Tuesday, July 28, 2015

ကျွန်းလှမြို့နယ်အတွင်းရှိ ဘို့ယားဆည်တမံ အမှတ်(၂) အောက်ခြေမှ ရေစိမ့်သော်လည်း စိုးရိမ်ဖွယ်ရာမရှိ ========================================

ကျွန်းလှမြို့နယ်အတွင်းရှိ ဘို့ယားဆည်တမံ အမှတ်(၂) အောက်ခြေမှ ရေစိမ့်သော်လည်း စိုးရိမ်ဖွယ်ရာမရှိ ======================================== ကျွန်းလှ ဇူလိုင် ၂၇ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မိုးအဆက်မပြတ် သည်းထန်စွာရွာသွန်း မှုကြောင့် ဆည်တမံအချို့ ရေလျှံခြင်း၊ မြောင်းပေါင်အချို့ ပြိုကျခြင်းများ ဖြစ်ပေါ်ခဲ့ရာ တိုင်းဒေသကြီးအစိုးရ၏ ညွှန်ကြားမှုဖြင့် ကယ်ဆယ်ရေးလုပ်ငန်း များ၊ ပြန်လည်ပြင်ဆင်ဆောင်ရွက်ရေးလုပ်ငန်းများနှင့် ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်လျက်ရှိသည်။ သို့ဖြစ်ရာ စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်၊ ကျွန်းလှမြို့နယ်အတွင်းရှိ ဘို့ယားဆည်တမံ အမှတ်(၂)တွင် အောက်ခြေမှ ရေအနည်းငယ်စိမ့်ထွက်မှု ဖြစ်ပွားခဲ့ရာ တာဝန်ရှိသူများက အချိန်မီပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက် ခဲ့သဖြင့် ဆည်ပေါင်ကျိုးပေါက်မှုအန္တရာယ်အတွက် စိုးရိမ်စရာမရှိကြောင်း သိရသည်။ ''အဆိုပါ တမံအမှတ်(၂)မှ ရေစိမ့်ထွက်မှုနှင့် ပတ်သက်ပြီး ဒေသခံတစ်ဦး က တမံအမှတ်(၂)အောက်ခြေမှာ ဇူလိုင် ၂၇ ရက် နံနက်ပိုင်းကစပြီး ရေစိမ့် ထွက်လာတယ်။ စိုးရိမ်စရာတော့မရှိပါဘူး။ အရွယ်အစားက တစ်ပေလောက် ရှိတယ်။ ဒါကို အချိန်နဲ့တစ်ပြေးညီ တပ်မတော်သားတွေ၊ ရဲတပ်ဖွဲ့ဝင်တွေ၊ ဆည်မြောင်းဝန်ထမ်းတွေနဲ့ ပူးပေါင်းအဖွဲ့တွေက ပြုပြင်ထိန်းသိမ်းရေးကို ဆောင်ရွက်ခဲ့လို့ အချိန်မီထိန်းသိမ်းနိုင်ခဲ့တယ်။ ပြီးတော့ ရေကင်းကိုလည်း နေ့/ညမပြတ် ထားရှိတဲ့အတွက် စိုးရိမ်စရာမရှိတော့ဘူး'' ဟု ပြောကြား သည်။ (တိုင်းဒေသကြီး ပြန်/ဆက်)

No comments: