မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Sunday, July 26, 2015
ကန့်ဘလူမြို့နယ် ရသားကျေးရွာအနီးရှိ ဒေသန္တရအစီအစဉ်ဖြင့် ပြုလုပ်ထားသော တစ်ဖက်ပိတ်ဆည် ရေထိန်းတံခါးကျိုးပေါက်၊ လူ၊ တိရစ္ဆာန် နှင့် နေအိမ်များ ထိခိုက်ပျက်စီးမှုမရှိ
ကန့်ဘလူမြို့နယ် ရသားကျေးရွာအနီးရှိ ဒေသန္တရအစီအစဉ်ဖြင့် ပြုလုပ်ထားသော တစ်ဖက်ပိတ်ဆည် ရေထိန်းတံခါးကျိုးပေါက်၊ လူ၊ တိရစ္ဆာန် နှင့် နေအိမ်များ ထိခိုက်ပျက်စီးမှုမရှိ
===============================================
နေပြည်တော် ဇူလိုင် ၂၅
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်တွင် မိုးသည်း ထန်စွာ ရွာသွန်းမှုကြောင့် ရသားကျေးရွာအနီးရှိခက်လုံချောင်းအား ဒေသန္တရ အစီအစဉ်ဖြင့် ပြုလုပ်ထားသောကျေးလက်ဆည်ရေထိန်းတံခါး ယနေ့နံနက် ၁၁ နာရီခွဲခန့်က ကျိုးပေါက်မှု ဖြစ်ပွားခဲ့သည်။
အဆိုပါ ကျေးလက်ဆည်ရေထိန်းတံခါးမှာ အမြင့် ရှစ်ပေခန့်နှင့် အကျယ် ပေ၂ဝဝ ခန့်ရှိသော တစ်ဖက်ပိတ်ဆည်ဖြစ်ပြီး ဒေသန္တရအစီအစဉ်ဖြင့် ပြုလုပ် ထားခြင်းဖြစ်ကြောင်း၊ ထိုသို့ဖြစ်ပွားမှုကြောင့် လူ၊ တိရစ္ဆာန်နှင့် လူနေအိမ်များ ထိခိုက်ပျက်စီးဆုံးရှုံးမှုမရှိကြောင်းသိရသည်။
ထို့ပြင် မလယ်-ဇီးကုန်း ကားလမ်းမိုင်တိုင်အမှတ် (၇/၅)ရှိ တံတားအမှတ် (၁/၇) ကြံ့ခိုင်တံတား၏ အနောက်ဘက် မြေသားလမ်းအကျယ် ၁ဝ ပေခန့် အရှည် ၁၅ ပေခန့်နှင့် မိုင်တိုင်အမှတ် (၁၁/၅)ရှိ တံတားအမှတ် (၁/၁၁) ချောင်းမကြီးတံတားအနောက်ဘက် မြေသားလမ်းအကျယ်ခုနစ်ပေခန့်၊ အရှည် ၁၅ပေခန့် ရေတိုက်စားပျက်စီးခဲ့ကြောင်း၊ ထန်းတပင်ကျေးရွာအုပ်စု၊ အိုင်လျား ကျေးရွာ တောင်ဘက်ရှိ ရသားချောင်းရေလျှံတက်မှုကြောင့် အိုင်လျားကျေးရွာရှိ လူနေအိမ် ခုနစ်လုံးခန့်တွင် ရေအနက် သုံးပေခန့် ဝင်ရောက်ခဲ့ပြီး ဇီးကုန်း-မလယ်ကျေးရွာသွား ကားလမ်းနှင့် အိုင်လျားကျေးရွာသို့ ဆက်သွယ်ထားသည့် မြေသားလမ်းမှာ ပေ ၂ဝဝဝ ခန့် ရေတိုက်စားခဲ့သဖြင့် ယာဉ်များသွားလာ၍ မရကြောင်း၊ ယင်းရေတိုက်စားမှုကြောင့် လူနေအိမ်အဆောက်အအုံများ၊ ကျွဲ၊ နွား၊ တိရစ္ဆာန်များ ပျက်စီးမှုမရှိကြောင်း သိရသည်။
ရေရှင်ကျေးရွာအုပ်စု ရေရှင်ကျေးရွာတွင်လည်း ရေရှင်ချောင်းရေလျှံ၍ ကျေးရွာ အတွင်းသို့ရေများ လေးပေကျော်ခန့်ဝင်ရောက်ခဲ့ကြောင်း၊ အဆိုပါ ပျက်စီးမှုများကို ဒေသအုပ်ချုပ်ရေးအဖွဲ့များက လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများနှင့် ပူးပေါင်းကာ ကယ်ဆယ်ရေးနှင့် ပြန်လည်ပြုပြင်တည် ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
(သတင်းစဉ်)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment