈ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားတွင် ပြောကြားလိုက်သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်က ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ-၅၉(စ)အရ သမ္မတဖြစ်ခွင့် ပိတ်ပင်ခံထားရသောကြောင့် NLDပါတီမှကာကွယ်ရေး ဦးစီးချုပ်ဟောင်းသူရဦးတင်ဦးအား သမ္မတလောင်းတင်သွင်းရန် သတင်းများထွက်ပေါ်လာခြင်းအပေါ် ယခုကဲ့သို့ ပြောဆိုခြင်းဖြစ်သည်။ "ကျွန်တော်ပြောချင်တာက ကျွန်တော်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အောင်မြင်ရာ အောင်မြင်ကြောင်း၊ ကုန်ကုန်ပြောမယ်ဗျာ။ သမ္မတဖြစ်ဖို့ပဲ။ ဒါပဲစိတ်ထဲမှာ ကျွန်တော်မျက်စိမမှိတ်ခင်မှာ သမ္မတဖြစ်အောင်မြင်ချင်တယ်။ ဒါကို ကျွန်တော်လုပ်သွားမယ်။ အောင်မြင်အောင် ကျွန်တော်လုပ်ပေးမယ်။ ကျွန်တော်က ဘာစိတ်ကူးမှမရှိဘူး။ ကျွန်တော့်မှာ အန်မတန်ကောင်းတဲ့ ဘွဲ့ရထားပြီ။ ပြည်သူလူထုကပေးတဲ့ဘွဲ့။ "ပြည်သူလူထုချစ်တဲ့ ဗိုလ်ချုပ်ကြီးဆိုတဲ့ဘွဲ့"လောက် ကောင်းတာဘာရှိသလဲ ကျွန်တော်ပြောချင်တယ်" ဟု ကာကွယ်ရေးဦးစီးချုပ်ဟောင်း သူရဦးတင်ဦးက ပြောသည်။ ထို့ပြင် သူရဦးတင်ဦးသည် "သူ့ရဲ့ (ဒေါ်အောင်ဆန်းစုကြည်) သူရသတ္တိ၊ ဓမ္မသတ္တိကို အင်မတန်လေးစားတယ်။ ကျွန်တော့်မှာမရှိနိုင်တဲ့သတ္တိ သူ့မှာရှိတယ်။ သူရသတ္တိဆိုတာက လက်နက်နဲ့၊ လူနဲ့၊ အင်အားနဲ့က သူရသတ္တိ။ မလုပ်သင့် မလုပ်ထိုက်တာကိုလုပ်တာက သူရသတ္တိမဟုတ်ဘူး။ ဒီနေ့ နိုင်ငံမှာက စည်းကမ်းရှိသော ဒီမိုကရေစီ။ ဒါပေမယ့် ၂၅ ရာခိုင်နှုန်းက ခန့်ထားတဲ့ဟာက ဘယ်လိုလုပ် ဒီမိုကရေစီဖြစ်မလဲ။ မလုပ်သင့် မလုပ်ထိုက်ဘူး။ လွှတ်တော်ထဲမှာ သူ့ကို ရဲရဲဝံ့ဝံ့ ပြည်သူလူထုဆန္ဒကို လေးစားသော အားဖြင့် (တပ်မတော်သားလွှတ်တော်ကိုယ်စား လှယ်များ) မလာတော့ပါဘူးဗျာလို့ ပြောချလိုက်ရင် ကျွန်တော်ကျေနပ်တယ်" ဟု ထပ်မံပြောကြားသည်။ ကာကွယ်ရေးဦးစီးချုပ်ဟောင်း သူရဦးတင်ဦးသည် ၁၉၇၄ ခုနှစ်က ဖြစ်ပွားခဲ့သော အလုပ်သမားအရေးအခင်း၊ ဦးသန့်အရေးအခင်းတို့တွင် ပြည်သူလူထု အထိအခိုက်နည်းအောင်ဆောင်ရွက်နိုင်ခဲ့ သဖြင့် ပြည်သူလူထု၏ လေးစားကြည်ညိုမှုကို ခံခဲ့ရသော ပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး ၁၉၇၇ ခုနှစ်တွင် ဗိုလ်ကြီးအုန်းကျော်မြင့်၏ နိုင်ငံတော်ပုန်ကန်မှု၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီအား ဖျက်ဆီးရန် ကြံစည်မှုများတွင် သတင်းထိမ်ချန်သည်ဟု စွပ်စွဲကာ ထောင်ဒဏ် ၇ နှစ်ချမှတ်ခံခဲ့ရသည့် ပုဂ္ဂိုလ်လည်းဖြစ်သည်။ ၆၈ ကြိမ်မြောက် အာဇာနည်နေ့ အခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မနက်ပိုင်း၌ NLD ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်နေအိမ်တွင် သံဃာတော်များအား ဆွမ်းကပ်လှူ ဒါနပြုခဲ့ပြီး နေ့လယ်၌ အဖွဲ့ချုပ်ရုံး၌ပြုလုပ်ရာ နိုင်ငံရေးပါတီများမှကိုယ်စားလှယ်များ၊ နိုင်ငံတကာသံတမန်များအပြင် ပြည်သူလူထုအများအပြား တက်ရောက်ခဲ့ကြသည်။ "ကျွန်မတို့ အင်အားရှိလေ နိုင်ငံအင်အားရှိလေဆိုပြီးတော့ ဖြစ်ရပါလိမ့်မယ်။ ကျွန်မတို့အင်အားရှိလေ တစ်ဦးချင်း တစ်ဦးချင်း ချမ်းသာလေဆိုတဲ့ စိတ်ဓာတ်ရှိသူတွေ ခုကတည်းက အဖွဲ့ချုပ်နားမကပ်ပါနဲ့လို့ မေတ္တာရပ်ခံပါရစေ။ ကျွန်မတို့ အာဇာနည်ခေါင်းဆောင်ကြီးတွေ ပေးထားတဲ့ အမွေအနှစ်ဟာ စိတ်ဓာတ်ပဲဖြစ်ပါတယ်။ စိတ်ဓာတ်ဆိုတာဟာ အာဇာနည်စိတ်ဓာတ်တင်မကဘူး။ ကျွန်မတို့နိုင်ငံ အင်မတန်အခက်အခဲနဲ့ တွေ့ကြုံနေရတဲ့အခါမှာ၊ ဆင်းရဲဒုက္ခတွေ့ကြုံနေတဲ့အခါမှာ ငါတို့မှာ ဒီလိုခေါင်းဆောင်တွေရှိခဲ့တယ်ဆိုတဲ့ အင်အားကိုဖက်တွယ်ထားလို့ရပါတယ်"ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်က NLD ပါတီဌာနချုပ်တွင် ပြုလုပ်သည့် ၆၈ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားတွင် ပြောကြားသည်။ ______________ သံတော်ဆင့်ဂျာနယ်မှ ____________________ သမ္မတရာထူးထက် ပြည်သူလူထုချစ်သော ဗိုလ်ချုပ်ကြီးဆိုသည့် ဘွဲ့ရထားပြီးဖြစ်၍ ဘာမှမလိုအပ်ကြောင်း ကာချုပ်ဟောင်း သူရဦးတင်ဦးပြော**** လာမည့် ၂၀၁၅ ရွေးကောက်ပွဲ၌ သမ္မတနေရာအဆိုပြုခံရရန် နာမည်ထွက်နေသည့် အမျိုးသားဒီမုကရေစီအဖွဲ့ချုပ် NLD နာယက ကာကွယ်ရေးဦးစီးချုပ်ဟောင်း သူရဦးတင်ဦးက ပြည်သူလူထုချစ်သောဗိုလ်ချုပ်ကြီး ဆိုသည့်ဘွဲ့ရထားပြီးဖြစ်သဖြင့် အခြားဘာမျှမလိုအပ်သောကြောင့် NLD ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးကိုသာ အစွမ်းကုန်ကြိုးစားသွားမည်ဖြစ်ကြောင်း ဇူလိုင်လ ၁၉ ရက်က ရွှေဂုံတိုင် NLD ဌာနချုပ်၌ ပြုလုပ်သော ၆၈ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားတွင် ပြောကြားလိုက်သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်က ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ-၅၉(စ)အရ သမ္မတဖြစ်ခွင့် ပိတ်ပင်ခံထားရသောကြောင့် NLDပါတီမှကာကွယ်ရေး ဦးစီးချုပ်ဟောင်းသူရဦးတင်ဦးအား သမ္မတလောင်းတင်သွင်းရန် သတင်းများထွက်ပေါ်လာခြင်းအပေါ် ယခုကဲ့သို့ ပြောဆိုခြင်းဖြစ်သည်။ "ကျွန်တော်ပြောချင်တာက ကျွန်တော်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အောင်မြင်ရာ အောင်မြင်ကြောင်း၊ ကုန်ကုန်ပြောမယ်ဗျာ။ သမ္မတဖြစ်ဖို့ပဲ။ ဒါပဲစိတ်ထဲမှာ ကျွန်တော်မျက်စိမမှိတ်ခင်မှာ သမ္မတဖြစ်အောင်မြင်ချင်တယ်။ ဒါကို ကျွန်တော်လုပ်သွားမယ်။ အောင်မြင်အောင် ကျွန်တော်လုပ်ပေးမယ်။ ကျွန်တော်က ဘာစိတ်ကူးမှမရှိဘူး။ ကျွန်တော့်မှာ အန်မတန်ကောင်းတဲ့ ဘွဲ့ရထားပြီ။ ပြည်သူလူထုကပေးတဲ့ဘွဲ့။ "ပြည်သူလူထုချစ်တဲ့ ဗိုလ်ချုပ်ကြီးဆိုတဲ့ဘွဲ့"လောက် ကောင်းတာဘာရှိသလဲ ကျွန်တော်ပြောချင်တယ်" ဟု ကာကွယ်ရေးဦးစီးချုပ်ဟောင်း သူရဦးတင်ဦးက ပြောသည်။ ထို့ပြင် သူရဦးတင်ဦးသည် "သူ့ရဲ့ (ဒေါ်အောင်ဆန်းစုကြည်) သူရသတ္တိ၊ ဓမ္မသတ္တိကို အင်မတန်လေးစားတယ်။ ကျွန်တော့်မှာမရှိနိုင်တဲ့သတ္တိ သူ့မှာရှိတယ်။ သူရသတ္တိဆိုတာက လက်နက်နဲ့၊ လူနဲ့၊ အင်အားနဲ့က သူရသတ္တိ။ မလုပ်သင့် မလုပ်ထိုက်တာကိုလုပ်တာက သူရသတ္တိမဟုတ်ဘူး။ ဒီနေ့ နိုင်ငံမှာက စည်းကမ်းရှိသော ဒီမိုကရေစီ။ ဒါပေမယ့် ၂၅ ရာခိုင်နှုန်းက ခန့်ထားတဲ့ဟာက ဘယ်လိုလုပ် ဒီမိုကရေစီဖြစ်မလဲ။ မလုပ်သင့် မလုပ်ထိုက်ဘူး။ လွှတ်တော်ထဲမှာ သူ့ကို ရဲရဲဝံ့ဝံ့ ပြည်သူလူထုဆန္ဒကို လေးစားသော အားဖြင့် (တပ်မတော်သားလွှတ်တော်ကိုယ်စား လှယ်များ) မလာတော့ပါဘူးဗျာလို့ ပြောချလိုက်ရင် ကျွန်တော်ကျေနပ်တယ်" ဟု ထပ်မံပြောကြားသည်။ ကာကွယ်ရေးဦးစီးချုပ်ဟောင်း သူရဦးတင်ဦးသည် ၁၉၇၄ ခုနှစ်က ဖြစ်ပွားခဲ့သော အလုပ်သမားအရေးအခင်း၊ ဦးသန့်အရေးအခင်းတို့တွင် ပြည်သူလူထု အထိအခိုက်နည်းအောင်ဆောင်ရွက်နိုင်ခဲ့ သဖြင့် ပြည်သူလူထု၏ လေးစားကြည်ညိုမှုကို ခံခဲ့ရသော ပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး ၁၉၇၇ ခုနှစ်တွင် ဗိုလ်ကြီးအုန်းကျော်မြင့်၏ နိုင်ငံတော်ပုန်ကန်မှု၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီအား ဖျက်ဆီးရန် ကြံစည်မှုများတွင် သတင်းထိမ်ချန်သည်ဟု စွပ်စွဲကာ ထောင်ဒဏ် ၇ နှစ်ချမှတ်ခံခဲ့ရသည့် ပုဂ္ဂိုလ်လည်းဖြစ်သည်။ ၆၈ ကြိမ်မြောက် အာဇာနည်နေ့ အခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မနက်ပိုင်း၌ NLD ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်နေအိမ်တွင် သံဃာတော်များအား ဆွမ်းကပ်လှူ ဒါနပြုခဲ့ပြီး နေ့လယ်၌ အဖွဲ့ချုပ်ရုံး၌ပြုလုပ်ရာ နိုင်ငံရေးပါတီများမှကိုယ်စားလှယ်များ၊ နိုင်ငံတကာသံတမန်များအပြင် ပြည်သူလူထုအများအပြား တက်ရောက်ခဲ့ကြသည်။ "ကျွန်မတို့ အင်အားရှိလေ နိုင်ငံအင်အားရှိလေဆိုပြီးတော့ ဖြစ်ရပါလိမ့်မယ်။ ကျွန်မတို့အင်အားရှိလေ တစ်ဦးချင်း တစ်ဦးချင်း ချမ်းသာလေဆိုတဲ့ စိတ်ဓာတ်ရှိသူတွေ ခုကတည်းက အဖွဲ့ချုပ်နားမကပ်ပါနဲ့လို့ မေတ္တာရပ်ခံပါရစေ။ ကျွန်မတို့ အာဇာနည်ခေါင်းဆောင်ကြီးတွေ ပေးထားတဲ့ အမွေအနှစ်ဟာ စိတ်ဓာတ်ပဲဖြစ်ပါတယ်။ စိတ်ဓာတ်ဆိုတာဟာ အာဇာနည်စိတ်ဓာတ်တင်မကဘူး။ ကျွန်မတို့နိုင်ငံ အင်မတန်အခက်အခဲနဲ့ တွေ့ကြုံနေရတဲ့အခါမှာ၊ ဆင်းရဲဒုက္ခတွေ့ကြုံနေတဲ့အခါမှာ ငါတို့မှာ ဒီလိုခေါင်းဆောင်တွေရှိခဲ့တယ်ဆိုတဲ့ အင်အားကိုဖက်တွယ်ထားလို့ရပါတယ်"ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်က NLD ပါတီဌာနချုပ်တွင် ပြုလုပ်သည့် ၆၈ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားတွင် ပြောကြားသည်။ ______________ သံတော်ဆင့်ဂျာနယ်မှ ____________________

No comments: