Sunday, July 26, 2015

ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသ ကြီးအတွင်း မိုးသည်းထန်စွာ ဆက်လက် ရွာသွန်းမှုကြောင့် ရထားလမ်းများရေနစ်မြုပ်မှု ထပ်မံဖြစ်ပွား ===========================================

ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသ ကြီးအတွင်း မိုးသည်းထန်စွာ ဆက်လက် ရွာသွန်းမှုကြောင့် ရထားလမ်းများရေနစ်မြုပ်မှု ထပ်မံဖြစ်ပွား =========================================== နေပြည်တော် ဇူလိုင် ၂၅ ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသ ကြီးအတွင်း မိုးသည်းထန်စွာ ဆက်လက် ရွာသွန်းမှုကြောင့် ဘုံချောင်း-မဲဇာလမ်းပိုင်း မိုင်တိုင်အမှတ် (၅၇၃/၁၅)မှ (၅၇၄/၁၁) အထိ ရထားသံလမ်းအပေါ် ရေသုံးပေခန့် လွှမ်းမိုးခဲ့သဖြင့်၎င်းလမ်းပိုင်းကို ယနေ့နံနက် ၄ နာရီ မိနစ် ၅ဝ ကလည်းကောင်း၊ မဲဇာ- ဆည်ရွာလမ်းပိုင်း မိုင်တိုင်အမှတ် (၅၈ဝ/၁၇) မှ (၅၈ဝ/၂ဝ)အထိ ရထားသံလမ်းအပေါ် ရေခြောက်လက်မခန့် လွှမ်းမိုးသဖြင့် ¤င်း လမ်းပိုင်းအား ဇူလိုင် ၂၄ ရက် ညနေ ၅ နာရီ မိနစ် ၂၁ က လည်းကောင်း လမ်းများပိတ် ထားခဲ့သည်။ ထို့ပြင် ပင်ဝယ်-မော်လူးကြား မိုင်တိုင် အမှတ် (၆ဝ၂/၆)မှ (၆ဝ၂/၇) အထိ ရထား သံလမ်းအနောက်ဘက်အခြမ်း အလျား ပေ ၄ဝ၊ အကျယ် လေးပေခွဲ၊ အနက် ၂၅ ပေရှိ ရေတိုက်စားမှု ဖြစ်ပေါ်လျက်ရှိသည်။ အဆိုပါ ရထားသံလမ်း ရေလွှမ်းမိုး နစ်မြုပ်သည့်နေရာများသို့ ယနေ့ နံနက်ပိုင်း တွင် RGC- 96 ရထားဖြင့် လိုက်လံစစ်ဆေးပြီး ပင်ဝယ်- မော်လူး ရထားလမ်းပိုင်းရှိ ရေတိုက် စားသည့်နေရာတွင် ကျောက်နှင့် သဲစီခြင်း လုပ်ငန်းများကို အငယ်တန်းအင်ဂျင်နီယာ အဖွဲ့နှင့်အတူ လုပ်သား ၂ဝ တို့ဖြင့် ဆောင် ရွက်ရာ ယနေ့ မွန်းလွဲ ၁ နာရီ ၃၅ မိနစ်တွင် လုပ်ငန်းများ ပြီးစီးခဲ့သည်။ ကံကြီး-ဇော်ချောင်းကြားရှိ ရေဖုံးလွှမ်းမှု ကြောင့် ရထားလမ်းတံတား ပျက်စီးမှုများကို မြန်မာ့မီးရထား တိုင်းအမှတ် (၂)မှ အင်ဂျင် နီယာအဖွဲ့နှင့် မြန်မာ့မီးရထား မလွှကုန်း တံတားအဖွဲ့တို့ ပူးပေါင်းပြင်ဆင်ဆောင်ရွက် လျက်ရှိပြီး ¤င်းလမ်းပိုင်းရှိ ပျက်စီးသွားသော တံတားအမှတ် ၂၈၁၊ ၂၈၂ နှင့် တာပေါင် တို့ကို လိုအပ်သော ကျောက်ထည့်ခြင်း၊ ဇလီ ဖားထည့်ခြင်း၊ သံပေါင်များ သယ်ဆောင်တပ်ဆင်ခြင်းလုပ်ငန်းများကို ဆောင်ရွက် လျက်ရှိရာ လုပ်ငန်းများအားလုံး သြဂုတ် ၃ ရက်တွင် ပြီးစီးမည်ဟု ခန့်မှန်းထား ရှိသည်။ မော်လူး-နန်းကြီးအောင် ရထား လမ်းပိုင်း မိုင်တိုင်အမှတ် (၆၁၇/၁၁)ရှိ ပျက်စီးသွားသော တံတားအမှတ် (၅ဝ၄) ကို မြန်မာ့မီးရထား တိုင်းအမှတ် (၁)မှ အင်ဂျင်နီယာမှူး ဦးစီးသည့် လုပ်သား ၃၂ ဦးတို့ဖြင့် ဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၂၆ ရက်တွင် ပြီးစီးမည်ဟု ခန့်မှန်းထားရှိ သည်။ အဆိုပါ ဖြစ်စဉ်များကြောင့် မိုးညှင်း-ချပ်သင်း ရထားလမ်းပိုင်းများ ပိတ်ထား သော်လည်း မိုးညှင်း-မြစ်ကြီးနား-မိုးညှင်း အထူးရထားနှင့်မန္တလေး-ချပ်သင်း-မန္တလေး အထူးရထားကို ဆက်လက်ပြေးဆွဲပေး လျက်ရှိကြောင်းနှင့် ပျက်စီးသွားသော ရထားလမ်း၊ တံတားပြုပြင်နေမှုများအား အမြန်ဆုံးပြီးစီးနိုင်ရေးအတွက် မြန်မာ့ မီးရထား တာဝန်ရှိသူများက ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ (မြန်မာ့အလင်း)

No comments: