Monday, July 27, 2015

ကောလင်းမြို့နယ် ကျေးရွာဒေသခံများ နေရပ်ပြန် ==================================

ကောလင်းမြို့နယ် ကျေးရွာဒေသခံများ နေရပ်ပြန် ================================== ကောလင်း ဇူလိုင် ၂၆ စစ်ကိုင်းတိုင်းဒေသကြီး ကသာ ခရိုင် ကောလင်းမြို့နယ်တွင် မိုးသည်း ထန်စွာရွာသွန်းမှုကြောင့် ကျေးရွာ များ ရေလွှမ်းမှုဖြစ်ပေါ်ရာ ယခုအခါ ရေဝင်ကျေးရွာအချို့တွင် ရေများ လျော့နည်းပြီး မိမိတို့အရပ်ဒေသ များသို့ ပြန်လည်နေထိုင်ကြပြီဖြစ် သည်။ ရေများ ကျဆင်း၍ နေရပ်ပြန် သူများအား ကူးစက်ရောဂါများ မဖြစ်ပွားစေရေးအတွက် ဗဟို ကူးစက်ရောဂါ တိုက်ဖျက်ရေးဌာန (နေပြည်တော်) ဒုတိယညွှန်ကြား ရေးမှူး ဒေါက်တာထွန်းတင် ဦးဆောင်သောအဖွဲ့က ဇူလိုင် ၂၅ ရက်တွင် ကျောက်ကာရွာ၊ မြောင်းကြီး ရွာ၊ တာရွာ၊ လှည်းပွဲရွာများအတွင်း ရှိ စက်ခုံရေတွင်းရေကန် ၆၉ တွင်း ကို ဆေးခတ်ခြင်း၊ ကျန်းမာရေးနှင့် သက်ဆိုင်သောလုပ်ငန်းများ စစ်ဆေး ဆောင်ရွက်ခြင်းများ ဆောင်ရွက် လျက်ရှိသည်။ အလားတူ ပတ်ဝန်းကျင်သန့်ရှင်း ရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာကြည်လွင်ဦး ဦးဆောင် သောအဖွဲ့သည် ဝါးရုံ ခုံရွာ၊ ဆီဆုံရွာ၊ ကသစ်ကုန်းရွာ၊ လက်ပန်ရှိုရွာ၊ အင်ပင်သာရွာ၊ ကပ္ဖလူးရွာ၊ ဇီးကုန်း ရွာ၊ စစ်တောရွာ၊ ထဲထီးသျှိုရွာများ ၌ ရေတွင်း ရေကန် ၇၅ တွင်းကို ဆေးခတ်ခြင်း၊ ကျန်းမာရေးနှင့် သက်ဆိုင်သော လုပ်ငန်းစစ်ဆေး ဆောင်ရွက်ခြင်းများ ဆောင်ရွက် ပေးကြသည်။ အလားတူ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးအောင်ဇော်ဦး၊ ခရိုင်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ ခင်မောင်သန်းနှင့် အဖွဲ့ကလည်း ကောလင်းမြို့နယ်ရှိ အင်ပင်သာ ကျေးရွာအုပ်စုအတွင်း ရေဘေးသင့် ပြည်သူများထံသို့ စက်လှေများဖြင့် သွားရောက်၍ စားသောက်ဖွယ် ရာများ၊ ရေသန့်ဘူးများ၊ အဝတ် အထည်များ ထောက်ပံ့ပေးအပ် သည်။ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး သည် အင်ပင်သာကျေးရွာအုပ်စု ကသစ်ကုန်းကျေးရွာ ဘုန်းတော် ကြီးကျောင်းဓမ္မာရုံ၌ ရေဘေးသင့် ပြည်သူများနှင့်တွေ့ဆုံပြီး ပျက်စီး ဆုံးရှုံးသော လယ်ယာမြေများကို ပြန်လည်ထွန်ယက်စိုက်ပျိုးနိုင်ရေး ဆွေးနွေးမှာကြားသည်။ ယင်းနောက် မြို့နယ်ဆရာ ဝန် ဒေါက်တာ ခင်မောင်သန်းက ကျန်းမာရေး အသိပညာပေး ဟောပြောပြီး ဒေသခံပြည်သူများကို စမ်းသပ်ကုသပေးခဲ့ကြောင်း သိရ သည်။ (မြို့နယ် ပြန်/ဆက်) ကောလင်းမြို့နယ် ကျေးရွာဒေသခံများ နေရပ်ပြန် ================================== ကောလင်း ဇူလိုင် ၂၆ စစ်ကိုင်းတိုင်းဒေသကြီး ကသာ ခရိုင် ကောလင်းမြို့နယ်တွင် မိုးသည်း ထန်စွာရွာသွန်းမှုကြောင့် ကျေးရွာ များ ရေလွှမ်းမှုဖြစ်ပေါ်ရာ ယခုအခါ ရေဝင်ကျေးရွာအချို့တွင် ရေများ လျော့နည်းပြီး မိမိတို့အရပ်ဒေသ များသို့ ပြန်လည်နေထိုင်ကြပြီဖြစ် သည်။ ရေများ ကျဆင်း၍ နေရပ်ပြန် သူများအား ကူးစက်ရောဂါများ မဖြစ်ပွားစေရေးအတွက် ဗဟို ကူးစက်ရောဂါ တိုက်ဖျက်ရေးဌာန (နေပြည်တော်) ဒုတိယညွှန်ကြား ရေးမှူး ဒေါက်တာထွန်းတင် ဦးဆောင်သောအဖွဲ့က ဇူလိုင် ၂၅ ရက်တွင် ကျောက်ကာရွာ၊ မြောင်းကြီး ရွာ၊ တာရွာ၊ လှည်းပွဲရွာများအတွင်း ရှိ စက်ခုံရေတွင်းရေကန် ၆၉ တွင်း ကို ဆေးခတ်ခြင်း၊ ကျန်းမာရေးနှင့် သက်ဆိုင်သောလုပ်ငန်းများ စစ်ဆေး ဆောင်ရွက်ခြင်းများ ဆောင်ရွက် လျက်ရှိသည်။ အလားတူ ပတ်ဝန်းကျင်သန့်ရှင်း ရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာကြည်လွင်ဦး ဦးဆောင် သောအဖွဲ့သည် ဝါးရုံ ခုံရွာ၊ ဆီဆုံရွာ၊ ကသစ်ကုန်းရွာ၊ လက်ပန်ရှိုရွာ၊ အင်ပင်သာရွာ၊ ကပ္ဖလူးရွာ၊ ဇီးကုန်း ရွာ၊ စစ်တောရွာ၊ ထဲထီးသျှိုရွာများ ၌ ရေတွင်း ရေကန် ၇၅ တွင်းကို ဆေးခတ်ခြင်း၊ ကျန်းမာရေးနှင့် သက်ဆိုင်သော လုပ်ငန်းစစ်ဆေး ဆောင်ရွက်ခြင်းများ ဆောင်ရွက် ပေးကြသည်။ အလားတူ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးအောင်ဇော်ဦး၊ ခရိုင်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ ခင်မောင်သန်းနှင့် အဖွဲ့ကလည်း ကောလင်းမြို့နယ်ရှိ အင်ပင်သာ ကျေးရွာအုပ်စုအတွင်း ရေဘေးသင့် ပြည်သူများထံသို့ စက်လှေများဖြင့် သွားရောက်၍ စားသောက်ဖွယ် ရာများ၊ ရေသန့်ဘူးများ၊ အဝတ် အထည်များ ထောက်ပံ့ပေးအပ် သည်။ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး သည် အင်ပင်သာကျေးရွာအုပ်စု ကသစ်ကုန်းကျေးရွာ ဘုန်းတော် ကြီးကျောင်းဓမ္မာရုံ၌ ရေဘေးသင့် ပြည်သူများနှင့်တွေ့ဆုံပြီး ပျက်စီး ဆုံးရှုံးသော လယ်ယာမြေများကို ပြန်လည်ထွန်ယက်စိုက်ပျိုးနိုင်ရေး ဆွေးနွေးမှာကြားသည်။ ယင်းနောက် မြို့နယ်ဆရာ ဝန် ဒေါက်တာ ခင်မောင်သန်းက ကျန်းမာရေး အသိပညာပေး ဟောပြောပြီး ဒေသခံပြည်သူများကို စမ်းသပ်ကုသပေးခဲ့ကြောင်း သိရ သည်။ (မြို့နယ် ပြန်/ဆက်)

No comments: