Thursday, July 30, 2015

သူမကို နားမလည်ကြသူများ ==================

သူမကို နားမလည်ကြသူများ ================== (၁) ကမ္ဘာကျော်ရုပ်ရှင်မင်းသမီး (Angelina Jolie) အင်ဂျလီနာဂျိုလီဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖိတ်ကြားချက်အရ မြန်မာပြည်ကိုလာပြီး ဦးသိန်းစိန် ဦးရွှေမန်းတို့နဲ့တွေ့ခဲ့တဲ့သတင်းတွေကို EMG သတင်းပေ့ခ်ျတွေမှာဖတ်လိုက်ရပါတယ်၊ သတင်းတွေအရဆိုရင်... ဂျိုလီဟာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်အနေနဲ့ပါ မြန်မာနိုင်ငံကိုလာရောက်ခဲ့တာဖြစ်ပါ တယ်.... သူမရောက်လာတဲ့ရည်ရွယ်ချက်ကလဲ ရှင်းပါတယ်၊ အမျိုးသမီးနဲ့ကလေးငယ်တွေရဲ့အခွင့်အရေးကိစ္စ၊ လူမှုအဖွဲ့အစည်းတွေနဲ့တွေ့ဆုံဖို့နဲ့ ၊တရားဥပဒေစိုးမိုးရေး ကိစ္စတွေအပါဝင် ပြောင်းရွှေ့ခံရတဲ့သူတွေ၊ လူငယ်တွေရဲ့ မျှော်လင့်ချက်တွေကို လေ့လာဖို့ ဆိုပြီး ပြောဆိုခဲ့ပါတယ်၊ သူမဟာ ညနေပိုင်းမှာ ရခိုင်ပြည်နယ်ကိုသွားမှာဖြစ်ပါတယ်၊ နက်ဖန် စစ်တွေက ပြည်တွင်းဒုက္ခသည်စခန်းတွေကို ကြည့်ပြီး နောက်တစ်နေ့မှာ မြစ်ကြီးနားမှာရှိတဲ့ ဒုက္ခသည်စခန်းတွေကိုကြည့်မယ်လို့ 7Days မှာ ဖတ်လိုက်ရပါတယ်၊ မီဒီယာတွေက ဖေါ်ပြခဲ့တဲ့ ... သူမရဲ့ခရီးစဉ်ဟာမထူးဆန်းပေမဲ့ ... ထူးဆန်းတာတွေတွေ့လာရပါတယ်.. ----------------------------- (၂) ဘာတွေလဲဆိုတော့... ကမ္ဘာနိုင်ငံတော်တော်များများမှာ.. ကိုယ့်စားရိတ်ကိုယ်စိုက်၊ ကိုယ့်ငွေကိုယ်လှူပြီး.. ကမ္ဘာအနှံ့ပရဟိတလုပ်နေတဲ့ ကမ္ဘာကျော်တစ်ယောက် မြန်မာနိုင်ငံကိုလာတာကို မုဒိတာမပွားတဲ့အပြင် တစ်ချို့သောသူတွေဟာ ဝေဘန်နေကြတာပါပဲ..၊ အင်ဂျလီနာဂျိုလီ ရခိုင်သွားရင်ပဲ ရိုဟင်ဂျာတွေ အခွင့်အရေးရမလိုလို ဇာတ်ကွက်တွေထွင်ပြီး. အင်ဂျလီနာဂျိုလီကို ကုလားအားပေးအထာနဲ့ ဇာတ်လမ်းဇာတ်ကွက်တွေစလာကြ သလို.. အင်ဂျလီနာဂျိုလီကိုဖိတ်ခေါ်တဲ့ဒေါ်စုကိုပါ ဇာတ်ကွက်ထဲ ဆွဲသွင်းလာပြန်ပါတယ်.. ဒီအနေအထားတွေကိုတွေ့မြင်ရလေလေ ကျွန်တော်တို့နိုင်ငံကိုပညာရည်နိမ့်ကျတဲ့ သူတွေဦးဆောင်ခဲ့တဲ့အတွက် မျိုးဆက်အချို့ရဲ့ အတွေးအခေါ်တွေ နိမ့်ကျလာတာတွေကို သက်သေပြနေပါတယ်.. အဲဒီနလပိန်းတုန်းတွေ မသိတဲ့အချက်ကတော့ ကမ္ဘာကျော်ရုပ်ရှင်မင်းသမီး အင်ဂျလီနာဂျိုလီနဲ့ ပတ်သက်တဲ့အကြောင်းအရာတစ်ချို့ပါပဲ... ------------------------- (၃) အင်ဂျလီနာဂျိုလီဟာ ကမ္ဘာအရပ်ရပ်မှာရှိတဲ့ အမျိုးသမီးအခွင့်အရေးနဲ့ ကလေးသူငယ်အခွင့် အရေးတွေအတွက် ငွေအင်အားသာမက သူမကိုယ်တိုင် ခက်ခဲကြမ်းတမ်းတဲ့နေရာတွေကိုကိုယ်တိုင်သွားပြီး အတတ်နိုင်ဆုံးပံ့ပိုးလုပ်ကိုင်ခဲ့ပါတယ်.. ထူးခြားမှုကတော့ ဘယ်လောက်ပင်ပန်းကြမ်းတမ်း တဲ့ခရီးပင်ဖြစ်ပါစေ အပင်ပန်းခံသွားရောက်တာဖြစ်ပါတယ်..၊ (အခုမြန်မာပြည်လာတဲ့ခရီးစဉ်အရလဲ မိုးတွင်းကာလမှာ ရခိုင်ပြည်နယ်နဲ့ ကချင်ပြည်နယ်တို့ သွားမှာဖြစ်ပါတယ်) သူမဟာ သားအိမ်ကင်ဆာကြောင့်သေဆုံးသွားတဲ့ မိခင်ကြီးအတွက်ယူကျုံးမရဖြစ်ရာကစပြီး .. အမျိုးသမီးကျန်းမာရေးနဲ့အခွင့်အရေးအတွက်တိုက်ပွဲဝင်သူ တစ်ယောက်ဖြစ်လာသလို ကလေးသူငယ်တွေနဲ့ လူငယ်တွေရဲ့ တိုးတက်ရေးအတွက်လဲ ဖေါင်ဒေးရှင်း တွေထူထောင်ပြီး ပရဟိတလုပ်နေသူဖြစ်ပါတယ်.. သူမကိုယ်တိုင်ဟာ ဟောလီးဝုဒ်မှာ သရုပ်ဆောင်ကြေး အမြင့်ဆုံး ရုပ်ရှင်မင်းသမီးဖြစ်နေပေမဲ့... သူမရဲ့စိတ်ရင်းဟာ..မော်ကြွားလိုစိတ်မရှိသူဖြစ်ပြီး ဟောလီးဝုဒ်ကို ရှောင်ရှားရင်းနဲ့ နမီးဘီးယားက ဒုက္ခသည်တွေ အနားမှာ သမီးဦးလေးမွေးခဲ့ပါတယ်... အာဖရိကတိုက်က ဒုက္ခသည်တွေကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်ကူညီရင်း အာရှနိုင်ငံတွေက ဆင်းရဲတဲ့ မိဘမဲ့ကလေးတွေကို သွေးသားအရင်းနှင့် မခြား မွေးစားခဲ့သူလဲဖြစ်ပါတယ်.. စိတ်မကောင်းစရာကတော့ သူမကိုယ်တိုင်က ၈၇ရာနှုန်း ရင်သားကင်ဆာ ဖြစ်နိုင်ခြေ ၊ ၅၀ရာနှုန်း သားအိမ်ကင်ဆာ ဖြစ်နိုင်ခြေရှိတဲ့ .. မျိုးရိုးဗီဇ BRCA1 ကို ပိုင်ဆိုင်နေတာဖြစ်ပါတယ်.... အဲဒါကြောင့် သူမရဲ့ လူမျိုးမတူသားသမီး ခြောက်ယောက် လူလားမမြောက်ခင်မှာ ကင်ဆာကြောင့်.. လောကကိုမစွန့်ခွါချင်သူ တစ်ယောက်ဖြစ်ပါတယ်... အဲဒီအတွက်လဲ ဘာသာလူမျိုးမခွဲပဲ ပရဟိတအလုပ်တွေ ဒုက္ခသည်ဆိုင်ရာအကူအညီတွေ၊ လူငယ်တွေအရည်အသွေး တိုးတက်စေတဲ့လုပ်ငန်းတွေကို အသက်သေဆုံးချိန်အထိ အတတ်နိုင်ဆုံးလုပ်ကိုင်သွားဖို့ဆုံးဖြတ်ထားသူဖြစ်ပြီး နိုင်ငံတကာ ပရဟိတအဖွဲ့စည်းမျိုးစုံမှာ ပါဝင်လှုပ်ရှား နေသူတစ်ဦးဖြစ်တဲ့အတွက် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးက UNHCR ambassadorship အဖြစ်ခန့်အပ်ခဲ့ပါတယ်၊ ထူးခြားတာက ကမ္ဘောဒီးယားဒုက္ခသည်တွေကိုကူညီပြီး သနားညှာတာတာကအစပြုလို့ ကမ္ဘောဒီးယားနိုင်ငံသား အဖြစ်လဲ ခံယူထားသူဖြစ်ပါတယ်..၊ အတွေးအခေါ်သိမ်ဖျဉ်းတဲ့သူတွေမသိတဲ့အချက်ကတော့ သူမဟာ ထိုင်းမြန်မာနပ်စပ်မှာရှိတဲ့ မြန်မာဒုက္ခသည်စခန်းကို နှစ်ကြိမ်လာရောက်ပြီး မြန်မာလူမျိုးဒုက္ခသည်များရဲ့ အရေးတွေလဲလုပ်ဆောင်ခဲ့တယ်ဆိုတဲ့အချက်ပဲဖြစ်ပါတယ်.. ဒီလောက်ဆိုရင် ဟောလီးဝုဒ်ရဲ့အတောက်ပဆုံး ကြယ်တစ်ပွင့် ဖြစ်တဲ့အပြင်..လေးစားစရာလဲဖြစ်တဲ့ သူမရဲ့အနေအထားနဲ့အဆင့်အတန်းကို သိလောက်ပြီထင်ပါတယ် --------------------------------- (၄) အခုဆိုရင် အင်ဂျလီနာဂျိုလီရဲ့ခရီးစဉ်ကိုမူတည်ပြီး ရခိုင်ပြည်နယ် ရောက်တာနဲ့...ဖွတ်တွေဟာ.. ဘင်္ဂလီဇာတ်လမ်းကိုဖွပြီး တံဆိပ်ကပ်ဖို့စီစဉ်နေပေမဲ့.. ရာသီဥတုကြောင့် စစ်တွေကို သူမ မသွားဖြစ်တော့ဘူးလို့သိရပါတယ် ဖွတ်တွေအနေနဲ့ ဂျိုလီရဲ့ ရခိုင်ခရီးစဉ်အပေါ်.. ဘာသာရေးဇာတ်ကွက်ဆင်တဲ့ဇာတ်လမ်းတွေ လုပ်ဖို့ အကွက်ချနေပေမဲ့.. သူတို့အမှန်တကယ်စိတ်ထဲမှာ စိုးရိမ်နေတာက အားလုံးခန့်မှန်းမိတဲ့အတိုင်း မြစ်ကြီးနား ခရီးစဉ်ဖြစ်ပါတယ်..... မြစ်ကြီးနားမှာ အမျိုးသမီးဆိုင်ရာအကြမ်းဖက်မှုတွေ ဘယ်လောက်သတင်းထွက်ခဲ့သလဲဆိုတာ.. လေ့လာသူတိုင်းသိကြမှာပါ.. --------------------- (၅) အချုပ်ပြောရရင်...အခုအမျိုးချစ်တယ် လို့အော်နေတဲ့ ဖွတ်တွေရဲ့ ဘဘတွေဖြစ်တဲ့ ဦးသန်းရွှေနဲ့ ဦးခင်ညွန့် စတဲ့ စစ်အာဏာရှင်အနွယ်ဘဘတွေရဲ့ မိန်းမတွေတောင် သူများပေးစာကမ်းစာကိုစားပိုးနင့်အောင်စားဖို့ ကလွဲရင် ပြစရာလောက်လောက်လားလား လုပ်ဆောင်ခဲ့တာတစ်ခုမှရှိတာမဟုတ်ကြပါဘူး၊ တိုင်းပြည်ကိုနည်းအမျိုးမျိုးနဲ့ရောင်းစားလို့ရနေတဲ့ သယံဇာတတွေကို သူခိုးဈေးနဲ့ရောင်းလို့ရနေကြတဲ့ ငွေကြေးတွေကိုအရင်းပြုပြီး ကိုယ့်ဘ၀ကိုယ်တန်ဆာ ဆင်ဖို့ကလွဲရင် ဘာမှလုပ်ကိုင်တတ်ကြတဲ့မိန်းမတွေ မဟုတ်ကြပါဘူး.. ကိုယ့်တိုင်းပြည်ကိုယ်လူမျိုးကို မချစ်လို့ သူတို့တွေ ထားစရာနေရာမရှိအောင်ချမ်းသာတယ် လို့ပဲမှတ်ပါတယ်..၊ အဲဒီအနေအထားကိုသိသိကြီးနဲ့ သခင်အားရကျွန်ပါးဝ ဆိုသလို ဖွတ်ကြီးဖွတ်ငယ်တွေဟာ အင်ဂျလီနာဂျိုလီကို သတ်သတ် အပုတ်ချဝါဒဖြန့်နေကြတာကိုတွေ့တဲ့အခါ.. ဦးသန်းရွှေမိန်းမ ဒေါ်ကြိုင်ကြိုင်နဲ့ ဦးသန်းရွှေသမီးတွေ အိမ်သာတက်ရင် ကမုတ်ပေါ်ကို.. တစ်ရှူးတွေခင်းပေးရတဲ့ဖွတ်ကတော်တွေရဲ့ ဘ၀မျိုးတွေ.. ကာချုပ်မိန်းမက တစ်ချက်ညိုငြင်တာနဲ့.. မြောင်းထဲရောက်သွားမလို ခံစားနေရတဲ့ဘ၀မျိုးတွေကို..ပဲ တမ်းတနေကြတဲ့... နလပိန်းတုန်းတွေ...လဒူတွေ...နွားတွေလို့ပဲ.. မြင်မိပါကြောင်း pa rit/ သူမကို နားမလည်ကြသူများ ================== (၁) ကမ္ဘာကျော်ရုပ်ရှင်မင်းသမီး (Angelina Jolie) အင်ဂျလီနာဂျိုလီဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖိတ်ကြားချက်အရ မြန်မာပြည်ကိုလာပြီး ဦးသိန်းစိန် ဦးရွှေမန်းတို့နဲ့တွေ့ခဲ့တဲ့သတင်းတွေကို EMG သတင်းပေ့ခ်ျတွေမှာဖတ်လိုက်ရပါတယ်၊ သတင်းတွေအရဆိုရင်... ဂျိုလီဟာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်အနေနဲ့ပါ မြန်မာနိုင်ငံကိုလာရောက်ခဲ့တာဖြစ်ပါ တယ်.... သူမရောက်လာတဲ့ရည်ရွယ်ချက်ကလဲ ရှင်းပါတယ်၊ အမျိုးသမီးနဲ့ကလေးငယ်တွေရဲ့အခွင့်အရေးကိစ္စ၊ လူမှုအဖွဲ့အစည်းတွေနဲ့တွေ့ဆုံဖို့နဲ့ ၊တရားဥပဒေစိုးမိုးရေး ကိစ္စတွေအပါဝင် ပြောင်းရွှေ့ခံရတဲ့သူတွေ၊ လူငယ်တွေရဲ့ မျှော်လင့်ချက်တွေကို လေ့လာဖို့ ဆိုပြီး ပြောဆိုခဲ့ပါတယ်၊ သူမဟာ ညနေပိုင်းမှာ ရခိုင်ပြည်နယ်ကိုသွားမှာဖြစ်ပါတယ်၊ နက်ဖန် စစ်တွေက ပြည်တွင်းဒုက္ခသည်စခန်းတွေကို ကြည့်ပြီး နောက်တစ်နေ့မှာ မြစ်ကြီးနားမှာရှိတဲ့ ဒုက္ခသည်စခန်းတွေကိုကြည့်မယ်လို့ 7Days မှာ ဖတ်လိုက်ရပါတယ်၊ မီဒီယာတွေက ဖေါ်ပြခဲ့တဲ့ ... သူမရဲ့ခရီးစဉ်ဟာမထူးဆန်းပေမဲ့ ... ထူးဆန်းတာတွေတွေ့လာရပါတယ်.. ----------------------------- (၂) ဘာတွေလဲဆိုတော့... ကမ္ဘာနိုင်ငံတော်တော်များများမှာ.. ကိုယ့်စားရိတ်ကိုယ်စိုက်၊ ကိုယ့်ငွေကိုယ်လှူပြီး.. ကမ္ဘာအနှံ့ပရဟိတလုပ်နေတဲ့ ကမ္ဘာကျော်တစ်ယောက် မြန်မာနိုင်ငံကိုလာတာကို မုဒိတာမပွားတဲ့အပြင် တစ်ချို့သောသူတွေဟာ ဝေဘန်နေကြတာပါပဲ..၊ အင်ဂျလီနာဂျိုလီ ရခိုင်သွားရင်ပဲ ရိုဟင်ဂျာတွေ အခွင့်အရေးရမလိုလို ဇာတ်ကွက်တွေထွင်ပြီး. အင်ဂျလီနာဂျိုလီကို ကုလားအားပေးအထာနဲ့ ဇာတ်လမ်းဇာတ်ကွက်တွေစလာကြ သလို.. အင်ဂျလီနာဂျိုလီကိုဖိတ်ခေါ်တဲ့ဒေါ်စုကိုပါ ဇာတ်ကွက်ထဲ ဆွဲသွင်းလာပြန်ပါတယ်.. ဒီအနေအထားတွေကိုတွေ့မြင်ရလေလေ ကျွန်တော်တို့နိုင်ငံကိုပညာရည်နိမ့်ကျတဲ့ သူတွေဦးဆောင်ခဲ့တဲ့အတွက် မျိုးဆက်အချို့ရဲ့ အတွေးအခေါ်တွေ နိမ့်ကျလာတာတွေကို သက်သေပြနေပါတယ်.. အဲဒီနလပိန်းတုန်းတွေ မသိတဲ့အချက်ကတော့ ကမ္ဘာကျော်ရုပ်ရှင်မင်းသမီး အင်ဂျလီနာဂျိုလီနဲ့ ပတ်သက်တဲ့အကြောင်းအရာတစ်ချို့ပါပဲ... ------------------------- (၃) အင်ဂျလီနာဂျိုလီဟာ ကမ္ဘာအရပ်ရပ်မှာရှိတဲ့ အမျိုးသမီးအခွင့်အရေးနဲ့ ကလေးသူငယ်အခွင့် အရေးတွေအတွက် ငွေအင်အားသာမက သူမကိုယ်တိုင် ခက်ခဲကြမ်းတမ်းတဲ့နေရာတွေကိုကိုယ်တိုင်သွားပြီး အတတ်နိုင်ဆုံးပံ့ပိုးလုပ်ကိုင်ခဲ့ပါတယ်.. ထူးခြားမှုကတော့ ဘယ်လောက်ပင်ပန်းကြမ်းတမ်း တဲ့ခရီးပင်ဖြစ်ပါစေ အပင်ပန်းခံသွားရောက်တာဖြစ်ပါတယ်..၊ (အခုမြန်မာပြည်လာတဲ့ခရီးစဉ်အရလဲ မိုးတွင်းကာလမှာ ရခိုင်ပြည်နယ်နဲ့ ကချင်ပြည်နယ်တို့ သွားမှာဖြစ်ပါတယ်) သူမဟာ သားအိမ်ကင်ဆာကြောင့်သေဆုံးသွားတဲ့ မိခင်ကြီးအတွက်ယူကျုံးမရဖြစ်ရာကစပြီး .. အမျိုးသမီးကျန်းမာရေးနဲ့အခွင့်အရေးအတွက်တိုက်ပွဲဝင်သူ တစ်ယောက်ဖြစ်လာသလို ကလေးသူငယ်တွေနဲ့ လူငယ်တွေရဲ့ တိုးတက်ရေးအတွက်လဲ ဖေါင်ဒေးရှင်း တွေထူထောင်ပြီး ပရဟိတလုပ်နေသူဖြစ်ပါတယ်.. သူမကိုယ်တိုင်ဟာ ဟောလီးဝုဒ်မှာ သရုပ်ဆောင်ကြေး အမြင့်ဆုံး ရုပ်ရှင်မင်းသမီးဖြစ်နေပေမဲ့... သူမရဲ့စိတ်ရင်းဟာ..မော်ကြွားလိုစိတ်မရှိသူဖြစ်ပြီး ဟောလီးဝုဒ်ကို ရှောင်ရှားရင်းနဲ့ နမီးဘီးယားက ဒုက္ခသည်တွေ အနားမှာ သမီးဦးလေးမွေးခဲ့ပါတယ်... အာဖရိကတိုက်က ဒုက္ခသည်တွေကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်ကူညီရင်း အာရှနိုင်ငံတွေက ဆင်းရဲတဲ့ မိဘမဲ့ကလေးတွေကို သွေးသားအရင်းနှင့် မခြား မွေးစားခဲ့သူလဲဖြစ်ပါတယ်.. စိတ်မကောင်းစရာကတော့ သူမကိုယ်တိုင်က ၈၇ရာနှုန်း ရင်သားကင်ဆာ ဖြစ်နိုင်ခြေ ၊ ၅၀ရာနှုန်း သားအိမ်ကင်ဆာ ဖြစ်နိုင်ခြေရှိတဲ့ .. မျိုးရိုးဗီဇ BRCA1 ကို ပိုင်ဆိုင်နေတာဖြစ်ပါတယ်.... အဲဒါကြောင့် သူမရဲ့ လူမျိုးမတူသားသမီး ခြောက်ယောက် လူလားမမြောက်ခင်မှာ ကင်ဆာကြောင့်.. လောကကိုမစွန့်ခွါချင်သူ တစ်ယောက်ဖြစ်ပါတယ်... အဲဒီအတွက်လဲ ဘာသာလူမျိုးမခွဲပဲ ပရဟိတအလုပ်တွေ ဒုက္ခသည်ဆိုင်ရာအကူအညီတွေ၊ လူငယ်တွေအရည်အသွေး တိုးတက်စေတဲ့လုပ်ငန်းတွေကို အသက်သေဆုံးချိန်အထိ အတတ်နိုင်ဆုံးလုပ်ကိုင်သွားဖို့ဆုံးဖြတ်ထားသူဖြစ်ပြီး နိုင်ငံတကာ ပရဟိတအဖွဲ့စည်းမျိုးစုံမှာ ပါဝင်လှုပ်ရှား နေသူတစ်ဦးဖြစ်တဲ့အတွက် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးက UNHCR ambassadorship အဖြစ်ခန့်အပ်ခဲ့ပါတယ်၊ ထူးခြားတာက ကမ္ဘောဒီးယားဒုက္ခသည်တွေကိုကူညီပြီး သနားညှာတာတာကအစပြုလို့ ကမ္ဘောဒီးယားနိုင်ငံသား အဖြစ်လဲ ခံယူထားသူဖြစ်ပါတယ်..၊ အတွေးအခေါ်သိမ်ဖျဉ်းတဲ့သူတွေမသိတဲ့အချက်ကတော့ သူမဟာ ထိုင်းမြန်မာနပ်စပ်မှာရှိတဲ့ မြန်မာဒုက္ခသည်စခန်းကို နှစ်ကြိမ်လာရောက်ပြီး မြန်မာလူမျိုးဒုက္ခသည်များရဲ့ အရေးတွေလဲလုပ်ဆောင်ခဲ့တယ်ဆိုတဲ့အချက်ပဲဖြစ်ပါတယ်.. ဒီလောက်ဆိုရင် ဟောလီးဝုဒ်ရဲ့အတောက်ပဆုံး ကြယ်တစ်ပွင့် ဖြစ်တဲ့အပြင်..လေးစားစရာလဲဖြစ်တဲ့ သူမရဲ့အနေအထားနဲ့အဆင့်အတန်းကို သိလောက်ပြီထင်ပါတယ် --------------------------------- (၄) အခုဆိုရင် အင်ဂျလီနာဂျိုလီရဲ့ခရီးစဉ်ကိုမူတည်ပြီး ရခိုင်ပြည်နယ် ရောက်တာနဲ့...ဖွတ်တွေဟာ.. ဘင်္ဂလီဇာတ်လမ်းကိုဖွပြီး တံဆိပ်ကပ်ဖို့စီစဉ်နေပေမဲ့.. ရာသီဥတုကြောင့် စစ်တွေကို သူမ မသွားဖြစ်တော့ဘူးလို့သိရပါတယ် ဖွတ်တွေအနေနဲ့ ဂျိုလီရဲ့ ရခိုင်ခရီးစဉ်အပေါ်.. ဘာသာရေးဇာတ်ကွက်ဆင်တဲ့ဇာတ်လမ်းတွေ လုပ်ဖို့ အကွက်ချနေပေမဲ့.. သူတို့အမှန်တကယ်စိတ်ထဲမှာ စိုးရိမ်နေတာက အားလုံးခန့်မှန်းမိတဲ့အတိုင်း မြစ်ကြီးနား ခရီးစဉ်ဖြစ်ပါတယ်..... မြစ်ကြီးနားမှာ အမျိုးသမီးဆိုင်ရာအကြမ်းဖက်မှုတွေ ဘယ်လောက်သတင်းထွက်ခဲ့သလဲဆိုတာ.. လေ့လာသူတိုင်းသိကြမှာပါ.. --------------------- (၅) အချုပ်ပြောရရင်...အခုအမျိုးချစ်တယ် လို့အော်နေတဲ့ ဖွတ်တွေရဲ့ ဘဘတွေဖြစ်တဲ့ ဦးသန်းရွှေနဲ့ ဦးခင်ညွန့် စတဲ့ စစ်အာဏာရှင်အနွယ်ဘဘတွေရဲ့ မိန်းမတွေတောင် သူများပေးစာကမ်းစာကိုစားပိုးနင့်အောင်စားဖို့ ကလွဲရင် ပြစရာလောက်လောက်လားလား လုပ်ဆောင်ခဲ့တာတစ်ခုမှရှိတာမဟုတ်ကြပါဘူး၊ တိုင်းပြည်ကိုနည်းအမျိုးမျိုးနဲ့ရောင်းစားလို့ရနေတဲ့ သယံဇာတတွေကို သူခိုးဈေးနဲ့ရောင်းလို့ရနေကြတဲ့ ငွေကြေးတွေကိုအရင်းပြုပြီး ကိုယ့်ဘ၀ကိုယ်တန်ဆာ ဆင်ဖို့ကလွဲရင် ဘာမှလုပ်ကိုင်တတ်ကြတဲ့မိန်းမတွေ မဟုတ်ကြပါဘူး.. ကိုယ့်တိုင်းပြည်ကိုယ်လူမျိုးကို မချစ်လို့ သူတို့တွေ ထားစရာနေရာမရှိအောင်ချမ်းသာတယ် လို့ပဲမှတ်ပါတယ်..၊ အဲဒီအနေအထားကိုသိသိကြီးနဲ့ သခင်အားရကျွန်ပါးဝ ဆိုသလို ဖွတ်ကြီးဖွတ်ငယ်တွေဟာ အင်ဂျလီနာဂျိုလီကို သတ်သတ် အပုတ်ချဝါဒဖြန့်နေကြတာကိုတွေ့တဲ့အခါ.. ဦးသန်းရွှေမိန်းမ ဒေါ်ကြိုင်ကြိုင်နဲ့ ဦးသန်းရွှေသမီးတွေ အိမ်သာတက်ရင် ကမုတ်ပေါ်ကို.. တစ်ရှူးတွေခင်းပေးရတဲ့ဖွတ်ကတော်တွေရဲ့ ဘ၀မျိုးတွေ.. ကာချုပ်မိန်းမက တစ်ချက်ညိုငြင်တာနဲ့.. မြောင်းထဲရောက်သွားမလို ခံစားနေရတဲ့ဘ၀မျိုးတွေကို..ပဲ တမ်းတနေကြတဲ့... နလပိန်းတုန်းတွေ...လဒူတွေ...နွားတွေလို့ပဲ.. မြင်မိပါကြောင်း pa rit/

No comments: