မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Sunday, July 26, 2015
ဖားကန့်ဒေသတွင် မြေစာများ စွန့်ပစ်မှုကြောင့် ကောလာသည့် အဲဗား ရေကန်ကြီးမိုးရေပြည့်လျှံ၍ ကန်ပေါက်ကျရာ ဒေသခံများ ဘေးလွတ်ရာ ပြေးခဲ့ရ

ဇူလိုင် ၂၆ ရက်၊ ၂၀၁၅
ဖားကန့်မြို့မြောက်ဘက်တွင် ရာသီချိန် က ကုမ္ပဏီများမှ စုပေါင်းမြေစာ ပုံအဖြစ် စွန့်ပစ်မြေစာများပစ်ခဲ့ကြသည့် အဲဗားရေကန်ကြီးမှာ မိုးကျလာ ချိန်တွင် မိုးရေများကြောင့် ကန်ပြည့်လျှံလာပြီး ဇူလိုင် ၂၅ ရက် နံနက် အစောပိုင်းက ပေါက်ကျမှုဖြစ်ပေါ်ခဲ့ရာ အောက်ခြေရှိကျေးရွာမှ ပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးခဲ့ရကြောင်း သိရသည်။
အေးမြသာယာရက်ကွက် ဆိုင်းဂျာဘွမ် ကျေးရွာအောက်ခြေရှိ အဲဗား ရေကန်ကြီးမှာ နံနက် ၁ နာရီခန့်တွင် ကန်လျှံတက်၍ ပေါက်ကျမှုဖြစ်ပေါ်ခဲ့ရာ အောက်ခြေကျေးရွာမှ ဒေသခံများ ညတွင်းချင်း ပစ္စည်းများပြောင်း ရွှေ့ကာ ဘေးလွတ်ရာပြေးခဲ့ရကြောင်း၊ အဆိုပါ အဲဗားရေကန်ကြီးပေါက်ကျမှုကြောင့် ရှရော်ခ၊ ရ၀မ်ကုန်း၊ စဗျစ်ခူး၊ ကုလားမှော်၊ တောင်ပြို၊ ဗလခ၊ မန၊ ဖားပြင်၊ ဆန်းကြယ်ကျေးရွာ များအပါအ၀င် ဖားကန့်မြို့ပေါ် ရပ်ကွက်များမှာလည်း စိုးရိမ်နေရကြောင်း သိရသည်။
ရှရော်ခကျေးရွာ စိတ္တသုခကျောင်းတိုက် မှ ဆရာတော် ဦးအာစိဏ္ဏက “မနေ့ညက ၁၂ နာရီထိုးကတည်းက အိပ်လို့မရတော့ပါဘူး။ ရေတွေက အခုအချိန်အထိ စိုးရိမ်ရတဲ့အခြေအနေမှာ ရှိနေပါသေးတယ်။ ဒီက ကျောင်းကန်ဘုရားတွေဟာလည်း စိုးရိမ်ရတယ်။ ဒါ့ အပြင် ကုမ္ပဏီတွေရဲ့ မျက်ကွယ်ပြုတာခံနေရတယ်။ အဲဒီကန်မှာ မြေစာစွန့်ပစ်ခဲ့တဲ့ သက်ဆိုင်ရာကုမ္ပဏီတွေကို ချောင်းဆယ်ပေးဖို့ ခေါ်တာ မလာပါဘူး” ဟု ပြောကြားသည်။
အဆိုပါ ရေကန်ပေါက်ကျရာတွင် ရေမျောကြောင်းသုံးကြောင်း စီးဆင်းခဲ့ပြီး မနဘက်သို့ စီးဆင်းသည့်ရေကြောင်းတွင် ဖားပြင်ကျေးရွာမှ နေအိမ်အချို့ မျောပါသွားခဲ့ကြောင်း၊ ရေအားမှာ နံနက် ၅ နာရီခန့်တွင် လျော့ပါး သွားခဲ့သော်လည်း စိုးရိမ်နေရဆဲဖြစ် ပြီး အထုပ်အပိုးများ ပြင်ဆင်ထား ရကြောင်း ဒေသခံများက ဆိုသည်။
“ရေကန်ပေါက်ကျတဲ့အချိန်မှာ မိုးမရွာလို့ တော်သေးတယ်။ အရင်ရက်တွေ ကဆိုရင် ညတိုင်း မိုးတွေရွာနေတာ။ မိုးသာရွာရင် ကန်က ပေါက်ကျ တဲ့ရေတွေ၊ တောင်ကျရေတွေနဲ့ ကမ်းပါးက ခဏလေးနဲ့ ပြိုသွားမှာ။ ရွာလည်း မြုပ်သွားမှာ ကျိန်းသေတယ်” ဟု ဒေသခံတစ်ဦးက ပြောကြား သည်။
ယင်းရေကန်ကြီးအား ကုမ္ပဏီမှ စွန့်ပစ်မြေစာများ ဖို့နေချိန်တွင် ဒေသခံများက ရပ်တန့်ရန် ကန့်ကွက်ခဲ့ကြရာ သက်ဆိုင်ရာဌာနမှ လူတချို့ လာရောက်ကြည့်ရှုခဲ့သော်လည်း ဆက်လက် လုပ်ကိုင်ခဲ့ကြောင်း သိရသည်။
ဖားကန့်ဒေသ၌ လုပ်ကိုင်နေကြသော ကျောက်မျက်ကုမ္ပဏီလုပ်ငန်းများမှာ သတ္တု တွင်းဥပဒေကို လေးစားလိုက်နာခြင်းမရှိဘဲ စည်းကမ်းမဲ့ မြေစာများစွန့်ပစ်နေကြကြောင်း ဒေသခံများက ဝေဖန်နေကြပြီး ဇူလိုင် ၂၃ ရက်ကလည်း ဆိုင်းတောင်ရွာဟောင်းကျေး ရွာတွင် ဝှေခါချောင်းအား စွန့်ပစ်မြေစာများ ပိတ်ဆို့မှုဖြစ်ပေါ်ကာ ရွာအတွင်း ရေများစီးဝင်လာပြီး နေအိမ် ၂၄ လုံး မျောပါသွားခဲ့ကြောင်း သိရသည်။ ဖားကန့်ဒေသတွင် မြေစာများ စွန့်ပစ်မှုကြောင့် ကောလာသည့် အဲဗား ရေကန်ကြီးမိုးရေပြည့်လျှံ၍ ကန်ပေါက်ကျရာ ဒေသခံများ ဘေးလွတ်ရာ ပြေးခဲ့ရ
ဇူလိုင် ၂၆ ရက်၊ ၂၀၁၅
ဖားကန့်မြို့မြောက်ဘက်တွင် ရာသီချိန် က ကုမ္ပဏီများမှ စုပေါင်းမြေစာ ပုံအဖြစ် စွန့်ပစ်မြေစာများပစ်ခဲ့ကြသည့် အဲဗားရေကန်ကြီးမှာ မိုးကျလာ ချိန်တွင် မိုးရေများကြောင့် ကန်ပြည့်လျှံလာပြီး ဇူလိုင် ၂၅ ရက် နံနက် အစောပိုင်းက ပေါက်ကျမှုဖြစ်ပေါ်ခဲ့ရာ အောက်ခြေရှိကျေးရွာမှ ပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးခဲ့ရကြောင်း သိရသည်။
အေးမြသာယာရက်ကွက် ဆိုင်းဂျာဘွမ် ကျေးရွာအောက်ခြေရှိ အဲဗား ရေကန်ကြီးမှာ နံနက် ၁ နာရီခန့်တွင် ကန်လျှံတက်၍ ပေါက်ကျမှုဖြစ်ပေါ်ခဲ့ရာ အောက်ခြေကျေးရွာမှ ဒေသခံများ ညတွင်းချင်း ပစ္စည်းများပြောင်း ရွှေ့ကာ ဘေးလွတ်ရာပြေးခဲ့ရကြောင်း၊ အဆိုပါ အဲဗားရေကန်ကြီးပေါက်ကျမှုကြောင့် ရှရော်ခ၊ ရ၀မ်ကုန်း၊ စဗျစ်ခူး၊ ကုလားမှော်၊ တောင်ပြို၊ ဗလခ၊ မန၊ ဖားပြင်၊ ဆန်းကြယ်ကျေးရွာ များအပါအ၀င် ဖားကန့်မြို့ပေါ် ရပ်ကွက်များမှာလည်း စိုးရိမ်နေရကြောင်း သိရသည်။
ရှရော်ခကျေးရွာ စိတ္တသုခကျောင်းတိုက် မှ ဆရာတော် ဦးအာစိဏ္ဏက “မနေ့ညက ၁၂ နာရီထိုးကတည်းက အိပ်လို့မရတော့ပါဘူး။ ရေတွေက အခုအချိန်အထိ စိုးရိမ်ရတဲ့အခြေအနေမှာ ရှိနေပါသေးတယ်။ ဒီက ကျောင်းကန်ဘုရားတွေဟာလည်း စိုးရိမ်ရတယ်။ ဒါ့ အပြင် ကုမ္ပဏီတွေရဲ့ မျက်ကွယ်ပြုတာခံနေရတယ်။ အဲဒီကန်မှာ မြေစာစွန့်ပစ်ခဲ့တဲ့ သက်ဆိုင်ရာကုမ္ပဏီတွေကို ချောင်းဆယ်ပေးဖို့ ခေါ်တာ မလာပါဘူး” ဟု ပြောကြားသည်။
အဆိုပါ ရေကန်ပေါက်ကျရာတွင် ရေမျောကြောင်းသုံးကြောင်း စီးဆင်းခဲ့ပြီး မနဘက်သို့ စီးဆင်းသည့်ရေကြောင်းတွင် ဖားပြင်ကျေးရွာမှ နေအိမ်အချို့ မျောပါသွားခဲ့ကြောင်း၊ ရေအားမှာ နံနက် ၅ နာရီခန့်တွင် လျော့ပါး သွားခဲ့သော်လည်း စိုးရိမ်နေရဆဲဖြစ် ပြီး အထုပ်အပိုးများ ပြင်ဆင်ထား ရကြောင်း ဒေသခံများက ဆိုသည်။
“ရေကန်ပေါက်ကျတဲ့အချိန်မှာ မိုးမရွာလို့ တော်သေးတယ်။ အရင်ရက်တွေ ကဆိုရင် ညတိုင်း မိုးတွေရွာနေတာ။ မိုးသာရွာရင် ကန်က ပေါက်ကျ တဲ့ရေတွေ၊ တောင်ကျရေတွေနဲ့ ကမ်းပါးက ခဏလေးနဲ့ ပြိုသွားမှာ။ ရွာလည်း မြုပ်သွားမှာ ကျိန်းသေတယ်” ဟု ဒေသခံတစ်ဦးက ပြောကြား သည်။
ယင်းရေကန်ကြီးအား ကုမ္ပဏီမှ စွန့်ပစ်မြေစာများ ဖို့နေချိန်တွင် ဒေသခံများက ရပ်တန့်ရန် ကန့်ကွက်ခဲ့ကြရာ သက်ဆိုင်ရာဌာနမှ လူတချို့ လာရောက်ကြည့်ရှုခဲ့သော်လည်း ဆက်လက် လုပ်ကိုင်ခဲ့ကြောင်း သိရသည်။
ဖားကန့်ဒေသ၌ လုပ်ကိုင်နေကြသော ကျောက်မျက်ကုမ္ပဏီလုပ်ငန်းများမှာ သတ္တု တွင်းဥပဒေကို လေးစားလိုက်နာခြင်းမရှိဘဲ စည်းကမ်းမဲ့ မြေစာများစွန့်ပစ်နေကြကြောင်း ဒေသခံများက ဝေဖန်နေကြပြီး ဇူလိုင် ၂၃ ရက်ကလည်း ဆိုင်းတောင်ရွာဟောင်းကျေး ရွာတွင် ဝှေခါချောင်းအား စွန့်ပစ်မြေစာများ ပိတ်ဆို့မှုဖြစ်ပေါ်ကာ ရွာအတွင်း ရေများစီးဝင်လာပြီး နေအိမ် ၂၄ လုံး မျောပါသွားခဲ့ကြောင်း သိရသည်။
Eleven Media Group
Subscribe to:
Post Comments (Atom)
No comments:
Post a Comment