Friday, July 31, 2015

လမ်းတံတားရေတိုက်စား၍ မန္တလေး-လားရှိုး ရထားများ သီပေါထိသာသွားနိုင် ==================================================

လမ်းတံတားရေတိုက်စား၍ မန္တလေး-လားရှိုး ရထားများ သီပေါထိသာသွားနိုင် ================================================== သီပေါ ဇူလိုင် ၃ဝ ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့နယ်၌ မိုးအဆက်မပြတ်ရွာသွန်း မှုကြောင့် သီပေါနှင့်လားရှိုး ရထားလမ်း မိုင်တိုင် ၅ဝ၉/ ၁၃-၁၄ ရှိ (နမ့်ပေါ့ချောင်း)ရထားတံတားမှာ အလယ်အုတ်ခုံတိမ်းစောင်းသွားသဖြင့် မန္တလေး-လားရှိုး အစုန် အဆန်ရထားများ ရပ်ဆိုင်းထားရပြီး သီပေါအထိသာ ခုတ်မောင်းပြေးဆွဲလျက်သည်။ အဆိုပါရထားလမ်းတံတားကို မြန်မာ့မီးရထားတိုင်း(၃)လက်ထောက် အထွေထွေမန်နေဂျာ ဦးဌေးလှိုင်၊ ရုံးချုပ်မှ ဒုတိယအထွေထွေမန်နေဂျာ(တီဂျီအမ်) ဦးမောင်မောင်သန်းနှင့်တာဝန်ရှိသူများက ကြီးကြပ်၍ အချိန်နှင့်တစ်ပြေးညီ ပြန်လည်ပြင်ဆင်လျက်ရှိသည်ကို ဇူလိုင် ၃ဝ ရက်က တွေ့ရသည်။ မန္တလေး-လားရှိုး အစုန် အဆန်ရထားများ ပုံမှန်သွားလာနိုင်မှုအတွက် ၁ဝ ရက်ခန့် ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။ စိုင်း(သီပေါ) လမ်းတံတားရေတိုက်စား၍ မန္တလေး-လားရှိုး ရထားများ သီပေါထိသာသွားနိုင် ================================================== သီပေါ ဇူလိုင် ၃ဝ ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့နယ်၌ မိုးအဆက်မပြတ်ရွာသွန်း မှုကြောင့် သီပေါနှင့်လားရှိုး ရထားလမ်း မိုင်တိုင် ၅ဝ၉/ ၁၃-၁၄ ရှိ (နမ့်ပေါ့ချောင်း)ရထားတံတားမှာ အလယ်အုတ်ခုံတိမ်းစောင်းသွားသဖြင့် မန္တလေး-လားရှိုး အစုန် အဆန်ရထားများ ရပ်ဆိုင်းထားရပြီး သီပေါအထိသာ ခုတ်မောင်းပြေးဆွဲလျက်သည်။ အဆိုပါရထားလမ်းတံတားကို မြန်မာ့မီးရထားတိုင်း(၃)လက်ထောက် အထွေထွေမန်နေဂျာ ဦးဌေးလှိုင်၊ ရုံးချုပ်မှ ဒုတိယအထွေထွေမန်နေဂျာ(တီဂျီအမ်) ဦးမောင်မောင်သန်းနှင့်တာဝန်ရှိသူများက ကြီးကြပ်၍ အချိန်နှင့်တစ်ပြေးညီ ပြန်လည်ပြင်ဆင်လျက်ရှိသည်ကို ဇူလိုင် ၃ဝ ရက်က တွေ့ရသည်။ မန္တလေး-လားရှိုး အစုန် အဆန်ရထားများ ပုံမှန်သွားလာနိုင်မှုအတွက် ၁ဝ ရက်ခန့် ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။ စိုင်း(သီပေါ)

No comments: