Sunday, July 26, 2015

KIA အဖွဲ့မှ ကျေးရွာများအတွင်း အမာခံများအား စေလွှတ်ကာ ဆက်ကြေးငွေ ကောက်ခံခိုင်း

KIA အဖွဲ့မှ ကျေးရွာများအတွင်း အမာခံများအား စေလွှတ်ကာ ဆက်ကြေးငွေ ကောက်ခံခိုင်း ဇူလိုင် ၂၆ ရက်၊ ၂၀၁၅ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကျေးရွာများအတွင်း ဆက်ကြေးငွေများ ကောက်ခံရန် KIA အဖွဲ့မှ အမာခံ များ စေလွှတ်ထားကြောင်း ယင်းဒေသခံရွာသားများထံမှ သိရသည်။ KIAအဖွဲ့မှ စေလွှတ်လိုက်သော အမာခံများသည် ဇူလိုင်လ ၂၄ ရက်နေ့တွင် နန့်ဟိုင်ကျေးရွာသို့ ရောက်ရှိ လာပြီး အုပ်ချုပ်ရေးမှူးနှင့် ရွာသူ/ရွာသားများအားခေါ်၍ ကျေးရွာအတွင်းရှိ လုပ်ငန်းရှင်များ၊ ဈေးဆိုင်များနှင့် ယာဉ်ကြီး/ယာဉ်ငယ် ပိုင်ရှင်များအနေဖြင့် ဆက်ကြေးငွေများအား ဇူလိုင်လကုန်အပြီး လာရောက် ပေး ဆောင်ရန်နှင့် ပေးဆောင်ရန်ပျက်ကွက်ပါက အပြစ်ပေးသွားမည်ဟု ပြောကြားသွားကြောင်း ကျေးရွာအုပ်ချုပ် ရေးမှူးထံမှ သိရှိရပါသည်။ “KIAအဖွဲ့က ကျွန်တော်တို့ကို ဆက်ကြေးငွေတွေ အတင်းအကြပ်တောင်း ခံနေတယ်၊ စိတ်ညစ်လိုက်တာဗျာ၊ ဆိုင်ဆိုပေမယ့် တောင်ယာကထွက်တဲ့ အသီးအနှံတွေနဲ့ မုန့်ပဲသရေစာလောက်ပဲ ရောင်းချနေတာပါ၊ စားဝတ် နေရေးအတွက် အနိုင်နိုင်ရှာနေရတာပါ၊ သူတို့တောင်းတဲ့ဆက်ကြေးကို မပေးပြန်ရင်လည်း ဖမ်းဆီးခေါ်ဆောင် သွားပြီး လူသစ်အဖြစ်စေခိုင်း တာတွေ ပြုလုပ်မှာကို စိုးရိမ်ကြောက်ရွံ့လို့သာ ပေးနေရတာပါ” ဟု ဈေးဆိုင် ပိုင်ရှင်တစ်ဦးက ပြောကြားပါသည်။ KIA အဖွဲ့အနေဖြင့် ယခုကဲ့သို့ ဆက်ကြေးငွေနှင့် အခြားအစားအသောက် များအား မကြာခဏ ကောက်ခံ နေသောကြောင့် ဒေသခံရွာသားများမှာ ပေးဆောင်ရန် အခက်အခဲများရှိသဖြင့် တချို့ရွာသားများမှာ ဖားကန့် မြို့ပေါ်သို့ ပြောင်းရွှေ့သွားကြပြီဖြစ်ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးထံမှ သိရှိရပါသည်။ ဆိုင်နော်(ဖားကန့်) KIA အဖွဲ့မှ ကျေးရွာများအတွင်း အမာခံများအား စေလွှတ်ကာ ဆက်ကြေးငွေ ကောက်ခံခိုင်း ဇူလိုင် ၂၆ ရက်၊ ၂၀၁၅ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကျေးရွာများအတွင်း ဆက်ကြေးငွေများ ကောက်ခံရန် KIA အဖွဲ့မှ အမာခံ များ စေလွှတ်ထားကြောင်း ယင်းဒေသခံရွာသားများထံမှ သိရသည်။ KIAအဖွဲ့မှ စေလွှတ်လိုက်သော အမာခံများသည် ဇူလိုင်လ ၂၄ ရက်နေ့တွင် နန့်ဟိုင်ကျေးရွာသို့ ရောက်ရှိ လာပြီး အုပ်ချုပ်ရေးမှူးနှင့် ရွာသူ/ရွာသားများအားခေါ်၍ ကျေးရွာအတွင်းရှိ လုပ်ငန်းရှင်များ၊ ဈေးဆိုင်များနှင့် ယာဉ်ကြီး/ယာဉ်ငယ် ပိုင်ရှင်များအနေဖြင့် ဆက်ကြေးငွေများအား ဇူလိုင်လကုန်အပြီး လာရောက် ပေး ဆောင်ရန်နှင့် ပေးဆောင်ရန်ပျက်ကွက်ပါက အပြစ်ပေးသွားမည်ဟု ပြောကြားသွားကြောင်း ကျေးရွာအုပ်ချုပ် ရေးမှူးထံမှ သိရှိရပါသည်။ “KIAအဖွဲ့က ကျွန်တော်တို့ကို ဆက်ကြေးငွေတွေ အတင်းအကြပ်တောင်း ခံနေတယ်၊ စိတ်ညစ်လိုက်တာဗျာ၊ ဆိုင်ဆိုပေမယ့် တောင်ယာကထွက်တဲ့ အသီးအနှံတွေနဲ့ မုန့်ပဲသရေစာလောက်ပဲ ရောင်းချနေတာပါ၊ စားဝတ် နေရေးအတွက် အနိုင်နိုင်ရှာနေရတာပါ၊ သူတို့တောင်းတဲ့ဆက်ကြေးကို မပေးပြန်ရင်လည်း ဖမ်းဆီးခေါ်ဆောင် သွားပြီး လူသစ်အဖြစ်စေခိုင်း တာတွေ ပြုလုပ်မှာကို စိုးရိမ်ကြောက်ရွံ့လို့သာ ပေးနေရတာပါ” ဟု ဈေးဆိုင် ပိုင်ရှင်တစ်ဦးက ပြောကြားပါသည်။ KIA အဖွဲ့အနေဖြင့် ယခုကဲ့သို့ ဆက်ကြေးငွေနှင့် အခြားအစားအသောက် များအား မကြာခဏ ကောက်ခံ နေသောကြောင့် ဒေသခံရွာသားများမှာ ပေးဆောင်ရန် အခက်အခဲများရှိသဖြင့် တချို့ရွာသားများမှာ ဖားကန့် မြို့ပေါ်သို့ ပြောင်းရွှေ့သွားကြပြီဖြစ်ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးထံမှ သိရှိရပါသည်။ ဆိုင်နော်(ဖားကန့်)

No comments: